ပဲခူးကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်း ပေါက်ကွဲမှုကြောင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း အသိပေးထုတ်ပြန်

2410

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၃
ပဲခူးကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်း ပေါက်ကွဲမှုကြောင့် လူအများထိခိုက်မှုမရှိသော်လည်း သမိုင်း ဝင်အမွေအနှစ်များရှိသည့် နန်းတော်ရာဝင်းအတွင်းဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ပဲခူးကမ္ဘောဇသာဒီနန်းတော်မှတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်တွင် အသိ ပေးထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအ တွင်းမှာ (၂ဝ.၂.၂ဝ၂၂) ရက်တွင် အသံဗုံးသာပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း တစ်ဦးမျှ မရှိခဲ့ပါဘူး။ Facebook နှင့် Social media များတွင် အများပြောဆိုနေကြသည်များမှာ မှန်ကန်သည်ရော မမှန်ကန်သည်များပါ ရောနှောလျက် ရှိပါတယ်။ ယခုခဲ့သို့ ကိစ္စရပ်များဖြစ်ပေါ်ရခြင်းအပေါ်လည်း အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းကို မိမိတို့မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်"ဟု ပဲခူးကမ္ဘောဇသာဒီနန်းတော်မှတာဝန်ရှိသူများက အသိ ပေးပြောကြားထားသည်။
ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းဝင်းအတွင်း၌ ဖေဖော် ဝါရီလ ၂ဝ ရက် နံနက် ၁တ နာရီ ၅ဝ မိနစ်ခန့်တွင် အ ရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က ဖောက် ခွဲမှုတစ်ခုပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပဲခူးမြို့၏ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များနန်းစိုက်ရာ အထင်ကရနေရာတစ်ခုဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီတပ်သားများ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ် ပါဝင်နေသည့်အတွက်ကြောင့် သတိပေးခဲ့ခြင်းဖြစ်ကြောင်း အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နန်းတော်ရာဝင်းအတွင်းရှိ ကန့်သတ်နယ်မြေတွင် အ သံဗုံးပေါက်ကွဲမှုကြောင့် လူအများထိခိုက်မှုမရှိသော် လည်း သမိုင်းဝင်အမွေအနှစ်များကျန်ရှိခဲ့သော နန်း တော်ရာဝင်းအတွင်းဖြစ်ပွားခဲ့သည့် ဤကိစ္စရပ်အ တွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် လာရောက်လည်ပတ်သူများ ထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်လာခဲ့ခြင်းများအတွက် တောင်းပန်ကြောင်း
ပဲခူးကမ္ဘောဇသာဒီနန်းတော်မှတာဝန်ရှိသူများက ဆိုသည်။
zawgyi version
ပဲခူးကေမာၻဇသာဒီနန္းေတာ္ရာဝင္းအတြင္း ေပါက္ကြဲမႈေၾကာင့္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း အသိေပးထုတ္ျပန္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၃
ပဲခူးကေမာၻဇသာဒီနန္းေတာ္ရာဝင္းအတြင္း ေပါက္ကြဲမႈေၾကာင့္ လူအမ်ားထိခိုက္မႈမရွိေသာ္လည္း သမိုင္းဝင္အေမြအႏွစ္မ်ားရွိသည့္ နန္းေတာ္ရာဝင္းအတြင္းျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈအတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း ပဲခူးကေမာၻဇသာဒီနန္းေတာ္မွတာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ အသိ ေပးထုတ္ျပန္ခဲ့သည္။
"ကြၽန္ေတာ္တို႔ရဲ႕ ကေမာၻဇသာဒီနန္းေတာ္ရာဝင္းအ တြင္းမွာ (၂ဝ.၂.၂ဝ၂၂) ရက္တြင္ အသံဗုံးသာေပါက္ ကြဲခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိသူလည္း တစ္ဦးမွ် မရွိခဲ့ပါဘူး။ Facebook ႏွင့္ Social media မ်ားတြင္ အမ်ားေျပာဆိုေနၾကသည္မ်ားမွာ မွန္ကန္သည္ေရာ မမွန္ကန္သည္မ်ားပါ ေရာေႏွာလ်က္ ရွိပါတယ္။ ယခုခဲ့သို႔ ကိစၥရပ္မ်ားျဖစ္ေပၚရျခင္းအေပၚလည္း အမ်ားျပည္သူမ်ား စိတ္အေႏွာင့္အယွက္ ျဖစ္ရျခင္းကို မိမိတို႔မွ အႏူးအၫြတ္ေတာင္းပန္အပ္ပါတယ္"ဟု ပဲခူးကေမာၻဇသာဒီနန္းေတာ္မွတာဝန္ရွိသူမ်ားက အသိ ေပးေျပာၾကားထားသည္။
ပဲခူးၿမိဳ႕ရွိ ကေမာၻဇသာဒီနန္းဝင္းအတြင္း၌ ေဖေဖာ္ ဝါရီလ ၂ဝ ရက္ နံနက္ ၁တ နာရီ ၅ဝ မိနစ္ခန႔္တြင္ အ ရပ္ဖက္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပဲခူး)က ေဖာက္ ခြဲမႈတစ္ခုျပဳလုပ္ခဲ့ေၾကာင္း အဆိုပါအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ပဲခူးၿမိဳ႕၏ ကေမာၻဇသာဒီေ႐ႊနန္းေတာ္ႀကီးသည္ ေရွးေခတ္ဘုရင္မ်ားနန္းစိုက္ရာ အထင္ကရေနရာတစ္ခုျဖစ္ၿပီး ယခုအခ်ိန္တြင္ စစ္ေကာင္စီတပ္သားမ်ား၏ အခြန္ဘ႑ာဆက္သရာ ေနရာတစ္ခုအျဖစ္ ပါဝင္ေနသည့္အတြက္ေၾကာင့္ သတိေပးခဲ့ျခင္းျဖစ္ေၾကာင္း အရပ္ဖက္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပဲခူး)၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
နန္းေတာ္ရာဝင္းအတြင္းရွိ ကန႔္သတ္နယ္ေျမတြင္ အ သံဗုံးေပါက္ကြဲမႈေၾကာင့္ လူအမ်ားထိခိုက္မႈမရွိေသာ္ လည္း သမိုင္းဝင္အေမြအႏွစ္မ်ားက်န္ရွိခဲ့ေသာ နန္း ေတာ္ရာဝင္းအတြင္းျဖစ္ပြားခဲ့သည့္ ဤကိစၥရပ္အ တြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္းႏွင့္ လာေရာက္လည္ပတ္သူမ်ား ထိတ္လန႔္စိုးရိမ္မႈမ်ားျဖစ္ေပၚလာခဲ့ျခင္းမ်ားအတြက္ ေတာင္းပန္ေၾကာင္း ပဲခူးကေမာၻဇသာဒီနန္းေတာ္မွတာဝန္ရွိသူမ်ားက ဆိုသည္။