မော်ဒယ် သရုပ်ဆောင် သင်းသင်း ဖမ်းဆီးခံရ

 3989

NP News - ဖေဖော်ဝါရီ ၂၃
မော်ဒယ် သရုပ်ဆောင် သင်းသင်း၏နေအိမ်အား ဖေဖော်ဝါရီလ(၂၂) ရက်၊ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နစကလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧည့်စာရင်းဝင်စစ်ရာမှ သင်းသင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

သင်းသင်းသည် ထိုသို့ဖမ်းဆီးခေါ်ဆောင်ခြင်း မခံရမီ ၎င်းကိုယ်တိုင်အသုံးပြုသည့်ဖေ့ဘွတ်စ်အကောင့်မှ Live လွှင့်ခဲ့သဖြင့် ၎င်းဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိခဲ့ကြခြင်းဖြစ်ပြီး သင်းသင်းသည် Live လွှင့်နေရင်း ဖမ်းချုပ်ခံခဲ့ရခြင်းဖြစ်ကာ ဖုန်းအသိမ်းခံခဲ့ရသည်ကို အဆိုပါ Live ကြည့်ရှုနေသူများအားလုံး မျက်မြင်တွေ့ရှိခဲ့ကြရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် နစကလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ(၂၂) ရက်၊ ည(၁ဝ) နာရီ ဝန်းကျင်ခန့်က သင်းသင်းနေထိုင်ရာ နေအိမ်တံခါးသို့ တံခါးခေါက်ခဲ့ကြရာ သင်းသင်းသည် သူမ၏နေအိမ်တံခါး အား ကြမ်းတမ်းစွာ ထုရိုက်ခေါက်ခဲ့ကြသည့်အတွက် မည်သည်မည်ဝါဖြစ်ကြောင်းနှင့် မည့်သည့်အတွက်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို အပြန်အလှန်ပြောဆိုခဲ့ကြသည်။

ထိုသို့အပြန်အလှန်ပြောဆိုခဲ့ကြသည့်အခြေအနေများကို သင်းသင်းသည် ဖေ့ဘွတ်အကောင့်တွင် Live လွှင့်ခဲ့ခြင်းဖြစ်သည်။ တဖက်မှလူများကလည်း ဧည့်စာရင်းလာစစ်ခြင်းဖြစ်ကြောင်း၊ တံခါးဖွင့်ပေးရန်၊ ဧည့်စာရင်း စစ်ဆေးခွင့်ပြုရန်၊ နေအိမ်ရှိလူများအား စစ်ဆေးမည်ဟု ပြောဆိုခဲ့သည်ကို တွေ့မြင်ရသည်။ သင်းသင်းမှလည်း ထိုသို့ စစ်ဆေးမည်ကို လက်ခံသော်လည်း နေအိမ်တံခါးအား ကြမ်းတမ်းစွာ ထုရိုက်ခြင်းအပေါ်မေးမြန်းမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဧည့်စာရင်းအမြဲတိုင်သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးပါလာပါက တွေ့ဆုံလိုကြောင်းပြောဆိုခဲ့သည်ကိုတွေ့ရ သည်။

ထို့နောက် သင်းသင်းသည် နေအိမ်တံခါးသော့အား ဖွင့်ပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တွေ့ရှိချိန်တွင် ၎င်း ယခင်က ဧည့်စာရင်းတိုင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူ မဟုတ်တော့ဘဲ အခြားတစ်ယောက်ဖြစ်နေကြောင်း သင်းသင်းကပြောဆိုသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့နောက်စကားပြောစဉ် သင်းသင်းအား လုံခြုံရေးတပ်ဖွဲ့များမှဖမ်းချုပ်ကာ Live လွှင့်နေသည့်ဖုန်းကို လုယက်ကာ သိမ်းဆည်းခဲ့ပုံကို အဆိုပါ Live အဆုံးတွင် တွေ့မြင်ခဲ့ရသည်။

သင်းသင်း၏ Live လွှင့်စဉ်အတွင်း ပြောဆိုချက်များအရ သင်းသင်းသည် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် ဇူလိုင်လ အတွင်းက သူမတစ်ဦးတည်းရှိနေစဉ် နေအိမ်တံခါးအား ခေါက်သဖြင့် ဖွင့်ပေးခဲ့ရာမှ အမည်မသိအမျိုးသား ငါးဦးသည် နေအိမ်အတွင်းသို့ အတင်းအကြပ်ဝင်ရောက်ခဲ့ကြပြီး သူမအား ရိုက်နှက် ခြိမ်းခြောက်ပြောဆိုခြင်း များပြုလုပ်ခဲ့သဖြင့် ယခုတစ်ခေါက်တွင်လည်း စိတ်ပူစွာဖြင့် သေချာစွာ မေးမြန်းရခြင်းဖြစ်သည်ဟု ပြောပြခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ဧည့်စာရင်းစစ်မည်ဟုဆိုပြီး သင်းသင်း ဖမ်းဆီးချုပ်နှောင်ခံရချိန်တွင် နေအိမ်၌ ၎င်း၏မိခင်နှင့်မောင်လေးတို့ပါ ရှိကြောင်း သိရသည်။

Zawgyi Version;
သ႐ုပ္ေဆာင္၊ ေမာ္ဒယ္ သင္းသင္း ဖမ္းဆီးခံရ
NP News - ေဖေဖာ္ဝါရီ ၂၃
ေမာ္ဒယ္ သ႐ုပ္ေဆာင္ သင္းသင္း၏ေနအိမ္အား ေဖေဖာ္ဝါရီလ(၂၂) ရက္၊ ညပိုင္းက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ နစကလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ ဧည့္စာရင္းဝင္စစ္ရာမွ သင္းသင္းအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သတင္းရရွိသည္။

