ကမ္ဘာပေါ်ရှိ အသေးငယ်ဆုံးနိုင်ငံများ

7785

ဝတီ (NP News) - မတ် ၃
နိုင်ငံလို့ဆိုလိုက်ရင် လူတွေရဲ့မျက်စိထဲမှာ နေရာအ ကျယ်ကြီးကိုပဲ မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ နိုင်ငံသေးသေးလေးတွေလည်းရှိပြီး တချို့နိုင်ငံလေးတွေဟာ ဘယ်လောက်အထိ သေးသလဲဆိုရင် တခြားနိုင်ငံက မြို့ကြီးတစ်မြို့ရဲ့အကျယ်အဝန်းလောက်ပဲ ရှိတဲ့အထိပါပဲ။ ဒီလောက်အထိသာ ကျဉ်းပေမယ့် အဲဒီနိုင်ငံတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ် ပိုင်အစိုးရ၊ ကိုယ်ပိုင်ငွေကြေးစနစ် စသဖြင့် ရှိကြပါတယ်။ တချို့နိုင်ငံ ပိစိလေးတွေဆိုရင် အကျယ်အ ဝန်းအားဖြင့်သာ ပိစိလေးဆိုပေမယ့် ကမ္ဘာ့အချမ်း သာဆုံးတိုင်းပြည်တွေထဲ ပါနေပါတယ်။ ကဲ.. ဘယ် လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲနော်။ ဒီတော့ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ကမာၻေပၚရွိ အေသးငယ္ဆုံးႏိုင္ငံမ်ား
ဝတီ (NP News) - မတ္ ၃
ႏိုင္ငံလို႔ဆိုလိုက္ရင္ လူေတြရဲ႕မ်က္စိထဲမွာ ေနရာအ က်ယ္ႀကီးကိုပဲ ျမင္ေလ့ရွိပါတယ္။ ဒါေပမဲ့ ကမာၻေပၚမွာ ႏိုင္ငံေသးေသးေလးေတြလည္းရွိၿပီး တခ်ိဳ႕ႏိုင္ငံေလးေတြဟာ ဘယ္ေလာက္အထိ ေသးသလဲဆိုရင္ တျခားႏိုင္ငံက ၿမိဳ႕ႀကီးတစ္ၿမိဳ႕ရဲ႕အက်ယ္အဝန္းေလာက္ပဲ ရွိတဲ့အထိပါပဲ။ ဒီေလာက္အထိသာ က်ဥ္းေပမယ့္ အဲဒီႏိုင္ငံေတြမွာ ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ကိုယ္ ပိုင္အစိုးရ၊ ကိုယ္ပိုင္ေငြေၾကးစနစ္ စသျဖင့္ ရွိၾကပါတယ္။ တခ်ိဳ႕ႏိုင္ငံ ပိစိေလးေတြဆိုရင္ အက်ယ္အ ဝန္းအားျဖင့္သာ ပိစိေလးဆိုေပမယ့္ ကမာၻ႔အခ်မ္း သာဆုံးတိုင္းျပည္ေတြထဲ ပါေနပါတယ္။ ကဲ.. ဘယ္ ေလာက္ေတာင္ အံ့ၾသဖို႔ေကာင္းလိုက္သလဲေနာ္။ ဒီေတာ့ ကမာၻေပၚမွာ အေသးငယ္ဆုံး ႏိုင္ငံေတြက ဘယ္ႏိုင္ငံေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ဗာတီကန်စီးတီး Vatican City
