မြန်မာမှ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်နေသည့်အေဂျင်စီ(၃) ခုကို လိုင်စင်အပြီးပိတ်သိမ်းခဲ့

 1490

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၂
မြန်မာမှ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်နေသည့် အေဂျင်စီ(၃) ခုကို လိုင်စင်အပြီးပိတ်သိမ်းခဲ့ပြီး နောက်ထပ်အေဂျင်စီတစ်ခုကိုလည်း ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိ သည်။

"အဓိကကတော့ များသောအားဖြင့် Demand(အလုပ်ခေါ်စာ) မှားတာပေါ့၊ Demand လိမ်တာပေါ့ အဲဒါဆိုရင် တော့ ပိတ်တာပါပဲ။ အဲဒီအချက်တွေကြောင့် အဓိကပိတ်တာ များပါတယ်။ ကျန်တာကတော့ ဒီလောက် မပြင်းထန်ပါဘူး။ ပိတ်လိုက်တယ်ဆိုကတည်းက Demand လိမ်တင်တဲ့ဟာတွေ အဲဒါတွေအတွက်ကို အေဂျင်စီ ဆောင်ရွက်ခွင့် လိုင်စင်ပိတ်လိုက်ခြင်းဖြစ်ပါတယ်" ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက NP News ကို ပြောကြားသည်။

ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်ရသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ စုစုပေါင်း(၁၁၂) ရှိသည့်အနက် အေဂျင်စီ(၃) ခုကို အပြီးပိတ်သိမ်းခဲ့ကြောင်းနှင့် အေဂျင်စီတစ်ခုအား လုပ်သားစေလွှတ်ခွင့် ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။

"အလုပ်ခေါ်စာ လိမ်လည်ပြီးတော့ တင်တဲ့ဥစ္စာ။ နောက်တစ်မျိုးပြောရင်တော့ ကျွန်တော်တို့ ဆီလာလို့ရှိရင် ကျွန်တော်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့တယ်။ အဲဒီကနေတစ်ဆင့် ဂျပန်သံရုံး၊ နောက်တစ်ခါ အလုပ်သမားဆိုင်ရာအဖွဲ့အစည်းပေါ့ ပို့တယ်အဆင့်ဆင့်ပို့တယ်။ ပြီးတော့ အဆင့်ဆင့်ပဲ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေတစ်ဆင့် ကျွန်တော်တို့ဆီပြန်လာတယ်။ လာတဲ့အခါမှာ လွှဲမှားမှုတွေ၊ လိမ်လည်တင်တာတွေ ရှိရင် ကျွန်တော်တို့က ပိတ်ပစ်လိုက်တယ်" ဟု အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောကြားသည်။

Chan Family Co.,Ltd၊ Richmen Overseas Recruitment Co.,Ltd. နှင့် Golden Kayin Co.,Ltd တို့ကို ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်အား အပြီးပိတ်သိမ်းခဲ့ကြောင်း အလုပ်သမားဝန် ကြီးဌာနက ကြေညာထား သည်။

ထို့အတူ Active United Co.,Ltd ကိုလည်း ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်အား ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာကျွမ်းကျင်လုပ်သားများနှင့်ပတ်သက်၍ ပုံမှန်အလုပ်ခေါ်ယူမှုများရှိနေပြီး ပုံမှန်စေလွှတ်မှုများရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာမွ ဂ်ပန္ႏိုင္ငံသို႔ ကြၽမ္းက်င္လုပ္သားေစလႊတ္ေနသည့္ေအဂ်င္စီ(၃) ခုကို လိုင္စင္အၿပီးပိတ္သိမ္းခဲ့
မ်ဳိးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၂
ျမန္မာမွ ဂ်ပန္ႏိုင္ငံသို႔ ကြၽမ္းက်င္လုပ္သားေစလႊတ္ေနသည့္ ေအဂ်င္စီ(၃) ခုကို လိုင္စင္အၿပီးပိတ္သိမ္းခဲ့ၿပီး ေနာက္ထပ္ေအဂ်င္စီတစ္ခုကိုလည္း ယာယီပိတ္သိမ္းထားေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သတင္းရရွိ သည္။