သင္းသင္းသည္ ထိုသို႔ဖမ္းဆီးေခၚေဆာင္ျခင္း မခံရမီ ၎ကိုယ္တိုင္အသုံးျပဳသည့္ေဖ့ဘြတ္စ္အေကာင့္မွ Live လႊင့္ခဲ့သျဖင့္ ၎ဖမ္းဆီးခံလိုက္ရၿပီျဖစ္ေၾကာင္းကို သိရွိခဲ့ၾကျခင္းျဖစ္ၿပီး သင္းသင္းသည္ Live လႊင့္ေနရင္း ဖမ္းခ်ဳပ္ခံခဲ့ရျခင္းျဖစ္ကာ ဖုန္းအသိမ္းခံခဲ့ရသည္ကို အဆိုပါ Live ၾကည့္ရႈေနသူမ်ားအားလုံး မ်က္ျမင္ေတြ႕ရွိခဲ့ၾကရသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ နစကလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေဖေဖာ္ဝါရီလ(၂၂) ရက္၊ ည(၁ဝ) နာရီ ဝန္းက်င္ခန႔္က သင္းသင္းေနထိုင္ရာ ေနအိမ္တံခါးသို႔ တံခါးေခါက္ခဲ့ၾကရာ သင္းသင္းသည္ သူမ၏ေနအိမ္တံခါး အား ၾကမ္းတမ္းစြာ ထု႐ိုက္ေခါက္ခဲ့ၾကသည့္အတြက္ မည္သည္မည္ဝါျဖစ္ေၾကာင္းႏွင့္ မည့္သည့္အတြက္ေၾကာင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းကို အျပန္အလွန္ေျပာဆိုခဲ့ၾကသည္။

ထိုသို႔အျပန္အလွန္ေျပာဆိုခဲ့ၾကသည့္အေျခအေနမ်ားကို သင္းသင္းသည္ ေဖ့ဘြတ္အေကာင့္တြင္ Live လႊင့္ခဲ့ျခင္းျဖစ္သည္။ တဖက္မွလူမ်ားကလည္း ဧည့္စာရင္းလာစစ္ျခင္းျဖစ္ေၾကာင္း၊ တံခါးဖြင့္ေပးရန္၊ ဧည့္စာရင္း စစ္ေဆးခြင့္ျပဳရန္၊ ေနအိမ္ရွိလူမ်ားအား စစ္ေဆးမည္ဟု ေျပာဆိုခဲ့သည္ကို ေတြ႕ျမင္ရသည္။ သင္းသင္းမွလည္း ထိုသို႔ စစ္ေဆးမည္ကို လက္ခံေသာ္လည္း ေနအိမ္တံခါးအား ၾကမ္းတမ္းစြာ ထု႐ိုက္ျခင္းအေပၚေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ၿပီး ၎တို႔အေနျဖင့္ ဧည့္စာရင္းအၿမဲတိုင္သည့္အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးပါလာပါက ေတြ႕ဆုံလိုေၾကာင္းေျပာဆိုခဲ့သည္ကိုေတြ႕ရ သည္။

ထို႔ေနာက္ သင္းသင္းသည္ ေနအိမ္တံခါးေသာ့အား ဖြင့္ေပးခဲ့ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအား ေတြ႕ရွိခ်ိန္တြင္ ၎ ယခင္က ဧည့္စာရင္းတိုင္ထားသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဆိုသူ မဟုတ္ေတာ့ဘဲ အျခားတစ္ေယာက္ျဖစ္ေနေၾကာင္း သင္းသင္းကေျပာဆိုသည္ကို ျမင္ေတြ႕ခဲ့ရသည္။ ထို႔ေနာက္စကားေျပာစဥ္ သင္းသင္းအား လုံၿခဳံေရးတပ္ဖြဲ႕မ်ားမွဖမ္းခ်ဳပ္ကာ Live လႊင့္ေနသည့္ဖုန္းကို လုယက္ကာ သိမ္းဆည္းခဲ့ပုံကို အဆိုပါ Live အဆုံးတြင္ ေတြ႕ျမင္ခဲ့ရသည္။

သင္းသင္း၏ Live လႊင့္စဥ္အတြင္း ေျပာဆိုခ်က္မ်ားအရ သင္းသင္းသည္ လြန္ခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လ အတြင္းက သူမတစ္ဦးတည္းရွိေနစဥ္ ေနအိမ္တံခါးအား ေခါက္သျဖင့္ ဖြင့္ေပးခဲ့ရာမွ အမည္မသိအမ်ိဳးသား ငါးဦးသည္ ေနအိမ္အတြင္းသို႔ အတင္းအၾကပ္ဝင္ေရာက္ခဲ့ၾကၿပီး သူမအား ႐ိုက္ႏွက္ ၿခိမ္းေျခာက္ေျပာဆိုျခင္း မ်ားျပဳလုပ္ခဲ့သျဖင့္ ယခုတစ္ေခါက္တြင္လည္း စိတ္ပူစြာျဖင့္ ေသခ်ာစြာ ေမးျမန္းရျခင္းျဖစ္သည္ဟု ေျပာျပခဲ့သည္ကို ျမင္ေတြ႕ခဲ့ရသည္။

ဧည့္စာရင္းစစ္မည္ဟုဆိုၿပီး သင္းသင္း ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရခ်ိန္တြင္ ေနအိမ္၌ ၎၏မိခင္ႏွင့္ေမာင္ေလးတို႔ပါ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.