ပြေတီဦးတို့ဇနီးမောင်နှံ၊ လူမင်း၊ ပိုင်တံခွန်အပါအဝင် အနုပညာရှင်တချို့အား တောင်သူလယ်သမားနေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်

1757

NP News - မတ် ၂
ပုဒ်မ၅ဝ၅(က) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည် ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အပါအဝင် လူမင်း၊ ပိုင်တံခွန်၊ ဝင်းမင်းသန်းနဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီကနေ့ (မတ်လ ၂ ရက်) တောင်သူလယ်သမား နေ့မှာ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်နဲ့ ပြန်လည်လွှတ်ပေးမယ်လို့ နစကရဲ့ ပြန်ကြားရေးဘက်က NP News ကိုအတည်ပြုပြောကြား လာပါတယ်။
ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ကို အနုပညာနဲ့ နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်းကို ၎င်း ကျခံလျက်ရှိတဲ့ ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က နဲ့ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနဲ့ ဒါရိုက်တာ ဝိုင်းအပေါ် အရေးယူထားတဲ့ပြစ်မှုကို ပိတ်သိမ်းပေးခဲ့တယ်လို့ နစက ပြန်ကြားရေးဘက်က ထုတ်ပြန်လိုက်ပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုအ ပေါ် ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်အပါအဝင် အနုပညာရှင်အများအပြားဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းနောက် မြန်မာစစ်တပ်ဘက်က အဆိုပါအနုပညာရှင်တွေအပေါ် တိုင်းပြည်ဆူပူအောင်လှုံ့ဆော်ဆောင်ရွက်သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅(က)နဲ့ အမှုဖွင့်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်းသရုပ်ဆောင်လူမင်းဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေးနဲ့ပါဝင်ပတ် သက်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်အဖြစ် ပထမဆုံးအကြိမ် ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂ဝ၂၁ ခုနှစ် ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် ပြေတီဦးတို့ဇနီးမောင်နှံ၊ လူမင်း၊ ဝင်းမင်းသန်းတို့ကလည်း ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်က အင်းစိန်အ ကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီကျခံစေဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။
ဒါ့ပြင် ဒါရိုက်တာဝိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၂ဝ၂၂ ခုနှစ် ဖေ ဖော်ဝါရီလ ၉ ရက်မှာ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ၎င်းရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။
ယနေ့ တောင်သူလယ်သမားနေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်များအပါအဝင် ဆန္ဒပြမှုမှာပါဝင်တဲ့ လူငယ်တွေကိုလည်း လွှတ်ပေးသွားဖို့ရှိတယ်လို့သိရပါတယ်။
ဒါ့ပြင် မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မလေးရှားနိုင်ငံ သားတစ်ဦးကိုလည်း နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ၎င်းကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
နာမည်ကြီး အနုပညာရှင်တွေကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အ ထိမ်းအမှတ် လွတ်ငြိမ်းခွင့်ထဲမှာပါဝင်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်ပါဝင်လာခြင်းမရှိဘဲ ယနေ့ (မတ်လ ၂ ရက်)မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတာဖြစ်ပါတယ်။

