ခိုင်နှင်းဝေ က သားလေး အာကြီး အတွက် ခွဲစိတ်ကုသပေးမယ့်အစီအစဉ်ကို အသိပေးလာ

1035

NP News - မတ်လ ၁
ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာမှာ ခေါ်ယူမွေးစားထားပြီး ခိုင်နှင်းဝေအပါအဝင် အများက သားလေးအာကြီး လို့ ချစ်စနိုးနဲ့ခေါ်တဲ့ သားလေး မောင်ထက်ဦးမောင်ကို ခွဲစိတ်ကုသပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ခိုင်နှင်းဝေဟာ သားလေးအာကြီးကို ခေါ်ယူမွေးစားခဲ့စဉ်ကတည်းက မွေးရာပါရောဂါဖြစ်တဲ့ အာခေါင်ပြဲနေခြင်း၊ မေရိုးမပါခြင်းတွေကို ခွဲစိတ်ကုသပေးနိုင်ဖို့အတွက် လိုအပ်တဲ့ဆေးစစ်မှုများ၊ ကုသမှုများခံယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကလေးဟာ ငယ်လွန်းသေးတဲ့အတွက် ခွဲစိတ်ကုသမှုခံယူလို့ရနိုင်မယ့် အရွယ်နဲ့ အချိန်ကို စောင့်ဆိုင်းရင်း ကျန်းမာရေးကောင်းမွန်စေဖို့ ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။
သားလေးအာကြီးရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ခိုင်နှင်းဝေရဲ့ပြောပြချက်အရ အာကြီး(ခ) သားလေး ထက်ဦးမောင်ရဲ့ CT အဖြေတွေအရ အတွင်းပိုင်း ခေါင်းရိုးမှာ(မွေးရာပါ) ချိုင့်ဝင်နေတဲ့ ကုသမှရမယ့် ဒဏ်ရာတချို့ရှိနေကြောင်း၊ အာခေါင် ၊ မေရိုး၊ နားရွက်များအတွက်လည်း ခွဲစိတ်ကုသရမှာဖြစ်ကြောင်း၊ အဆိုပါကလေးဟာ ခွဲစိတ်ကုသမှုအဆင့်(၃) ဆင့်ခွဲကာ ခွဲစိတ်ရမှာဖြစ်မှာဖြစ်ပြီး အသက်ငါးနှစ်ဝန်းကျင်မှသာ မျက်နှာအနေအထားကိုပုံပြောင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေအရ ကလေးဟာ အသက်(၁) နှစ်ကျော် (၂) နှစ်ဝန်းကျင်သာရှိသေးတဲ့အတွက် အစားစားနိုင်အောင်သာ ခွဲစိတ်ကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေကတော့ သားလေးအာကြီးအတွက် အကောင်းဆုံးသောကုသမှုမျိုးတွေကို ဆောင်ရွက်ပေးနိုင်အောင် ရည်ရွယ်ထားသလို စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ ၎င်းကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှတဆင့် ရေးသားဖော်ပြကာ အသိပေးထားပါတယ်။
ခိုင်နှင်းဝေဟာ ဂေဟာမှာမွေးစားထားတဲ့ ကလေးတစ်ဦးချင်းစီရဲ့ကျန်းမာရေးပိုင်းကို အဓိကထား ဂရုတစိုက် စောင့်ရှောက်တာကိုမြင်တွေ့ရပြီး သားလေးအားကြီးကိုဆိုရင်လည်း ကျန်းမာသန်စွမ်းတဲ့ကလေးငယ်လေးတွေ ထက် ပိုဂရုစိုက်တာ တွေ့ရသလို လူအများရဲ့ချစ်ခင်မှုကို အများဆုံးရရှိထားတာကိုတွေ့ရပါတယ်။