ဗာတီကန်စီးတီးဟာ အကျယ် ဝ ဒသမ ၄၄ စတုရန်းကီ လိုမီတာပဲရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးတိုင်းပြည်ဖြစ်ပါတယ်။ ဗာတီကန်စီးတီးက အီတလီနိုင်ငံ၊ ရောမမြို့မှာ တည်ရှိပါတယ်။ ဒီနိုင်ငံသေးသေးလေးဟာ ခရီးသွားတွေကြား ဝက်ဝက်ကွဲ နာမည်ကြီးလှပါတယ်။ စိန့်ပီတာဘက်စီလီကာ (St Peters Basilica) ဆိုတဲ့ ကမ္ဘာကျော် ချာ့ချ်ကျောင်းကြီး၊ ကမ္ဘာကျော် ပန်းချီကားတွေနဲ့ ပန်းပုလက်ရာတွေကြောင့် ဗာတီကန်စီးတီးက အင်မတန် နာမည်ကြီးနေတာပါ။ ဒီနိုင်ငံလေးရဲ့ထူးခြားတဲ့ ဝိသေသကတော့ အမြဲတမ်းနေ ထိုင်တဲ့ နိုင်ငံသားမရှိတာပါပဲ။ ဗာတီကန်မှာ အလုပ်လုပ်တဲ့လူတွေနဲ့ သူတို့မိသားစုဝင်တွေကိုမှ နိုင်ငံသားဖြစ်ခွင့်ထုတ်ပေးတာဖြစ်ပြီး ဗာတီကန်မှာ အလုပ်ဆက်မလုပ်တော့ဘူးဆိုတာနဲ့ နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းလိုက်ပါသတဲ့။ ဒါကြောင့် အဲဒီမှာ လူဦးရေ ၈ဝဝ ဝန်းကျင်ပဲရှိတာပါ။ ဗာတီကန်စီးတီးမှာ သတ်မှတ်ထားတဲ့ တရားဝင်ရုံးသုံးဘာသာစကားတွေကတော့ အီတလီနဲ့ လက်တင်ပဲဖြစ်ပါတယ်။
zawgyi version
ဗာတီကန္စီးတီး Vatican City
ဗာတီကန္စီးတီးဟာ အက်ယ္ ဝ ဒသမ ၄၄ စတုရန္းကီ လိုမီတာပဲရွိတဲ့အတြက္ ကမာၻေပၚမွာ အေသးငယ္ဆုံးတိုင္းျပည္ျဖစ္ပါတယ္။ ဗာတီကန္စီးတီးက အီတလီႏိုင္ငံ၊ ေရာမၿမိဳ႕မွာ တည္ရွိပါတယ္။ ဒီႏိုင္ငံေသးေသးေလးဟာ ခရီးသြားေတြၾကား ဝက္ဝက္ကြဲ နာမည္ႀကီးလွပါတယ္။ စိန႔္ပီတာဘက္စီလီကာ (St Peters Basilica) ဆိုတဲ့ ကမာၻေက်ာ္ ခ်ာ့ခ်္ေက်ာင္းႀကီး၊ ကမာၻေက်ာ္ ပန္းခ်ီကားေတြနဲ႔ ပန္းပုလက္ရာေတြေၾကာင့္ ဗာတီကန္စီးတီးက အင္မတန္ နာမည္ႀကီးေနတာပါ။ ဒီႏိုင္ငံေလးရဲ႕ထူးျခားတဲ့ ဝိေသသကေတာ့ အၿမဲတမ္းေန ထိုင္တဲ့ ႏိုင္ငံသားမရွိတာပါပဲ။ ဗာတီကန္မွာ အလုပ္လုပ္တဲ့လူေတြနဲ႔ သူတို႔မိသားစုဝင္ေတြကိုမွ ႏိုင္ငံသားျဖစ္ခြင့္ထုတ္ေပးတာျဖစ္ၿပီး ဗာတီကန္မွာ အလုပ္ဆက္မလုပ္ေတာ့ဘူးဆိုတာနဲ႔ ႏိုင္ငံသားအျဖစ္ကေန ႐ုတ္သိမ္းလိုက္ပါသတဲ့။ ဒါေၾကာင့္ အဲဒီမွာ လူဦးေရ ၈ဝဝ ဝန္းက်င္ပဲရွိတာပါ။ ဗာတီကန္စီးတီးမွာ သတ္မွတ္ထားတဲ့ တရားဝင္႐ုံးသုံးဘာသာစကားေတြကေတာ့ အီတလီနဲ႔ လက္တင္ပဲျဖစ္ပါတယ္။