zawgyi version
ေျပတီဦးတို႔ဇနီးေမာင္ႏွံ၊ လူမင္း၊ ပိုင္တံခြန္အပါအဝင္ အႏုပညာရွင္တခ်ိဳ႕အား ေတာင္သူလယ္သမားေန႔၌ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျဖင့္ ျပန္လြတ္
NP News - မတ္ ၂
ပုဒ္မ၅ဝ၅(က) ျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီေျပတီဦး၊ အိျႏၵာေက်ာ္ဇင္တို႔အပါအဝင္ လူမင္း၊ ပိုင္တံခြန္၊ ဝင္းမင္းသန္းနဲ႔ ဒါ႐ိုက္တာဝိုင္းတို႔ကို ဒီကေန႔ (မတ္လ ၂ ရက္) ေတာင္သူလယ္သမား ေန႔မွာ ျပစ္ဒဏ္လြတ္ ၿငိမ္းခြင့္နဲ႔ ျပန္လည္လႊတ္ေပးမယ္လို႔ နစကရဲ႕ ျပန္ၾကားေရးဘက္က NP News ကိုအတည္ျပဳေျပာၾကား လာပါတယ္။
ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ပိုင္တံခြန္တို႔ကို အႏုပညာနဲ႔ ႏိုင္ငံေတာ္တည္ ေဆာက္ေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ ၎တို႔ က်ခံဖို႔ရွိတဲ့ ျပစ္ဒဏ္ေတြကို လြတ္ၿငိမ္းခြင့္ျပဳခဲ့ၿပီး ဝင္းမင္းသန္းကို ၎ က်ခံလ်က္ရွိတဲ့ ျပစ္ဒဏ္မ်ားအနက္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က နဲ႔က်ခံဖို႔ရွိတဲ့ ျပစ္ဒဏ္ေတြကို လြတ္ၿငိမ္းခြင့္ျပဳခဲ့ေၾကာင္းနဲ႔ ဒါ႐ိုက္တာ ဝိုင္းအေပၚ အေရးယူထားတဲ့ျပစ္မႈကို ပိတ္သိမ္းေပးခဲ့တယ္လို႔ နစက ျပန္ၾကားေရးဘက္က ထုတ္ျပန္လိုက္ပါတယ္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ကစၿပီး စစ္တပ္ရဲ႕ အာဏာသိမ္းမႈအ ေပၚ ကန႔္ကြက္ဆန႔္က်င္တဲ့အေနနဲ႔ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ပိုင္တံခြန္အပါအဝင္ အႏုပညာရွင္အမ်ားအျပားဟာ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။
ယင္းေနာက္ ျမန္မာစစ္တပ္ဘက္က အဆိုပါအႏုပညာရွင္ေတြအေပၚ တိုင္းျပည္ဆူပူေအာင္လႈံ႕ေဆာ္ေဆာင္႐ြက္သည္ဟုဆိုကာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅(က)နဲ႔ အမႈဖြင့္ကာ ဖမ္းဆီးတရားစြဲဆိုခဲ့တာျဖစ္ပါတယ္။
ျမန္မာ့႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ေဟာင္းသ႐ုပ္ေဆာင္လူမင္းဟာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းက ဖမ္းဆီးခံခဲ့ရၿပီး ႏိုင္ငံေရးနဲ႔ပါဝင္ပတ္ သက္ခဲ့တဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္အျဖစ္ ပထမဆုံးအႀကိမ္ ဖမ္းဆီးခံရတာလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ ၂ဝ၂၁ ခုႏွစ္ ဧၿပီလအတြင္းက ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။
ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာဆိုရင္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅ဝ၅(က) နဲ႔ ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္ခဲ့တာျဖစ္ၿပီး သ႐ုပ္ေဆာင္ ေျပတီဦးတို႔ဇနီးေမာင္ႏွံ၊ လူမင္း၊ ဝင္းမင္းသန္းတို႔ကလည္း ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၃ဝ ရက္က အင္းစိန္အ က်ဥ္းေထာင္အတြင္းရွိ အထူးတရား႐ုံးက အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္စီက်ခံေစဖို႔ အမိန႔္ခ်မွတ္ခံခဲ့ရပါတယ္။
ဒါ့ျပင္ ဒါ႐ိုက္တာဝိုင္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ၂ဝ၂၂ ခုႏွစ္ ေဖ ေဖာ္ဝါရီလ ၉ ရက္မွာ ရန္ကုန္တိုင္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ၎ရဲ႕ေနအိမ္မွာ ဖမ္းဆီးခံခဲ့တာျဖစ္ပါတယ္။
ယေန႔ ေတာင္သူလယ္သမားေန႔မွာေတာ့ ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္မ်ားအပါအဝင္ ဆႏၵျပမႈမွာပါဝင္တဲ့ လူငယ္ေတြကိုလည္း လႊတ္ေပးသြားဖို႔ရွိတယ္လို႔သိရပါတယ္။
ဒါ့ျပင္ မူးယစ္ေဆးဝါးမႈနဲ႔ ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္က်ခံေနရတဲ့ မေလးရွားႏိုင္ငံ သားတစ္ဦးကိုလည္း ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ဆက္ဆံေရးကို ေရွးရႈ၍လည္းေကာင္း၊ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားေသာအားျဖင့္လည္းေကာင္း ၎က်ခံရန္က်န္ရွိတဲ့ ျပစ္ဒဏ္ေတြကို ဒီကေန႔မွာ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳခဲ့တယ္လို႔ သိရပါတယ္။
နာမည္ႀကီး အႏုပညာရွင္ေတြကို ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္က က်ေရာက္တဲ့ (၇၅) ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အ ထိမ္းအမွတ္ လြတ္ၿငိမ္းခြင့္ထဲမွာပါဝင္လာမယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့ေပမယ့္ပါဝင္လာျခင္းမရွိဘဲ ယေန႔ (မတ္လ ၂ ရက္)မွာက်ေရာက္တဲ့ ေတာင္သူလယ္သမားေန႔မွာ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ျပန္လြတ္လာတာျဖစ္ပါတယ္။