လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့အား တာယာကွင်းစွပ်ကာ မီးရှို့သတ်ဖြတ်ခဲ့မှုမှ ကျူးလွန်သူတရားခံ(၈) ဦး ဖမ်းမိ

 5197

NP News - ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူ တစ်ဦးတို့အား ဒလန်ဟုစွပ်စွဲ၍ တာယာကွင်းစွပ်ကာ မီးရှို့သတ်ဖြတ်ခဲ့မှုမှ တရားခံ (၈) ဦးအား ဖမ်းမိခဲ့ပြီဖြစ် ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းနှင့် ဉီးပုညလမ်းထောင့်တွင် ၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် ၁ နာရီ ၅ဝ မိနစ်ခန့်က ရာအိမ်မှူးဖြစ်သူ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ) ဦးမြသန်းတို့ (၂) ဦးအား ဒလန်ဟုစွပ်စွဲကာ ကြိုးတုပ်၊ တာယာကွင်းစွပ်၍ သတ်ဖြတ်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်မှ လူသတ်တရားခံများအား သက်ဆိုင်ရာအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း ဖော်ထုတ်မှုအရ သတ်ဖြတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ခိုင်ကြီး၊ စည်သူဝင်း၊ ကျော်မြင့်၊ အရိုး၊ အရိုး(ဘ) ဦးကြည်လွင်နှင့် ဝင်းသီတာမြင့်အပါအဝင် အမျိုးသား (၅) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၆) ဦးတို့အား ၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့်ပူးပေါင်း၍ ကွင်းဆက်တရားခံများအား ဆက်လက် ဖော်ထုတ်ခဲ့ ရာ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ)ဦးမြသန်းတို့နှစ်ဦးအား သတ်ဖြတ်မှုကျူးလွန်စဉ် ကြိုးတုပ်ပေးခဲ့သည့် ဇော်ထွန်းနှင့် ၎င်း၏ညီဖြစ်သူ ဇော်‌ဇော်လွင် တို့ညီအစ်ကိုနှစ်ဦးအား ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၁၁ နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ပဒေသာ(၄)လမ်းရှိ ၎င်းတို့၏နေအိမ် ၌ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်တရားခံများအား တရားဥပဒေနှင့်အညီ ထိုက်တန်သည့် ပြစ်ဒဏ်ကျခံစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Zawgyi Version;
လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ ရာအိမ္မွဴးတစ္ဦးႏွင့္ ျပည္သူတစ္ဦးတို႔အား တာယာကြင္းစြပ္ကာ မီးရႈိ႕ သတ္ျဖတ္ခဲ့မႈမွ က်ဴးလြန္သူတရားခံ(၈) ဦး ဖမ္းမိ
NP News - ေဖေဖာ္ဝါရီ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၌ ရာအိမ္မႉးတစ္ဦးႏွင့္ ျပည္သူ တစ္ဦးတို႔အား ဒလန္ဟုစြပ္စြဲ၍ တာယာကြင္းစြပ္ကာ မီးရႈိ႕သတ္ျဖတ္ခဲ့မႈမွ တရားခံ (၈) ဦးအား ဖမ္းမိခဲ့ၿပီျဖစ္ ေၾကာင္း စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕က ေဖေဖာ္ဝါရီလ ၂၂ ရက္၊ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ေညာင္တုန္းလမ္းႏွင့္ ဉီးပုညလမ္းေထာင့္တြင္ ၂ဝ၂၁ ခုႏွစ္၊ မတ္လ ၁၅ ရက္၊ နံနက္ ၁ နာရီ ၅ဝ မိနစ္ခန႔္က ရာအိမ္မွဴးျဖစ္သူ ဦးသန္းဦးႏွင့္ ဦးစြန္ရဲ(ခ) ဦးျမသန္းတို႔ (၂) ဦးအား ဒလန္ဟုစြပ္စြဲကာ ႀကိဳးတုပ္၊ တာယာကြင္းစြပ္၍ သတ္ျဖတ္ခဲ့မႈျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း၊ အဆိုပါ ျဖစ္စဥ္မွ လူသတ္တရားခံမ်ားအား သက္ဆိုင္ရာအာဏာပိုင္မ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူမ်ားပူးေပါင္း ေဖာ္ထုတ္မႈအရ သတ္ျဖတ္မႈက်ဴးလြန္ရာတြင္ ပါဝင္ခဲ့သည့္ ခိုင္ႀကီး၊ စည္သူဝင္း၊ ေက်ာ္ျမင့္၊ အ႐ိုး၊ အ႐ိုး(ဘ) ဦးၾကည္လြင္ႏွင့္ ဝင္းသီတာျမင့္အပါအဝင္ အမ်ိဳးသား (၅) ဦး၊ အမ်ိဳးသမီး (၁) ဦး စုစုေပါင္း (၆) ဦးတို႔အား ၂ဝ၂၁ ခုႏွစ္၊ ဧၿပီ ၂၃ ရက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပည္သူမ်ားႏွင့္ပူးေပါင္း၍ ကြင္းဆက္တရားခံမ်ားအား ဆက္လက္ ေဖာ္ထုတ္ခဲ့ ရာ ဦးသန္းဦးႏွင့္ ဦးစြန္ရဲ(ခ)ဦးျမသန္းတို႔ႏွစ္ဦးအား သတ္ျဖတ္မႈက်ဴးလြန္စဥ္ ႀကိဳးတုပ္ေပးခဲ့သည့္ ေဇာ္ထြန္းႏွင့္ ၎၏ညီျဖစ္သူ ေဇာ္‌ေဇာ္လြင္ တို႔ညီအစ္ကိုႏွစ္ဦးအား ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ ည ၁၁ နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၈) ရပ္ကြက္၊ ပေဒသာ(၄)လမ္းရွိ ၎တို႔၏ေနအိမ္ ၌ ထပ္မံေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္တရားခံမ်ားအား တရားဥပေဒႏွင့္အညီ ထိုက္တန္သည့္ ျပစ္ဒဏ္က်ခံေစေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Related news

© 2021. All rights reserved.