မိုနာကို Monaco
မိုနာကိုကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံပါ။ အနောက်ဥရောပမှာ တည်ရှိတဲ့ ဒီနိုင် ငံလေးက အကျယ် စတုရန်းကီလိုမီတာ ၂ ဒသမ ဝ၂ ပဲ ရှိတာပါတဲ့လေ။ လူဦးရေကလည်း ၃၈ဝ၃၆ ယောက်လောက်ပဲ ရှိပါသတဲ့။ ဒါပေမဲ့ လူဦးရေနဲ့စာရင် အဲဒီနိုင် ငံလေးမှာ ဘီလျံနာသူဋ္ဌေးကြီးတွေ၊ မီလျံနာသူဋ္ဌေးတွေ အများကြီး ရှိနေပါတယ်။ ဒီနိုင်ငံလေးရဲ့ သုံးဖက်သုံးတန်ကို ပြင်သစ်နိုင်ငံက ပတ်လည်ဝိုင်းထားပြီး ကျန်တဲ့တစ်ဖက်ကတော့ မြေထဲပင်လယ်ကို မျက်နှာမူထားပါတယ်။ ဒီနိုင်ငံလေးရဲ့ စီးပွားရေးကတော့ ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းအပေါ်မှာပဲ အဓိကတည်မှီနေပါတယ်။ ဒါကြောင့် မိုနာကိုဟာ လောင်းကစားလုပ်ငန်းတွေ၊ အကောင်းစား အသုံးအ ဆောင်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နာမည် ကြီးပါတယ်။
zawgyi version
မိုနာကို Monaco
မိုနာကိုကေတာ့ ကမာၻေပၚမွာ ဒုတိယေျမာက္အေသးငယ္ဆုံးႏိုင္ငံပါ။ အေနာက္ဥေရာပမွာ တည္ရွိတဲ့ ဒီႏိုင္ ငံေလးက အက်ယ္ စတုရန္းကီလိုမီတာ ၂ ဒသမ ဝ၂ ပဲ ရွိတာပါတဲ့ေလ။ လူဦးေရကလည္း ၃၈ဝ၃၆ ေယာက္ေလာက္ပဲ ရွိပါသတဲ့။ ဒါေပမဲ့ လူဦးေရနဲ႔စာရင္ အဲဒီႏိုင္ ငံေလးမွာ ဘီလ်ံနာသူေ႒းႀကီးေတြ၊ မီလ်ံနာသူေ႒းေတြ အမ်ားႀကီး ရွိေနပါတယ္။ ဒီႏိုင္ငံေလးရဲ႕ သုံးဖက္သုံးတန္ကို ျပင္သစ္ႏိုင္ငံက ပတ္လည္ဝိုင္းထားၿပီး က်န္တဲ့တစ္ဖက္ကေတာ့ ေျမထဲပင္လယ္ကို မ်က္ႏွာမူထားပါတယ္။ ဒီႏိုင္ငံေလးရဲ႕ စီးပြားေရးကေတာ့ ကာစီႏိုေလာင္းကစားလုပ္ငန္းေတြနဲ႔ ခရီးသြားလုပ္ငန္းအေပၚမွာပဲ အဓိကတည္မွီေနပါတယ္။ ဒါေၾကာင့္ မိုနာကိုဟာ ေလာင္းကစားလုပ္ငန္းေတြ၊ အေကာင္းစား အသုံးအ ေဆာင္ပစၥည္းေတြ၊ ဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ နာမည္ ႀကီးပါတယ္။

