ကိုပေါက်က နေအိမ်ချိတ်ပိတ်ခံရလည်း တော်လှန်ရေးကို အဆုံးထိပါဝင်သွားမည်ဟု ကတိပြု

2855

NP News - ဖေဖော်ဝါရီ ၂၂
ပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသည့် လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာကိုပေါက်၏ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၂ ရပ်ကွက်၊ ရွှေပြည်သာ (၂)လမ်းထဲရှိ ဒါရိုက်တာကိုပေါက်၏နေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်သားနှင့်ရဲများမှ ယနေ့ ဖေဖော်ဝါရီ လ (၂၂) ရက် နံနက်ပိုင်းက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။
နေအိမ်ချိတ်ပိတ်ခံလိုက်ရပြီဖြစ်ကြောင်းကို ဒါရိုက်တာ ကိုပေါက်က ဖေဖော်ဝါရီလ(၂၁) ရက် ညပိုင်းကတည်းက ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကိုပေါက်သည် ၎င်း၏နေအိမ်ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သော်လည်း တော်လှန်ရေးကို အဆုံးထိဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းနှင့် ယခုတော်လှန်ရေးသည် မြန်မာပြည်သမိုင်းတစ်လျှောက် အချိန်အကြာ ဆုံး၊ အရင်းအနှီး အများဆုံးနှင့် ကမ္ဘာကျော်သည့် တော်လှန်ရေးဖြစ်ကြောင်း ယခုကဲ့သို့ပြောသည်။
“ကျွန်တော် အဆင်ပြေပါတယ်။ ချစ်ရတဲ့ ပရိသတ်ကြီးပဲ ကျန်းမာအောင်နေကြနော်။ တစ်ချို့ပြက်လုံးတွေက မရယ်ရတော့ဘူး။ ဒါပေမယ့် အနာခံပြီးပျက်ရတာပဲ။ မြန်မာပြည်ရဲ့သမိုင်းတလျှောက်တော်လှန်ရေးတွေ အားလုံး ထဲမှာ ဒီနွေဦးတော်လှန်ရေးက အရင်းအနှီးကြီးသလို ပြည်သူတွေရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက ကမ္ဘာလည်း ကျော်တယ်။ ကျွန်တော့်ထက် အများကြီးပေးဆပ်ထားတဲ့ ညီအစ်ကိုတွေအတွက် အမြဲဂုဏ်ယူနေမှာတယ်။ ကျွန်တော် ဒီလမ်းကို အဆုံးအထိလျှောက်မှာပါ။ ကတိပေးပါတယ်” ဟု ယနေ့ ဖေဖော်ဝါရီလ(၂၂) ပိုင်းက ရေးသားဖော်ပြထားသည်။
ကိုပေါက်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပေမယ့် ယခုချိတ်ပိတ်ခံလိုက်ရသော မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တွင် ကိုပေါက်၏ဇနီးနှင့် သားနှစ်ယောက်အပါအဝင် ယောက္ခမနှစ်ယောက်နေထိုင်ကြောင်း သိရသည်။ ယခုကဲ့သို့ နေအိမ်ချိတ်ပိတ်ခံရမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူဘက်မှ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဖော်ပြထား ခြင်း မရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒါရိုက်တာကိုပေါက်သည် ဖမ်းဆီးထားသော ခေါင်းဆောင်များအား ပြန်လွှတ်ပေးရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကိုယ်တိုင်ဦးဆောင် ပါဝင်ခဲ့ရာ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁၇) ရက်တွင် ပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်အရေးယူ၊ ဖမ်းဝရမ်းထုတ်ခံခဲ့ ရပြီးနောက် ကိုပေါက်သည် လွတ်မြောက်နယ်မြေသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်း၏မိသားစုဝင်များသည် ရန်ကုန်မြို့၌ ကျန်ရှိခဲ့သည်။