"အဓိကကေတာ့ မ်ားေသာအားျဖင့္ Demand(အလုပ္ေခၚစာ) မွားတာေပါ့၊ Demand လိမ္တာေပါ့ အဲဒါဆိုရင္ ေတာ့ ပိတ္တာပါပဲ။ အဲဒီအခ်က္ေတြေၾကာင့္ အဓိကပိတ္တာ မ်ားပါတယ္။ က်န္တာကေတာ့ ဒီေလာက္ မျပင္းထန္ပါဘူး။ ပိတ္လိုက္တယ္ဆိုကတည္းက Demand လိမ္တင္တဲ့ဟာေတြ အဲဒါေတြအတြက္ကို ေအဂ်င္စီ ေဆာင္႐ြက္ခြင့္ လိုင္စင္ပိတ္လိုက္ျခင္းျဖစ္ပါတယ္" ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းက NP News ကို ေျပာၾကားသည္။

ဂ်ပန္ႏိုင္ငံသို႔ ကြၽမ္းက်င္လုပ္သားေစလႊတ္ခြင့္ရသည့္ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားမွာ စုစုေပါင္း(၁၁၂) ရွိသည့္အနက္ ေအဂ်င္စီ(၃) ခုကို အၿပီးပိတ္သိမ္းခဲ့ေၾကာင္းႏွင့္ ေအဂ်င္စီတစ္ခုအား လုပ္သားေစလႊတ္ခြင့္ ယာယီပိတ္သိမ္းခဲ့ေၾကာင္း သိရသည္။

"အလုပ္ေခၚစာ လိမ္လည္ၿပီးေတာ့ တင္တဲ့ဥစၥာ။ ေနာက္တစ္မ်ိဳးေျပာရင္ေတာ့ ကြၽန္ေတာ္တို႔ ဆီလာလို႔ရွိရင္ ကြၽန္ေတာ္တို႔က ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ပို႔တယ္။ အဲဒီကေနတစ္ဆင့္ ဂ်ပန္သံ႐ုံး၊ ေနာက္တစ္ခါ အလုပ္သမားဆိုင္ရာအဖြဲ႕အစည္းေပါ့ ပို႔တယ္အဆင့္ဆင့္ပို႔တယ္။ ၿပီးေတာ့ အဆင့္ဆင့္ပဲ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေနတစ္ဆင့္ ကြၽန္ေတာ္တို႔ဆီျပန္လာတယ္။ လာတဲ့အခါမွာ လႊဲမွားမႈေတြ၊ လိမ္လည္တင္တာေတြ ရွိရင္ ကြၽန္ေတာ္တို႔က ပိတ္ပစ္လိုက္တယ္" ဟု အၿမဲတမ္းအတြင္းဝန္က ဆက္လက္ေျပာၾကားသည္။

Chan Family Co.,Ltd၊ Richmen Overseas Recruitment Co.,Ltd. ႏွင့္ Golden Kayin Co.,Ltd တို႔ကို ကြၽမ္းက်င္လုပ္သားေစလႊတ္ခြင့္အား အၿပီးပိတ္သိမ္းခဲ့ေၾကာင္း အလုပ္သမားဝန္ ႀကီးဌာနက ေၾကညာထား သည္။

ထို႔အတူ Active United Co.,Ltd ကိုလည္း ကြၽမ္းက်င္လုပ္သားေစလႊတ္ခြင့္အား ယာယီပိတ္သိမ္းထားေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

လက္ရွိတြင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ျမန္မာကြၽမ္းက်င္လုပ္သားမ်ားႏွင့္ပတ္သက္၍ ပုံမွန္အလုပ္ေခၚယူမႈမ်ားရွိေနၿပီး ပုံမွန္ေစလႊတ္မႈမ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.