နော်ရူး Nauru
နာ်ရူးဆိုတာကတော့ သြစတြေးလျတိုက်ကြီးနားမှာ တည်ရှိတဲ့ အသေးဆုံးကျွန်းနိုင်ငံလေးပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံလေးဟာ လွတ်လပ်တဲ့နိုင်ငံဆိုပေမယ့် တရား ဝင်မြို့တော်မရှိတဲ့ တစ်ခုတည်းသောနိုင်ငံလေးပါ။ ကျွန်းသာယာဆိုပြီး နာမည်ကြီးတဲ့ ဒီနိုင်ငံလေးဟာ အ ကျယ် ၂၁ စတုရန်းကီလိုမီတာပဲရှိပြီး လူဦးရေကလည်း ၁ဝ၃ဝ၈ ယောက်လောက်ပဲ ရှိပါတယ်။ ဒီနိုင်ငံလေးဟာ ဖော့စဖိတ် (Phosphate) တူးဖော်ရေးလုပ်ငန်းကြောင့် ၁၉၈ဝ ခုနှစ်ကမှ စပေါ်ပေါက်လာတာပါ။ ဒါ ပေမဲ့ အခုတော့ အဲဒီကျွန်းနိုင်ငံလေးမှာ ဒီလုပ်ငန်းမရှိတော့လို့ တိတ်ဆိတ်နေပါပြီ။ မိုင်းတွင်းလုပ်ငန်းတွေ ပိတ်သိမ်းသွားတော့ ဒေသခံတွေ ၉ဝ ရာခိုင်နှုန်းလည်း အလုပ်လက်မဲ့ ဖြစ်သွားရပါတော့တယ်။ နိုင်ငံလေးကသာသေးပြီး လူဦးရေလည်း တစ်သောင်းကျော်ပဲ ရှိပေမယ့် ဒီနိုင်ငံဟာ အဝလွန်ဦးရေအများဆုံးနိုင်ငံဖြစ်နေပါတယ်။
zawgyi version
ေနာ္႐ူး Nauru
နာ္႐ူးဆိုတာကေတာ့ ၾသစေၾတးလ်တိုက္ႀကီးနားမွာ တည္ရွိတဲ့ အေသးဆုံးကြၽန္းႏိုင္ငံေလးပဲ ျဖစ္ပါတယ္။ ဒီႏိုင္ငံေလးဟာ လြတ္လပ္တဲ့ႏိုင္ငံဆိုေပမယ့္ တရား ဝင္ၿမိဳ႕ေတာ္မရွိတဲ့ တစ္ခုတည္းေသာႏိုင္ငံေလးပါ။ ကြၽန္းသာယာဆိုၿပီး နာမည္ႀကီးတဲ့ ဒီႏိုင္ငံေလးဟာ အ က်ယ္ ၂၁ စတုရန္းကီလိုမီတာပဲရွိၿပီး လူဦးေရကလည္း ၁ဝ၃ဝ၈ ေယာက္ေလာက္ပဲ ရွိပါတယ္။ ဒီႏိုင္ငံေလးဟာ ေဖာ့စဖိတ္ (Phosphate) တူးေဖာ္ေရးလုပ္ငန္းေၾကာင့္ ၁၉၈ဝ ခုႏွစ္ကမွ စေပၚေပါက္လာတာပါ။ ဒါ ေပမဲ့ အခုေတာ့ အဲဒီကြၽန္းႏိုင္ငံေလးမွာ ဒီလုပ္ငန္းမရွိေတာ့လို႔ တိတ္ဆိတ္ေနပါၿပီ။ မိုင္းတြင္းလုပ္ငန္းေတြ ပိတ္သိမ္းသြားေတာ့ ေဒသခံေတြ ၉ဝ ရာခိုင္ႏႈန္းလည္း အလုပ္လက္မဲ့ ျဖစ္သြားရပါေတာ့တယ္။ ႏိုင္ငံေလးကသာေသးၿပီး လူဦးေရလည္း တစ္ေသာင္းေက်ာ္ပဲ ရွိေပမယ့္ ဒီႏိုင္ငံဟာ အဝလြန္ဦးေရအမ်ားဆုံးႏိုင္ငံျဖစ္ေနပါတယ္။