Zawgyi Version;
ခိုင္ႏွင္းေဝ က သားေလး အာႀကီး အတြက္ ခြဲစိတ္ကုသေပးမယ့္အစီအစဥ္ကို အသိေပးလာ
NP News - မတ္လ ၁
ခိုင္ႏွင္းေဝရင္ခြင္ရိပ္ၿမဳံေဂဟာမွာ ေခၚယူေမြးစားထားၿပီး ခိုင္ႏွင္းေဝအပါအဝင္ အမ်ားက သားေလးအာႀကီး လို႔ ခ်စ္စႏိုးနဲ႔ေခၚတဲ့ သားေလး ေမာင္ထက္ဦးေမာင္ကို ခြဲစိတ္ကုသေပးေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။
ခိုင္ႏွင္းေဝဟာ သားေလးအာႀကီးကို ေခၚယူေမြးစားခဲ့စဥ္ကတည္းက ေမြးရာပါေရာဂါျဖစ္တဲ့ အာေခါင္ၿပဲေနျခင္း၊ ေမ႐ိုးမပါျခင္းေတြကို ခြဲစိတ္ကုသေပးႏိုင္ဖို႔အတြက္ လိုအပ္တဲ့ေဆးစစ္မႈမ်ား၊ ကုသမႈမ်ားခံယူခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ကေလးဟာ ငယ္လြန္းေသးတဲ့အတြက္ ခြဲစိတ္ကုသမႈခံယူလို႔ရႏိုင္မယ့္ အ႐ြယ္နဲ႔ အခ်ိန္ကို ေစာင့္ဆိုင္းရင္း က်န္းမာေရးေကာင္းမြန္ေစဖို႔ ျပဳစုေစာင့္ေရွာက္ခဲ့တာျဖစ္ပါတယ္။
သားေလးအာႀကီးရဲ႕က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး ခိုင္ႏွင္းေဝရဲ႕ေျပာျပခ်က္အရ အာႀကီး(ခ) သားေလး ထက္ဦးေမာင္ရဲ႕ CT အေျဖေတြအရ အတြင္းပိုင္း ေခါင္း႐ိုးမွာ(ေမြးရာပါ) ခ်ိဳင့္ဝင္ေနတဲ့ ကုသမွရမယ့္ ဒဏ္ရာတခ်ိဳ႕ရွိေနေၾကာင္း၊ အာေခါင္ ၊ ေမ႐ိုး၊ နား႐ြက္မ်ားအတြက္လည္း ခြဲစိတ္ကုသရမွာျဖစ္ေၾကာင္း၊ အဆိုပါကေလးဟာ ခြဲစိတ္ကုသမႈအဆင့္(၃) ဆင့္ခြဲကာ ခြဲစိတ္ရမွာျဖစ္မွာျဖစ္ၿပီး အသက္ငါးႏွစ္ဝန္းက်င္မွသာ မ်က္ႏွာအေနအထားကိုပုံေျပာင္းႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိအေျခအေနအရ ကေလးဟာ အသက္(၁) ႏွစ္ေက်ာ္ (၂) ႏွစ္ဝန္းက်င္သာရွိေသးတဲ့အတြက္ အစားစားႏိုင္ေအာင္သာ ခြဲစိတ္ကုသေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ခိုင္ႏွင္းေဝကေတာ့ သားေလးအာႀကီးအတြက္ အေကာင္းဆုံးေသာကုသမႈမ်ိဳးေတြကို ေဆာင္႐ြက္ေပးႏိုင္ေအာင္ ရည္႐ြယ္ထားသလို စီစဥ္ေပးသြားမွာ ျဖစ္တယ္လို႔ ၎ကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္အေကာင့္မွတဆင့္ ေရးသားေဖာ္ျပကာ အသိေပးထားပါတယ္။
ခိုင္ႏွင္းေဝဟာ ေဂဟာမွာေမြးစားထားတဲ့ ကေလးတစ္ဦးခ်င္းစီရဲ႕က်န္းမာေရးပိုင္းကို အဓိကထား ဂ႐ုတစိုက္ ေစာင့္ေရွာက္တာကိုျမင္ေတြ႕ရၿပီး သားေလးအားႀကီးကိုဆိုရင္လည္း က်န္းမာသန္စြမ္းတဲ့ကေလးငယ္ေလးေတြ ထက္ ပိုဂ႐ုစိုက္တာ ေတြ႕ရသလို လူအမ်ားရဲ႕ခ်စ္ခင္မႈကို အမ်ားဆုံးရရွိထားတာကိုေတြ႕ရပါတယ္။