ထိုသို့ ရန်ကုန်မြို့၌ကျန်ရှိခဲ့သော မိသားစုဝင်များသည်လည်း လက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်သွားသော ကိုပေါက်နှင့်အဆက်အသွယ်ရှိနေကြောင်း၊ PDF များအား ထောက်ပံ့ကူညီနေ ကြောင်း ပြောဆိုခံရမှုများ၊ စစ်တပ်၏စောင့်ကြည့်ခြင်းများ ခံခဲ့ရသည့်အပြင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းတွင် ၎င်း၏အမျိုးသမီး အွန်လိုင်းတွင် Live လွှင့်ဈေးရောင်းနေစဉ် ကားတစ်စီးက နေအိမ်ရှေ့တွင်ရပ်ကာ အိမ်ထဲသို့သေနတ်ဖြင့် ကိုးချက်တိတိပစ်ခတ်ခြင်းကိုပါ မိသားစုဝင်များသည် ရင်ဆိုင်ခဲ့ကြရသည်။
ယခုတွင်လည်း သားနှစ်ယောက်နှင့် ဇနီးဖြစ်သူတို့နေထိုင်သည့် ကိုပေါက်ပိုင်ဆိုင်သော နေအိမ်အား ချိတ်ပိတ် ခြင်းခံခဲ့ရသဖြင့် ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကိုထားရစ်ခဲ့ရကာ မိသားစုဝင်များသည် နေအိမ်မှဆင်းပေးခဲ့ရကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းများတွင်လည်း အဆိုတော် လင်းလင်း၊ချစ်သုဝေ အပါအဝင် အဆိုတော်ချမ်းချမ်း၊ ပန်ဆယ်လို၊ မောင်မောင်အေး စတဲ့ လူသိများထင်ရှားတဲ့အနုပညာရှင်များ၏ နေအိမ်များ၊ ကွန်ဒိုတိုက်ခန်းများ ချိတ်ပိတ်ခံခဲ့ရသည်။

Zawgyi Version;
ကိုေပါက္က ေနအိမ္ခ်ိတ္ပိတ္ခံရလည္း ေတာ္လွန္ေရးကို အဆုံးထိပါဝင္သြားမည္ဟု ကတိျပဳ
NP News - ေဖေဖာ္ဝါရီ ၂၂
ပုဒ္မ ၅ဝ၅(က) ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရသည့္ လြတ္ေျမာက္နယ္ေျမေရာက္ ဒါ႐ိုက္တာကိုေပါက္၏ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ ၃၂ ရပ္ကြက္၊ ေ႐ႊျပည္သာ (၂)လမ္းထဲရွိ ဒါ႐ိုက္တာကိုေပါက္၏ေနအိမ္ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ စစ္သားႏွင့္ရဲမ်ားမွ ယေန႔ ေဖေဖာ္ဝါရီ လ (၂၂) ရက္ နံနက္ပိုင္းက လာေရာက္ခ်ိတ္ပိတ္သြားေၾကာင္း သတင္းရရွိသည္။
ေနအိမ္ခ်ိတ္ပိတ္ခံလိုက္ရၿပီျဖစ္ေၾကာင္းကို ဒါ႐ိုက္တာ ကိုေပါက္က ေဖေဖာ္ဝါရီလ(၂၁) ရက္ ညပိုင္းကတည္းက ၎ကိုယ္တိုင္အသုံးျပဳသည့္ ေဖ့ဘြတ္စ္လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။
ကိုေပါက္သည္ ၎၏ေနအိမ္ခ်ိတ္ပိတ္ခံလိုက္ရၿပီျဖစ္ေသာ္လည္း ေတာ္လွန္ေရးကို အဆုံးထိဆက္လက္ ေလွ်ာက္လွမ္းသြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုေတာ္လွန္ေရးသည္ ျမန္မာျပည္သမိုင္းတစ္ေလွ်ာက္ အခ်ိန္အၾကာ ဆုံး၊ အရင္းအႏွီး အမ်ားဆုံးႏွင့္ ကမာၻေက်ာ္သည့္ ေတာ္လွန္ေရးျဖစ္ေၾကာင္း ယခုကဲ့သို႔ေျပာသည္။
