ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နေအိမ်သို့ပြန်လည်ရောက်ရှိ

1939

NP News - မတ် ၂
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ကျန်းမာစွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အိန္ဒြာကျော်ဇင်ရဲ့အစ်မဖြစ်သူ မအိကျော်ဇင်မှ အတည်ပြုပြောပါတယ်။
“မောင်လေး ပြေတီဦးနဲ့ ညီမလေးအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနေအိမ်ကို ကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိ ပြီ။ ဒီရက်ပိုင်းဖုန်းတွေ ပြန်မဖြေဖြစ်ရင်နားလည်ပေးကြပါရှင်။ ဆုတောင်းမေတ္တာပို့ပေးတဲ့ တစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးတင်ပါတယ်ရှင်” လို့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ မအိကျော်ဇင်က ၎င်းကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်မှတဆင့် ပရိသတ်များကို အသိပေးလာတာဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့မိတ်ကပ်ဆရာဖြစ်သူကလည်း “ဦးတီနဲ့ အစ်မ တို့ အိမ်ပြန်ရောက်ပါပြီ” လို့ အတည်ပြု ဖော်ပြခဲ့ပါသေးတယ်။
နစကဘက်က ဒီနေ့ (မတ်လ ၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဝင်းမင်းသန်းနဲ့ ဒါရိုက်တာဝိုင်းတို့အပါအဝင် ဖမ်းဆီးခံပြည်သူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ တာဖြစ်ပါတယ်။
ဒါပေမယ့် Beauty Blogger ဝင်းမင်းသန်းကတော့ ၎င်းကျခံလျက်ရှိတဲ့ ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က) ဖြင့် ကျခံဖို့ရှိတဲ့ပြစ်ဒဏ်တွေကိုသာ လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ပြီး အဆိုတော်ပိုပိုနဲ့ သရုပ်ဆောင် ရဲတိုက်တို့ကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲ ပါဝင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ နောက်ပိုင်းမှစတင်ကာ ပြည်သူလူထုနဲ့အတူ ဖမ်းဆီးခံခေါင်းဆောင်များအား ပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရတာဖြစ်ပါတယ်။
၎င်းတို့ဇနီးမောင်နှံနှစ်ဦးကို စစ်တပ်ဘက်က ၂ဝ၂၁ ခုနှစ် ဧပြီလအတွင်းက ဖမ်းဆီးခဲ့ရတာဖြစ်ပြီး တစ်နှစ်နီးပါးကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရကာ ဒီနေ့ မတ်လ ၂ ရက်နေ့မှာတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာမျိုးဖြစ်ပါတယ်။
နစကရဲ့ထုတ်ပြန်ချက်အရ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ကို အနုပညာနဲ့ နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံဖို့ရှိတဲ့ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ခွင့်ပြုခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

