ဘရာဇီးမှာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၂ဝဝ ကျော်သွားပြီ

 649

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၄
ဘရာဇီးနိုင်ငံ၊ Petropolis မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၂ဝဝ ကျော် သွားပြီဖြစ်တယ်လို့အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူပေါင်း ၅၁ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပေမယ့်လည်း အလောင်းတွေကိုဖော်ထုတ်ပြီး သက်ဆိုင်ရာမိသားစုတွေထံ ပြန်လည်အပ်နှံနိုင်တာကြောင့် နောက်ထပ်တွေ့ရှိမယ့်အရေအတွက်တွေ ကျဆင်းလာနိုင်ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ(၂၃) ရက်၊ ဗုဒ္ဓဟူးနေ့အထိ ရုပ်အလောင်း ၂ဝ၄ လောင်းကိုဆယ်ယူရရှိခဲ့ပြီး ၁၈၈ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရီယိုဒီဂျနေရိုး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၈ဝဝ ခန့် နေအိမ်များ ပျက်စီးခဲ့ရပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ရီယိုဒီဂျနေရို မြောက်ဘက်ရှိ လှပတဲ့ခရီးသွားမြို့ရဲ့လမ်းမ တွေထက်မှာ ကြမ်းတမ်းတဲ့ မြစ်များအဖြစ်သို့ပြောင်းလဲခဲ့ကာ အရှိန်ပြင်းတဲ့ရေစီးနဲ့အတူ ကားများ၊ သစ်ပင်များနဲ့ မြေဆီလွှာများ၊ အမှိုက်သရိုက်များ မျောပါသွားခဲ့ပါတယ်။

ဘရာဇီးအင်ပါယာရဲ့နွေရာသီမြို့တော် လူဦးရေ ၃ဝဝဝဝဝ ခန့်နေထိုင်ရာ Petropolis မှာ ရွှံ့များ၊ အပျက်အစီးတွေနဲ့ ယာဉ်တွေကိုရှင်းလင်းဖို့တာဝန်ရှိသူများက သန့်ရှင်းရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။ လွန်ခဲ့တဲ့ သုံးလအတွင်း ဘရာဇီးမှာ ပြင်းထန်တဲ့မုန်တိုင်းများကြောင့် လူ ၂၅ဝ ခန့် သေဆုံးခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေ ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

Zawgyi Version;
ဘရာဇီးမွာ မုန္တိုင္းေၾကာင့္ ေသဆုံးသူဦးေရ ၂ဝဝ ေက်ာ္သြားၿပီ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၄
ဘရာဇီးႏိုင္ငံ၊ Petropolis ၿမိဳ႕မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူ ၂ဝဝ ေက်ာ္ သြားၿပီျဖစ္တယ္လို႔အာဏာပိုင္ေတြက ေဖေဖာ္ဝါရီ ၂၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

လူေပါင္း ၅၁ ဦးခန႔္ ေပ်ာက္ဆုံးေနဆဲျဖစ္ေပမယ့္လည္း အေလာင္းေတြကိုေဖာ္ထုတ္ၿပီး သက္ဆိုင္ရာမိသားစုေတြထံ ျပန္လည္အပ္ႏွံႏိုင္တာေၾကာင့္ ေနာက္ထပ္ေတြ႕ရွိမယ့္အေရအတြက္ေတြ က်ဆင္းလာႏိုင္ဖြယ္ရွိတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ(၂၃) ရက္၊ ဗုဒၶဟူးေန႔အထိ ႐ုပ္အေလာင္း ၂ဝ၄ ေလာင္းကိုဆယ္ယူရရွိခဲ့ၿပီး ၁၈၈ ဦးကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ရီယိုဒီဂ်ေန႐ိုး ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ေရလႊမ္းမိုးမႈေၾကာင့္ လူေပါင္း ၈ဝဝ ခန႔္ ေနအိမ္မ်ား ပ်က္စီးခဲ့ရၿပီး အေရးေပၚကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကရပါတယ္။

ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က မိုး႐ြာသြန္းမႈေၾကာင့္ ရီယိုဒီဂ်ေန႐ို ေျမာက္ဘက္ရွိ လွပတဲ့ခရီးသြားၿမိဳ႕ရဲ႕လမ္းမ ေတြထက္မွာ ၾကမ္းတမ္းတဲ့ ျမစ္မ်ားအျဖစ္သို႔ေျပာင္းလဲခဲ့ကာ အရွိန္ျပင္းတဲ့ေရစီးနဲ႔အတူ ကားမ်ား၊ သစ္ပင္မ်ားနဲ႔ ေျမဆီလႊာမ်ား၊ အမႈိက္သ႐ိုက္မ်ား ေမ်ာပါသြားခဲ့ပါတယ္။

ဘရာဇီးအင္ပါယာရဲ႕ေႏြရာသီၿမိဳ႕ေတာ္ လူဦးေရ ၃ဝဝဝဝဝ ခန႔္ေနထိုင္ရာ Petropolis မွာ ႐ႊံ႕မ်ား၊ အပ်က္အစီးေတြနဲ႔ ယာဥ္ေတြကိုရွင္းလင္းဖို႔တာဝန္ရွိသူမ်ားက သန႔္ရွင္းေရးလုပ္ငန္းကို ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။ လြန္ခဲ့တဲ့ သုံးလအတြင္း ဘရာဇီးမွာ ျပင္းထန္တဲ့မုန္တိုင္းမ်ားေၾကာင့္ လူ ၂၅ဝ ခန႔္ ေသဆုံးခဲ့ပါတယ္။

ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြ ပိုမိုဆိုး႐ြားလာတာျဖစ္တယ္လို႔ ကြၽမ္းက်င္သူမ်ားက ဆိုပါတယ္။

Related news

© 2021. All rights reserved.