လှိုင်သာယာရှိ ငွေပင်လယ်စက်မှုဇုန်အပါအဝင် ရန်ကုန်တိုင်းအတွင်း တစ်ရက်တည်း မီးလောင်မှု(၃)ကြိမ်ဖြစ်ပွား

 1052

ပုံစာ -ငွေပင်လယ်စက်မှုဇုန်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု

ရဲပြည့် (NP News) - မတ် ၁
ရန်ကုန်မြို့တွင် ယနေ့ (မတ်လ ၁ ရက်)အတွင်း မီးလောင်မှုသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုများသည် လှိုင်သာယာမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုန်နှင့် အမှတ်(၆)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းတွင် ယနေ့ နံနက် ၅ နာရီ ၄၆ မိနစ်ခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ်အများအပြားဖြင့် နံနက် ၆ နာရီ ၄၆ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆/၁၂)ရပ် ကွက်၊ ရွှေညာမောင်လမ်းတွင် ယနေ့ နံနက် ၅ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁ဝ မိနစ်အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၆)ရပ် ကွက်တွင် နေ့လည် ၁၁ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီးအဆိုပါ မီးလောင်မှုသည် မီးလန့်မှုဖြစ်ပွားခြင်းသာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) တွင်လည်း
မီးလောင်မှုဖြစ်စဉ် (၅)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း မီးလောင်မှုဖြစ် စဉ် (၁ဝ)ကြိမ်နီးပါးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံစာ - ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၆/၁၂)ရပ္ ကြက္၊ ေ႐ႊညာေမာင္လမ္းတြင္ျဖစ္ပြားခဲ့သည့္ မီးေလာင္ကြၽမ္းမႈ

zawgyi version
လႈိင္သာယာရွိ ေငြပင္လယ္စက္မႈဇုန္အပါအဝင္ ရန္ကုန္တိုင္းအတြင္း တစ္ရက္တည္း မီးေလာင္မႈ(၃)ႀကိမ္ျဖစ္ပြား
ရဲျပည့္ (NP News) - မတ္ ၁

ရန္ကုန္ၿမိဳ႕တြင္ ယေန႔ (မတ္လ ၁ ရက္)အတြင္း မီးေလာင္မႈသုံးႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ မီးေလာင္မႈမ်ားသည္ လႈိင္သာယာၿမိဳ႕နယ္ရွိ ေငြပင္လယ္စက္မႈဇုန္ႏွင့္ အမွတ္(၆)ရပ္ကြက္၊ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ ေငြပင္လယ္စက္မႈဇုန္၊ ဆိပ္ကမ္းသာလမ္းတြင္ ယေန႔ နံနက္ ၅ နာရီ ၄၆ မိနစ္ခန႔္တြင္ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးသတ္ယာဥ္အမ်ားအျပားျဖင့္ နံနက္ ၆ နာရီ ၄၆ မိနစ္အခ်ိန္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၆/၁၂)ရပ္ ကြက္၊ ေ႐ႊညာေမာင္လမ္းတြင္ ယေန႔ နံနက္ ၅ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး နံနက္ ၆ နာရီ ၁ဝ မိနစ္အခ်ိန္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔အတူ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္ (၆)ရပ္ ကြက္တြင္ ေန႔လည္ ၁၁ နာရီ ၃၉ မိနစ္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးအဆိုပါ မီးေလာင္မႈသည္ မီးလန႔္မႈျဖစ္ပြားျခင္းသာျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းအတြင္း ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၈ ရက္) တြင္လည္း မီးေလာင္မႈျဖစ္စဥ္ (၅)ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့သည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ႏွစ္ရက္အတြင္း မီးေလာင္မႈျဖစ္ စဥ္ (၁ဝ)ႀကိမ္နီးပါးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။း

Related news

© 2021. All rights reserved.