Zawgyi Version;
ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ေနအိမ္သို႔ျပန္လည္ေရာက္ရွိ
NP News - မတ္ ၂
သရုပ္ေဆာင္ ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္တို႔ က်န္းမာစြာျဖင့္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိၿပီျဖစ္ေၾကာင္း အိျႏၵာေက်ာ္ဇင္ရဲ႕အစ္မျဖစ္သူ မအိေက်ာ္ဇင္မွ အတည္ျပဳေျပာပါတယ္။
“ေမာင္ေလး ေျပတီဦးနဲ႔ ညီမေလးအိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံေနအိမ္ကို က်န္းက်န္းမာမာနဲ႔ျပန္လည္ေရာက္ရွိ ၿပီ။ ဒီရက္ပိုင္းဖုန္းေတြ ျပန္မေျဖျဖစ္ရင္နားလည္ေပးၾကပါရွင္။ ဆုေတာင္းေမတၱာပို႔ေပးတဲ့ တစ္ေယာက္ခ်င္းစီ တိုင္းကို ေက်းဇူးတင္ပါတယ္ရွင္” လို႔ အိၿႏၵာေက်ာ္ဇင္ရဲ႕ အစ္မျဖစ္သူ မအိေက်ာ္ဇင္က ၄င္းကို္ယ္တိုင္အသံုးျပဳတဲ့ လူမႈကြန္ရက္မွတဆင့္ ပရိသတ္မ်ားကို အသိေပးလာတာျဖစ္ပါတယ္။
အိျႏၵာေက်ာ္ဇင္ရဲ႕မိတ္ကပ္ဆရာျဖစ္သူကလည္း “ဦးတီနဲ႔ အစ္မ တို႔ အိမ္ျပန္ေရာက္ပါၿပီ” လို႔ အတည္ျပဳ ေဖာ္ျပခဲ့ပါေသးတယ္။
နစကဘက္က ဒီေန႔ (မတ္လ ၂) ရက္ေန႔မွာ က်ေရာက္တဲ့ ေတာင္သူလယ္သမားေန႔အထိမ္းအမွတ္အျဖစ္ ပုဒ္မ ၅ဝ၅(က) ျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရတဲ့ ရုပ္ရွင္သရုပ္ေဆာင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ပိုင္တံခြန္၊ ဝင္းမင္းသန္းနဲ႔ ဒါရိုက္တာဝိုင္းတို႔အပါအဝင္ ဖမ္းဆီးခံျပည္သူအခ်ဳိ႕ကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့ တာျဖစ္ပါတယ္။
ဒါေပမယ့္ Beauty Blogger ဝင္းမင္းသန္းကေတာ့ ၎က်ခံလ်က္ရွိတဲ့ ျပစ္ဒဏ္မ်ားအနက္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅(က) ျဖင့္ က်ခံဖို႔ရွိတဲ့ျပစ္ဒဏ္ေတြကိုသာ လြတ္ၿငိမ္းခြင့္ျပဳခဲ့တာျဖစ္ၿပီး အဆိုေတာ္ပိုပိုနဲ႔ သရုပ္ေဆာင္ ရဲတိုက္တို႔ကေတာ့ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ထဲ ပါဝင္ခဲ့ျခင္းမရွိတာကို ေတြ႕ရပါတယ္။
သရုပ္ေဆာင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံဟာ ျမန္မာႏိုင္ငံမွာစစ္တပ္အာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ ေဖေဖာ္ဝါရီလ(၁) ရက္ေန႔ ေနာက္ပိုင္းမွစတင္ကာ ျပည္သူလူထုနဲ႔အတူ ဖမ္းဆီးခံေခါင္းေဆာင္မ်ားအား ျပန္လႊတ္ေပးေရး ဆႏၵထုတ္ေဖာ္ပြဲေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာေၾကာင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅ဝ၅(က) ျဖင့္ ဖမ္းဆီးအေရးယူခံခဲ့ရတာျဖစ္ပါတယ္။
၄င္းတို႔ဇနီးေမာင္ႏွံႏွစ္ဦးကို စစ္တပ္ဘက္က ၂ဝ၂၁ ခုႏွစ္ ဧၿပီလအတြင္းက ဖမ္းဆီးခဲ့ရတာျဖစ္ၿပီး တစ္ႏွစ္နီးပါးၾကာ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံခဲ့ရကာ ဒီေန႔ မတ္လ ၂ ရက္ေန႔မွာေတာ့ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာတာမ်ဳိးျဖစ္ပါတယ္။
နစကရဲ႕ထုတ္ျပန္ခ်က္အရ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ပိုင္တံခြန္တို႔ကို အႏုပညာနဲ႔ ႏိုင္ငံေတာ္တည္ ေဆာက္ေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ ၎တို႔က်ခံဖို႔ရွိတဲ့ျပစ္ဒဏ္ေတြကို လြတ္ၿငိမ္း ခြင့္ျပဳျခင္းျဖစ္ေၾကာင္း ထည့္သြင္းေဖာ္ျပထားတာကို ေတြ႕ရပါတယ္။