ပြည်တွင်းရွှေများ၏ စံချိန်စံညွှန်း တသမတ်တည်းဖြစ်စေရန် စံသမာဓိချိန်ခွင်လုပ်ဆောင်မည်

 1163

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေဖြင့် ပြည်တွင်းရွှေများ၏ စံချိန်စံညွှန်းသတ်မှတ်ပေးနိုင်ရေးအတွက် စံသမာဓိချိန်ခွင်လုပ် ဆောင်ရန် ရန်ကုန်မြို့တော်စည်ပင်တွင် ယခုလအ တွင်းက လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခဲ့ကြောင်း အဆိုပါအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

YGEA အသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးကို ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ကျင်းပခဲ့ပြီး ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ဆုံးဖြတ်ချက် ၅ ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆုံး ဖြတ်ချက်များတွင် စံသမာဓိချိန်ခွင်လျှောက်ထားရေးအတွက် အခွန်ထမ်းရန်၊ ဇန်နဝါရီလပတ် ငွေစာရင်းရှင်းတမ်းအတည်ပြုရန်၊ အသင်းရုံးခန်းပြင်ပတွင် ရွှေအရောင်းအဝယ်ပြုလုပ်သော အသင်းဝင်များအား တစ်လတိတိ အသင်းမှ ယာယီရပ်ဆိုင်းရန်၊ ရွှေအ ရောင်းအဝယ်ကိစ္စများအား ညနေ(၄)နာရီနောက်ဆုံးထား လုပ်ဆောင်ရန် နှင့် ရွှေစျေးနှုန်းတည်ငြိမ်စေရေးဝိုင်းဝန်းဆောင်ရွက်ကြရန်တို့ပါဝင်ကြောင်း သိရသည်။

“ရောင်းမယ့်ဝယ်မယ့်ရွှေကို စံချိန်စံညွှန်းစမ်းပေးတာပေါ့။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ် ငန်းရှင်များအသင်းကလုပ်ပေးပါ့မယ်။ အဲဒါကိုလည်း ရန်ကုန်မြို့တော်စည်ပင်မှာလုပ်ကိုင်ခွင့်လိုင်စင်လျှောက် ထားဆဲဖြစ်ပါတယ်။ လုပ်သားပြည်သူတွေကလည်း ပစ္စည်းတစ်ခုဝယ်လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ လာစမ်းလို့ရတယ်။ ရောင်းချတယ်ဆိုရင် လာစမ်းပြီးတော့မှ ဆိုင်ကိုသွားလို့ရတယ်။ ဆိုင်တွေနဲ့ ၁၅ ပဲရည်၊ ၁၆ ပဲရည်၊ ၁၄ ပဲရည်တို့ ငြင်းခုန်စရာမရှိတော့ဘူး။ ကျွန်တော်တို့က သမာဓိချိန်ခွင်သဘောမျိုးပေါ့။ ”ဟု ဦးမျိုးမြင့်ကပြောသည်။

နယ်ဈေးကွက်အတွင်းမှ ရွှေများလည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းတွင် စံချိန်စံညွှန်လာရောက်သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ဖေဖော်ဝါရီလ ၂၅ ရက် နေ့လည် ၂ နာရီခွဲဈေးနှုန်းအရ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာရှိပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁၉၃၄ဝဝဝ ကျပ်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေအရောင်းအဝယ်များကို ရွှေထိငွေထိ လက်ငင်းရောင်းသည့်စနစ်ကိုသာ ဆောင်ရွက်နေပြီး နယ်မှရွှေကုန်ကြမ်းအဝင်များနေ ကာ ရွှေသန့်စင်လုပ်ငန်းများဆက်တိုက်လုပ်ဆောင်နေရသော်လည်း ရုရှား-ယူကရိန်းစစ်ပွဲကြောင့် လှုပ် လှုပ်ခတ်ခတ်ဖြစ်လာသည့်အချိန်တွင် စီးပွားရေးသ မားများက ရွှေအဝယ်များလာပါက ဈေးနှုန်းမြင့်တက်လာမည့် သဘောရှိကြောင်း ဦးမျိုးမြင့်က သုံး သပ်ပြောကြား သည်။ ထို့ပြင် ဘဏ်များတွင် ရွှေအပ်နှံခွင့်ရရှိရန် ဗဟိုဘဏ်သို့တင်ထားဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းေ႐ႊမ်ား၏ စံခ်ိန္စံၫႊန္း တသမတ္တည္းျဖစ္ေစရန္ စံသမာဓိခ်ိန္ခြင္လုပ္ေဆာင္မည္
ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၅
ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) အေနျဖင့္ ျပည္တြင္းေ႐ႊမ်ား၏ စံခ်ိန္စံၫႊန္းသတ္မွတ္ေပးႏိုင္ေရးအတြက္ စံသမာဓိခ်ိန္ခြင္လုပ္ေဆာင္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္တြင္ ယခုလအတြင္းက လုပ္ကိုင္ခြင့္လိုင္စင္ေလွ်ာက္ထားခဲ့ေၾကာင္း အဆိုပါအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။

