မင်းမော်ကွန်းက ၎င်းကို တစ်ပွင့်တည်းသောနှင်းဆီလို့ ထပ်မပြောကြဖို့နဲ့ နှင်းဆီအဖွဲ့ဝင်များကို ဝေဖန်နေတာတွေရပ်ဖို့တောင်းဆိုလာ

 3785

NP News - ဖေဖော်ဝါရီ ၂၁
နှင်းဆီအငြိမ့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက ၎င်းအနေနဲ့နှင်းဆီအငြိမ့်အဖွဲ့က တရားဝင်နှုတ်ထွက်လိုက်တာ မှန်ကန်ကြောင်းနဲ့ ၎င်းရဲ့ရွေးချယ်မှုကြောင့် အခြားအဖွဲ့ဝင်တွေရဲ့ရပ်တည်မှုအပေါ် မဟုတ်မမှန်ပြောဆို ဝေဖန်နေတာတွေကိုရပ်ကြဖို့ တောင်းဆိုလာပါတယ်။

“မဟုတ်တာတွေမတင်ကြပါနဲ့။ နှင်းဆီက ကျွန်တော်နှုတ်ထွက်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မိသားစု၊ ညီအစ်ကိုတွေပါ။ ထပ်မရေး၊ ထပ်မရှင်းတော့ပါ။ ကြံ့က မပြောတဲ့စကားပါ။ ထပ်ပြီး တစ်ပွင့်ထဲသောနှင်းဆီလို့ မပြောကြပါနဲ့” လို့ မင်းမော်ကွန်းက ၎င်းကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်သွားတဲ့ အကယ်ဒမီမင်းမော်ကွန်းဟာ မြန်မာနိုင်ငံဂီတအစည်းအရုံးအပါအဝင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေ တရားဝင်နှုတ်ထွက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာပဲ ထပ်မံ၍ နှင်းဆီအငြိမ့်အဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့ကနေ တရားဝင်နှုတ်ထွက်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး လွတ်မြောက် နယ်မြေကိုအတူတူရောက်ရှိနေတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများကိုကူညီပေးနေသူ ကိုရဲမင်း(AAC) က ၎င်းကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖေဖော်ဝါရီလ(၉) ရက်၊ ညပိုင်းက အတည်ပြုဖော်ပြခဲ့ပါတယ်။

တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေရောက်နေတဲ့ မင်းမော်ကွန်း နှင်းဆီအဖွဲ့ကနေ နှုတ်ထွက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ နှင်းဆီအဖွဲ့မှာ ကျန်ရှိနေတဲ့ ဒါရိုက်တာမောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး တို့ဟာ လူထုရဲ့ဝေဖန်မှုတွေ ခံနေရပါတယ်။

ဒါ့ကြောင့်လည်း မင်းမော်ကွန်းက နှင်းဆီအဖွဲ့ကနေ သူနဲ့ရပ်တည်ချက်၊ ခံယူချက်မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပေမယ့် အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာတွေကိုလည်းမမေ့သလို ချစ်ခြင်း၊ မုန်းခြင်းမပါဘူးလို့ အရင်ကပြောခဲ့ဖူးသလို အခုတစ်ခေါက်မှာလည်း နှင်းဆီအဖွဲ့ဝင်တွေဟာ သူ့ရဲ့မိသားစု၊ ညီအစ်ကိုတွေ ဖြစ်တယ်လို့ ထပ်မံပြောလာတာကို တွေ့ရပါတယ်။

ဒါ့အပြင် နှင်းဆီအငြိမ့်အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုဝေဖန်နေတာတွေကို ရပ်ဖို့နဲ့ အဆိုပါကိစ္စတွေနဲ့ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းတော့မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

Zawgyi Version;
မင္းေမာ္ကြန္းက ၎ကို တစ္ပြင့္တည္းေသာႏွင္းဆီလို႔ ထပ္မေျပာၾကဖို႔နဲ႔ ႏွင္းဆီအဖြဲ႕ဝင္မ်ားကို ေဝဖန္ေနတာေတြ ရပ္ဖို႔ ေတာင္းဆိုလာ
NP News - ေဖေဖာ္ဝါရီ ၂၁
ႏွင္းဆီအၿငိမ့္အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက ၎အေနနဲ႔ႏွင္းဆီအၿငိမ့္အဖြဲ႕က တရားဝင္ႏႈတ္ထြက္လိုက္တာ မွန္ကန္ေၾကာင္းနဲ႔ ၎ရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္ အျခားအဖြဲ႕ဝင္ေတြရဲ႕ရပ္တည္မႈအေပၚ မဟုတ္မမွန္ေျပာဆို ေဝဖန္ေနတာေတြကိုရပ္ၾကဖို႔ ေတာင္းဆိုလာပါတယ္။