“ကြၽန္ေတာ္ အဆင္ေျပပါတယ္။ ခ်စ္ရတဲ့ ပရိသတ္ႀကီးပဲ က်န္းမာေအာင္ေနၾကေနာ္။ တစ္ခ်ိဳ႕ျပက္လုံးေတြက မရယ္ရေတာ့ဘူး။ ဒါေပမယ့္ အနာခံၿပီးပ်က္ရတာပဲ။ ျမန္မာျပည္ရဲ႕သမိုင္းတေလွ်ာက္ေတာ္လွန္ေရးေတြ အားလုံး ထဲမွာ ဒီေႏြဦးေတာ္လွန္ေရးက အရင္းအႏွီးႀကီးသလို ျပည္သူေတြရဲ႕စြန႔္လႊတ္အနစ္နာခံမႈေတြက ကမာၻလည္း ေက်ာ္တယ္။ ကြၽန္ေတာ့္ထက္ အမ်ားႀကီးေပးဆပ္ထားတဲ့ ညီအစ္ကိုေတြအတြက္ အၿမဲဂုဏ္ယူေနမွာတယ္။ ကြၽန္ေတာ္ ဒီလမ္းကို အဆုံးအထိေလွ်ာက္မွာပါ။ ကတိေပးပါတယ္” ဟု ယေန႔ ေဖေဖာ္ဝါရီလ(၂၂) ပိုင္းက ေရးသားေဖာ္ျပထားသည္။
ကိုေပါက္သည္ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေပမယ့္ ယခုခ်ိတ္ပိတ္ခံလိုက္ရေသာ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ကိုေပါက္၏ဇနီးႏွင့္ သားႏွစ္ေယာက္အပါအဝင္ ေယာကၡမႏွစ္ေယာက္ေနထိုင္ေၾကာင္း သိရသည္။ ယခုကဲ့သို႔ ေနအိမ္ခ်ိတ္ပိတ္ခံရမႈႏွင့္ပတ္သက္၍ ဇနီးျဖစ္သူဘက္မွ လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာ ေဖာ္ျပထား ျခင္း မရွိသည္ကို ေတြ႕ရသည္။
ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ဒါ႐ိုက္တာကိုေပါက္သည္ ဖမ္းဆီးထားေသာ ေခါင္းေဆာင္မ်ားအား ျပန္လႊတ္ေပးေရးႏွင့္ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားတြင္ ကိုယ္တိုင္ဦးေဆာင္ ပါဝင္ခဲ့ရာ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၇) ရက္တြင္ ပုဒ္မ ၅ဝ၅(က) ျဖင့္ အမႈဖြင့္အေရးယူ၊ ဖမ္းဝရမ္းထုတ္ခံခဲ့ ရၿပီးေနာက္ ကိုေပါက္သည္ လြတ္ေျမာက္နယ္ေျမသို႔ထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီး ၎၏မိသားစုဝင္မ်ားသည္ ရန္ကုန္ၿမိဳ႕၌ က်န္ရွိခဲ့သည္။
ထိုသို႔ ရန္ကုန္ၿမိဳ႕၌က်န္ရွိခဲ့ေသာ မိသားစုဝင္မ်ားသည္လည္း လက္နက္ကိုင္ လမ္းစဥ္ကိုေ႐ြးခ်ယ္သြားေသာ ကိုေပါက္ႏွင့္အဆက္အသြယ္ရွိေနေၾကာင္း၊ PDF မ်ားအား ေထာက္ပံ့ကူညီေန ေၾကာင္း ေျပာဆိုခံရမႈမ်ား၊ စစ္တပ္၏ေစာင့္ၾကည့္ျခင္းမ်ား ခံခဲ့ရသည့္အျပင္ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၇ ရက္ ညပိုင္းတြင္ ၎၏အမ်ိဳးသမီး အြန္လိုင္းတြင္ Live လႊင့္ေဈးေရာင္းေနစဥ္ ကားတစ္စီးက ေနအိမ္ေရွ႕တြင္ရပ္ကာ အိမ္ထဲသို႔ေသနတ္ျဖင့္ ကိုးခ်က္တိတိပစ္ခတ္ျခင္းကိုပါ မိသားစုဝင္မ်ားသည္ ရင္ဆိုင္ခဲ့ၾကရသည္။
ယခုတြင္လည္း သားႏွစ္ေယာက္ႏွင့္ ဇနီးျဖစ္သူတို႔ေနထိုင္သည့္ ကိုေပါက္ပိုင္ဆိုင္ေသာ ေနအိမ္အား ခ်ိတ္ပိတ္ ျခင္းခံခဲ့ရသျဖင့္ ပိုင္ဆိုင္မႈပစၥည္းမ်ားအားလုံးကို ထားရစ္ခဲ့ရကာ မိသားစုဝင္မ်ားသည္ ေနအိမ္မွဆင္းေပးခဲ့ရေၾကာင္းသတင္းရရွိသည္။
ၿပီးခဲ့သည့္ရက္ပိုင္းမ်ားအတြင္းတြင္လည္း အဆိုေတာ္ လင္းလင္း၊ခ်စ္သုေဝ အပါအဝင္ အဆိုေတာ္ခ်မ္းခ်မ္း၊ ပန္ဆယ္လို၊ ေမာင္ေမာင္ေအး စတဲ့ လူသိမ်ားထင္ရွားတဲ့အႏုပညာရွင္မ်ား၏ ေနအိမ္မ်ား၊ ကြန္ဒိုတိုက္ခန္းမ်ား ခ်ိတ္ပိတ္ခံခဲ့ရသည္။