YGEA အသင္း၏ အလုပ္အမႈေဆာင္အစည္းအေဝးကို ယေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္)တြင္ က်င္းပခဲ့ၿပီး ေ႐ႊေစ်းႏႈန္းတည္ၿငိမ္ေစေရးအတြက္ ဆုံးျဖတ္ခ်က္ ၅ ရပ္ကို ခ်မွတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ ဆုံး ျဖတ္ခ်က္မ်ားတြင္ စံသမာဓိခ်ိန္ခြင္ေလွ်ာက္ထားေရးအတြက္ အခြန္ထမ္းရန္၊ ဇန္နဝါရီလပတ္ ေငြစာရင္းရွင္းတမ္းအတည္ျပဳရန္၊ အသင္း႐ုံးခန္းျပင္ပတြင္ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ေသာ အသင္းဝင္မ်ားအား တစ္လတိတိ အသင္းမွ ယာယီရပ္ဆိုင္းရန္၊ ေ႐ႊအ ေရာင္းအဝယ္ကိစၥမ်ားအား ညေန(၄)နာရီေနာက္ဆုံးထား လုပ္ေဆာင္ရန္ ႏွင့္ ေ႐ႊေစ်းႏႈန္းတည္ၿငိမ္ေစေရးဝိုင္းဝန္းေဆာင္႐ြက္ၾကရန္တို႔ပါဝင္ေၾကာင္း သိရသည္။

“ေရာင္းမယ့္ဝယ္မယ့္ေ႐ႊကို စံခ်ိန္စံၫႊန္းစမ္းေပးတာေပါ့။ အဲဒါကို ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ ငန္းရွင္မ်ားအသင္းကလုပ္ေပးပါ့မယ္။ အဲဒါကိုလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွာလုပ္ကိုင္ခြင့္လိုင္စင္ေလွ်ာက္ ထားဆဲျဖစ္ပါတယ္။ လုပ္သားျပည္သူေတြကလည္း ပစၥည္းတစ္ခုဝယ္လာတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ လာစမ္းလို႔ရတယ္။ ေရာင္းခ်တယ္ဆိုရင္ လာစမ္းၿပီးေတာ့မွ ဆိုင္ကိုသြားလို႔ရတယ္။ ဆိုင္ေတြနဲ႔ ၁၅ ပဲရည္၊ ၁၆ ပဲရည္၊ ၁၄ ပဲရည္တို႔ ျငင္းခုန္စရာမရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔က သမာဓိခ်ိန္ခြင္သေဘာမ်ိဳးေပါ့။ ”ဟု ဦးမ်ိဳးျမင့္ကေျပာသည္။

နယ္ေဈးကြက္အတြင္းမွ ေ႐ႊမ်ားလည္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းတြင္ စံခ်ိန္စံၫႊန္လာေရာက္သတ္မွတ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ေဖေဖာ္ဝါရီလ ၂၅ ရက္ ေန႔လည္ ၂ နာရီခြဲေဈးႏႈန္းအရ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ၁၉၁၄ ေဒၚလာရွိၿပီး ျပည္တြင္းအေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ ၁၉၃၄ဝဝဝ က်ပ္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းေ႐ႊအေရာင္းအဝယ္မ်ားကို ေ႐ႊထိေငြထိ လက္ငင္းေရာင္းသည့္စနစ္ကိုသာ ေဆာင္႐ြက္ေနၿပီး နယ္မွေ႐ႊကုန္ၾကမ္းအဝင္မ်ားေန ကာ ေ႐ႊသန႔္စင္လုပ္ငန္းမ်ားဆက္တိုက္လုပ္ေဆာင္ေနရေသာ္လည္း ႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ လႈပ္ လႈပ္ခတ္ခတ္ျဖစ္လာသည့္အခ်ိန္တြင္ စီးပြားေရးသ မားမ်ားက ေ႐ႊအဝယ္မ်ားေလပါက ေဈးႏႈန္းျမင့္တက္လာမည့္ သေဘာရွိေၾကာင္း ဦးမ်ိဳးျမင့္က သုံး သပ္ေျပာၾကား သည္။ ထို႔ျပင္ ဘဏ္မ်ားတြင္ ေ႐ႊအပ္ႏွံခြင့္ရရွိရန္ ဗဟိုဘဏ္သို႔တင္ထားဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.