စစ်ကိုင်းတိုင်းအတွင်း မြေဧက သုံးသိန်းနီးပါရှိသော နယ်မြေကို မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်

 1229

မျိုးကြီး (NP News) - မတ် ၃
စစ်ကိုင်းတိုင်းအတွင်း မြေဧက သုံးသိန်းနီးပါရှိသော နယ်မြေကို မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ထားကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်နှင့် ကလေးခရိုင်၊ ကလေးဝနှင့် မင်းကင်းမြို့နယ်အတွင်းရှိ နယ်နိမိတ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၉ဝ၁၄ဝ ဒသမ ၈၃၅၈ ဧကရှိသောနယ်မြေကို ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်အလို့ငှာ မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ်သတ်မှတ်လိုက်ကြောင်း ကြေညာထားသည်။

အဆိုပါ မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ဘေးမဲ့တောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းကိုဖြစ်စေ၊ ဓာတ်သတ္တုအညစ်အကြေးကိုဖြစ်စေ လက်ဝယ်ထားရှိခြင်း သို့မဟုတ် စွန့်ပစ်ခြင်း၊ ရေထု၊ လေထုကို တမင်ညစ်ညမ်းစေခြင်းတို့ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ထို့ပြင် ၎င်းဘေးမဲ့တော့အတွင်း မည်သည့်တောရိုင်းတိရစ္ဆာန်ကိုမျှ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအ တွင်းသော်လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်ထိစပ်ဆက်စပ်နေသည့် နေရာများအတွင်းသော်လည်းကောင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အနာတရဖြစ်စေခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ လွှဲပြောင်းခြင်းများ မပြုလုပ်ရန်လည်း တားမြစ် ထားသည်။

မြန်မာနိုင်ငံ၌ သစ်တောများထာဝစဉ်တည်တံ့ရေး၊ ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးတို့ကို ပိုမိုဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသစ် တောများ ပြန်လည်တည်ထောင်ရေး (၁ဝ)နှစ်စီမံ ကိန်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ များ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် (၁ဝ)နှစ် စီမံကိန်းတို့ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၆) ခု နိုင်ငံဧရိယာ၏ ၆.ဝ၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး နိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးခင်မောင်ရီက ပြောကြားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝနယ်မြေများအဖြစ် ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မင်းဝံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ပဿပ အမျိုးသားဥယျာဉ်၊ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော( တိုးချဲ့) တို့ကို သတ်မှတ်ထားကြောင်းသိရသည်။

Zawgyi Version;
စစ္ကိုင္းတိုင္းအတြင္း ေျမဧက သုံးသိန္းနီးပါရွိေသာ နယ္ေျမကို မဟာၿမိဳင္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ထားဟုဆို
မ်ိဳးႀကီး (NP News) - မတ္ ၃

စစ္ကိုင္းတိုင္းအတြင္း ေျမဧက သုံးသိန္းနီးပါရွိေသာ နယ္ေျမကို မဟာၿမိဳင္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ထားေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။

စစ္ကိုင္းတိုင္း၊ ေမာ္လိုက္ခ႐ိုင္၊ ေမာ္လိုက္ၿမိဳ႕နယ္ႏွင့္ ကေလးခ႐ိုင္၊ ကေလးဝႏွင့္ မင္းကင္းၿမိဳ႕နယ္အတြင္းရွိ နယ္နိမိတ္အတြင္းက်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း ၂၉ဝ၁၄ဝ ဒသမ ၈၃၅၈ ဧကရွိေသာနယ္ေျမကို ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားထိန္းသိမ္းရန္အလို႔ငွာ မဟာၿမိဳင္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ အျဖစ္ သတ္မွတ္ ေၾကာင္း ေၾကညာထားသည္။

အဆိုပါ မဟာၿမိဳင္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာကို ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ားကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာဥပေဒအရႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ သတ္မွတ္ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ေဘးမဲ့ေတာအတြင္း က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္ျခင္း၊ အဆိပ္အေတာက္ျဖစ္ေစေသာ ပစၥည္းကိုျဖစ္ေစ၊ ဓာတ္သတၱဳအညစ္အေၾကးကိုျဖစ္ေစ လက္ဝယ္ထားရွိျခင္း သို႔မဟုတ္ စြန႔္ပစ္ျခင္း၊ ေရထု၊ ေလထုကို တမင္ညစ္ညမ္းေစျခင္းတို႔ မျပဳလုပ္ရန္ တားျမစ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ ၎ေဘးမဲ့ေတာ့အတြင္း မည္သည့္ေတာ႐ိုင္းတိရစာၦန္ကိုမွ် ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအ တြင္းေသာ္လည္းေကာင္း၊ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာႏွင့္ထိစပ္ဆက္စပ္ေနသည့္ ေနရာမ်ားအတြင္းေသာ္လည္းေကာင္း ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ အနာတရျဖစ္ေစျခင္း၊ ေရာင္းခ်ျခင္း၊ သယ္ေဆာင္ျခင္း၊ လႊဲေျပာင္းျခင္းမ်ား မျပဳလုပ္ရန္လည္း တားျမစ္ ထားသည္။

ျမန္မာႏိုင္ငံ၌ သစ္ေတာမ်ားထာဝစဥ္တည္တံ့ေရး၊ ေဂဟစနစ္မ်ား ျပန္လည္တည္ေထာင္ေရး၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲထိန္းသိမ္းေရး၊ ေက်းလက္ေနျပည္သူမ်ား၏ လူမႈဘဝျမႇင့္တင္ေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈေလ်ာ့ခ်ေရးတို႔ကို ပိုမိုေဆာင္႐ြက္ႏိုင္ရန္ ျမန္မာႏိုင္ငံသစ္ ေတာမ်ား ျပန္လည္တည္ေထာင္ေရး (၁ဝ)ႏွစ္စီမံ ကိန္း၊ ေတာ႐ိုင္းတိရစာၦန္မ်ားအတြက္ ေနရင္းေဒသ မ်ား ျပန္လည္တည္ေထာင္ျခင္းလုပ္ငန္းအစီအစဥ္ (၁ဝ)ႏွစ္ စီမံကိန္းတို႔ကို ႏိုင္ငံေတာ္ဘ႑ာေငြျဖင့္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ သဘာဝထိန္းသိမ္းေရးနယ္ေျမ (၄၆) ခု ႏိုင္ငံဧရိယာ၏ ၆.ဝ၈ ရာခိုင္ႏႈန္း ဖြဲ႕စည္းထားၿပီး ႏိုင္ငံဧရိယာ၏ ၁ဝ ရာခိုင္ႏႈန္းအထိ တိုးခ်ဲ႕ဖြဲ႕စည္းႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဦးခင္ေမာင္ရီက ေျပာၾကားထားသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း သဘာဝနယ္ေျမမ်ားအျဖစ္ ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ၊ ခ်ပ္သင္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ၊ မင္းဝံေတာင္ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ၊ အေလာင္းေတာ္ပႆပ အမ်ိဳးသားဥယ်ာဥ္၊ ဟူးေကာင္းခ်ိဳင့္ဝွမ္းေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ( တိုးခ်ဲ႕) တို႔ကို သတ္မွတ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.