ရန်ကုန်တိုင်းအတွင်း တစ်ရက်တည်း၌ အထည်ချုပ်စက်ရုံတစ်ခုအပါအဝင် မီးလောင်မှုဖြစ်စဉ် ငါးကြိမ်ထက်မနည်းဖြစ်ပွား

 989

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းအတွင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တစ်ရက်တည်း၌ အထည်ချုပ်စက်ရုံတစ်ခုအပါအဝင် မီးလောင်မှုဖြစ်စဉ် ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း(၄)၊ မြဝတီမင်းကြီးလမ်းရှိ အထည်ချုပ်စက်ရုံ တစ်ခု၌ ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်မှစ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်စဉ်ကို Level 3 အထိသတ်မှတ်ကာ မီးသတ်ယာဉ်အများအပြားဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး နံနက် ၁ဝ နာရီ ၄၄ မိနစ်အချိန်ခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မတွေ့ရကြောင်းနှင့် မီးသတ်သမားများနှင့်ပတ်သက်၍ လိုအပ်သောကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောကြားသည်။

ထို့အတူ ယနေ့ နံနက် ၉နာရီ ၁၂ အချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ စက်ဝန်း(၃)လမ်း၊ Super One ကုန်တိုက်အနီးရှိ နေအိမ်တစ်လုံးတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုအား Level 2 အဆင့်ထိ သတ်မှတ်ကာ မီးသတ်ယာဉ်များဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဆက်လက်ပြီး ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအနီးတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယနေ့ နေ့လည် ၁ နာရီ ၅၂ မိနစ်ခန့်တွင် ပျဉ်းမပင်ကျေးရွာအနီး ကိုင်းတောမီးလောင်မှုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ရာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်၏ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ယနေ့ နေ့လည် ၃ နာရီ ၈ မိနစ်အချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအနီးတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္း တစ္ရက္တည္း၌ အထည္ခ်ဳပ္စက္႐ုံတစ္ခုအပါအဝင္ မီးေလာင္မႈျဖစ္စဥ္ ငါးႀကိမ္ထက္ မနည္းျဖစ္ပြား
မ်ဳိးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၈
ရန္ကုန္တိုင္းအတြင္း ယေန႔ (ေဖေဖာ္ဝါရီ ၂၈ ရက္) တစ္ရက္တည္း၌ အထည္ခ်ဳပ္စက္႐ုံတစ္ခုအပါအဝင္ မီးေလာင္မႈျဖစ္စဥ္ ငါးႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ တပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္ မ်ားအရ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္အပိုင္း(၄)၊ ျမဝတီမင္းႀကီးလမ္းရွိ အထည္ခ်ဳပ္စက္႐ုံ တစ္ခု၌ ယေန႔ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္မွစ၍ မီးစတင္ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါအထည္ခ်ဳပ္စက္႐ုံ၌ မီးေလာင္မႈျဖစ္စဥ္ကို Level 3 အထိသတ္မွတ္ကာ မီးသတ္ယာဥ္အမ်ားအျပားျဖင့္ မီးၿငိမ္းသတ္ခဲ့ရၿပီး နံနက္ ၁ဝ နာရီ ၄၄ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္း သတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

၎မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ မေတြ႕ရေၾကာင္းႏွင့္ မီးသတ္သမားမ်ားႏွင့္ပတ္သက္၍ လိုအပ္ေသာကူညီမႈမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း လူမႈကယ္ဆယ္ေရးအဖြဲ႕တစ္ခုမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာၾကားသည္။

ထို႔အတူ ယေန႔ နံနက္ ၉နာရီ ၁၂ အခ်ိန္ခန႔္တြင္လည္း ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ မာန္ေအာင္ရပ္ကြက္၊ စက္ဝန္း(၃)လမ္း၊ Super One ကုန္တိုက္အနီးရွိ ေနအိမ္တစ္လုံးတြင္လည္း မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး မီးေလာင္မႈအား Level 2 အဆင့္ထိ သတ္မွတ္ကာ မီးသတ္ယာဥ္မ်ားျဖင့္ ၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ဆက္လက္ၿပီး ယေန႔ နံနက္ ၈ နာရီ ၅၅ မိနစ္ခန႔္တြင္လည္း ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပ်ဥ္းမပင္ ေက်း႐ြာအနီးတြင္ ေတာမီးေလာင္မႈျဖစ္ပြားခဲ့ရာ ၉ နာရီ ၁၅ မိနစ္ခန႔္တြင္ မီးၿငိွမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ယေန႔ ေန႔လည္ ၁ နာရီ ၅၂ မိနစ္ခန႔္တြင္ ပ်ဥ္းမပင္ေက်း႐ြာအနီး ကိုင္းေတာမီးေလာင္မႈျဖစ္စဥ္ ထပ္မံျဖစ္ပြားခဲ့ရာ သြားေရာက္မီးၿငိွမ္းသတ္ခဲ့ရေၾကာင္း မီးသတ္တပ္၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ထို႔ျပင္ ယေန႔ ေန႔လည္ ၃ နာရီ ၈ မိနစ္အခ်ိန္ခန႔္တြင္လည္း ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေလွာ္ကား ေက်း႐ြာအနီးတြင္ ကိုင္းေတာမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.