“မဟုတ္တာေတြမတင္ၾကပါနဲ႔။ ႏွင္းဆီက ကြၽန္ေတာ္ႏႈတ္ထြက္တာမွန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က မိသားစု၊ ညီအစ္ကိုေတြပါ။ ထပ္မေရး၊ ထပ္မရွင္းေတာ့ပါ။ ႀကံ့က မေျပာတဲ့စကားပါ။ ထပ္ၿပီး တစ္ပြင့္ထဲေသာႏွင္းဆီလို႔ မေျပာၾကပါနဲ႔” လို႔ မင္းေမာ္ကြန္းက ၎ကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္အေကာင့္မွာ ေရးသားေဖာ္ျပထားပါတယ္။

အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္လမ္းစဥ္ကိုေ႐ြးခ်ယ္သြားတဲ့ အကယ္ဒမီမင္းေမာ္ကြန္းဟာ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးအပါအဝင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္အျဖစ္ကေန တရားဝင္ႏႈတ္ထြက္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ပထမပတ္အတြင္းမွာပဲ ထပ္မံ၍ ႏွင္းဆီအၿငိမ့္အဖြဲ႕ကေန ႏႈတ္ထြက္လိုက္ၿပီဆိုတဲ့ သတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

မင္းေမာ္ကြန္း ႏွင္းဆီအၿငိမ့္အဖြဲ႕ကေန တရားဝင္ႏႈတ္ထြက္လိုက္ၿပီဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီး လြတ္ေျမာက္ နယ္ေျမကိုအတူတူေရာက္ရွိေနတဲ့ ထိုင္းေရာက္ျမန္မာႏိုင္ငံသားမ်ားကိုကူညီေပးေနသူ ကိုရဲမင္း(AAC) က ၎ကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္စာမ်က္ႏွာမွာ ေဖေဖာ္ဝါရီလ(၉) ရက္၊ ညပိုင္းက အတည္ျပဳေဖာ္ျပခဲ့ပါတယ္။

ေတာ္လွန္ေရးအတြက္ လြတ္ေျမာက္နယ္ေျမေရာက္ေနတဲ့ မင္းေမာ္ကြန္း ႏွင္းဆီအဖြဲ႕ကေန ႏႈတ္ထြက္ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္မွာေတာ့ ႏွင္းဆီအဖြဲ႕မွာ က်န္ရွိေနတဲ့ ဒါ႐ိုက္တာေမာင္မ်ိဳးမင္း၊ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္း၊ ရဲေလး တို႔ဟာ လူထုရဲ႕ေဝဖန္မႈေတြ ခံေနရပါတယ္။

ဒါ့ေၾကာင့္လည္း မင္းေမာ္ကြန္းက ႏွင္းဆီအဖြဲ႕ကေန သူနဲ႔ရပ္တည္ခ်က္၊ ခံယူခ်က္မတူသူေတြနဲ႔ လမ္းခြဲလိုက္တာျဖစ္ေပမယ့္ အႏုပညာအလုပ္ေတြ အတူလုပ္ခဲ့ၾကတာေတြကိုလည္းမေမ့သလို ခ်စ္ျခင္း၊ မုန္းျခင္းမပါဘူးလို႔ အရင္ကေျပာခဲ့ဖူးသလို အခုတစ္ေခါက္မွာလည္း ႏွင္းဆီအဖြဲ႕ဝင္ေတြဟာ သူ႔ရဲ႕မိသားစု၊ ညီအစ္ကိုေတြ ျဖစ္တယ္လို႔ ထပ္မံေျပာလာတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ ႏွင္းဆီအၿငိမ့္အဖြဲ႕ဝင္ေတြနဲ႔ပတ္သက္ၿပီး မဟုတ္မမွန္ေျပာဆိုေဝဖန္ေနတာေတြကို ရပ္ဖို႔နဲ႔ အဆိုပါကိစၥေတြနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေျဖရွင္းေတာ့မွာ မဟုတ္ေၾကာင္း အသိေပးထားပါတယ္။

Related news

© 2021. All rights reserved.