1980 Model နှင့်၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်များအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်

 1084

photo: Myanmar Classic Cars Club

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၂၃
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် 1980 Model နှင့်၎င်းမတိုင်မီယာဉ်များအား ရှေး ဟောင်း Classic မော်တော်ယာဉ်များအဖြစ် တရား ဝင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့်၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော် တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းရေး၊ သ မိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ရန်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင် ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အားရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေး ဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

ရှေးဟောင်း Classic မော်တော်ယာဉ်များပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၅ ရက်အထိ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်အထိ နောက်ဆုံးရောက်ရှိနံပါတ်များသည် 2S-1972၊ HH - 4110၊ 8M- 8859၊ 9V - 65151၊ 83W - 84970၊ 20U - 7358၊ 2TLR - 6075၊ HSE 6058 ဖြစ်ကြောင်းသိရသည်။

zawgyi version
1980 Model ႏွင့္၎မတိုင္မီယာဥ္မ်ားအား ေရွးေဟာင္း Classic ေမာ္ေတာ္ယာဥ္မ်ားအျဖစ္ တရားဝင္မွတ္ပုံတင္ခြင့္ျပဳမည္
ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၃

ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနအေန ျဖင့္ 1980 Model ႏွင့္၎မတိုင္မီယာဥ္မ်ားအား ေရွး ေဟာင္း Classic ေမာ္ေတာ္ယာဥ္မ်ားအျဖစ္ တရား ဝင္မွတ္ပုံတင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ေဆာင္႐ြက္ရာတြင္ ယခင္က မွတ္ပုံတင္ထားရွိၿပီး သက္တမ္းတိုးဆက္လက္ေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ မွတ္ပုံတင္ဖ်က္သိမ္းၿပီးျဖစ္သည့္ 1980 Model ႏွင့္၎မတိုင္မီယာဥ္မ်ားအား ေရွးေဟာင္း Classic ေမာ္ေတာ္ယာဥ္အျဖစ္ သတ္မွတ္ဒဏ္ေၾကးျဖင့္ ျပန္လည္မွတ္ပုံတင္ေဆာင္႐ြက္ေပးမည္ျဖစ္ ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ေရွးေဟာင္း Classic ေမာ္ ေတာ္ယာဥ္မ်ားအား တန္ဖိုးထားထိန္းသိမ္းေရး၊ သ မိုင္းဝင္ယာဥ္မ်ားအျဖစ္ တရားဝင္မွတ္ပုံတင္ခြင့္ျပဳႏိုင္ေရးအတြက္ ယခုကဲ့သို႔ေဆာင္႐ြက္ရန္ခြင့္ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ မူလမွတ္ပုံတင္ထားရွိခဲ့ေသာ ယာဥ္မ်ားကိုသာ ျပန္လည္မွတ္ပုံတင္ေဆာင္ ႐ြက္ေပးမည္ျဖစ္ၿပီး ယာဥ္အမွတ္အားေရာက္ရွိယာဥ္အမွတ္အသစ္ျဖင့္ သတ္မွတ္ေပးမည္ျဖစ္ေၾကာင္းသိရသည္။ ယခင္ မွတ္ပုံတင္ထားျခင္းမရွိေသာ ေရွး ေဟာင္းယာဥ္မ်ားအား မွတ္ပုံတင္ေပးမည္မဟုတ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထားသည္။

ေရွးေဟာင္း Classic ေမာ္ေတာ္ယာဥ္မ်ားျပန္လည္မွတ္ပုံတင္ေဆာင္႐ြက္ျခင္းအား သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန႐ုံးမ်ားတြင္ ေဖေဖာ္ဝါရီလ ၂၄ ရက္မွ မတ္လ ၂၅ ရက္အထိ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္းသိရသည္။ ေဖေဖာ္ဝါရီလ ၂၂ ရက္အထိ ေနာက္ဆုံးေရာက္ရွိနံပါတ္မ်ားသည္ 2S-1972၊ HH - 4110၊ 8M- 8859၊ 9V - 65151၊ 83W - 84970၊ 20U - 7358၊ 2TLR - 6075၊ HSE 6058 ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.