တူဗလူ Tuvalu
တူဗလူဆိုတာကတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေးပါ။ အကျယ် ၂၆ စတုရန်းကီလို မီတာရှိတဲ့ ဒီကျွန်းနိုင်ငံလေးမှာ လူဦးရေ ၉၉၈၁ ဦးလောက်ပဲ ရှိပါတယ်။ အရင်တုန်းကတော့ ဒီကျွန်းလေးဟာ ဗြိတိသျှလက်အောက်ခံနိုင်ငံဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာမှလွတ်လပ်ရေးရလာခဲ့ပါတယ်။
zawgyi version
တူဗလူ Tuvalu
တူဗလူဆိုတာကေတာ့ ပစိဖိတ္သမုဒၵရာထဲမွာ တည္ရွိတဲ့ ကြၽန္းႏိုင္ငံေလးပါ။ အက်ယ္ ၂၆ စတုရန္းကီလို မီတာရွိတဲ့ ဒီကြၽန္းႏိုင္ငံေလးမွာ လူဦးေရ ၉၉၈၁ ဦးေလာက္ပဲ ရွိပါတယ္။ အရင္တုန္းကေတာ့ ဒီကြၽန္းေလးဟာ ၿဗိတိသွ်လက္ေအာက္ခံႏိုင္ငံျဖစ္ၿပီး ၁၉၇၈ ခုႏွစ္မွာမွလြတ္လပ္ေရးရလာခဲ့ပါတယ္။
ဆန်မာရီနို San Marino
ဥရောပမှာတည်ရှိတဲ့ ဒီနိုင်ငံလေးကို အီတလီနိုင်ငံက ပတ်လည်ဝိုင်းထားပါတယ်။ အကျယ် ၆၁ စတုရန်းကီ လိုမီတာရှိတဲ့ ဒီနိုင်ငံလေးဟာ ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပါတယ်။ လူဦးရေကတော့ ၃၂၁၃၁ ယောက်လောက်ရှိပါသတဲ့။ နိုင်ငံနာမည်ကလည်း ဆန်မာရီနိုဖြစ်သလို သူ့မြို့ တော်နာမည်ကလည်း ဆန်မာရီနိုပဲဖြစ်ပါတယ်။ တစ်ဦးချင်း ဂျီဒီပီနဲ့ကြည့်မယ်ဆိုရင် ဒီနိုင်ငံလေးက အချမ်း သာဆုံးပါပဲ။
zawgyi version
ဆန္မာရီႏို San Marino
ဥေရာပမွာတည္ရွိတဲ့ ဒီႏိုင္ငံေလးကို အီတလီႏိုင္ငံက ပတ္လည္ဝိုင္းထားပါတယ္။ အက်ယ္ ၆၁ စတုရန္းကီ လိုမီတာရွိတဲ့ ဒီႏိုင္ငံေလးဟာ ကမာၻေပၚမွာသက္တမ္းအရင့္ဆုံးအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ပါတယ္။ လူဦးေရကေတာ့ ၃၂၁၃၁ ေယာက္ေလာက္ရွိပါသတဲ့။ ႏိုင္ငံနာမည္ကလည္း ဆန္မာရီႏိုျဖစ္သလို သူ႔ၿမိဳ႕ ေတာ္နာမည္ကလည္း ဆန္မာရီႏိုပဲျဖစ္ပါတယ္။ တစ္ဦးခ်င္း ဂ်ီဒီပီနဲ႔ၾကည့္မယ္ဆိုရင္ ဒီႏိုင္ငံေလးက အခ်မ္း သာဆုံးပါပဲ။

လီချ်တန်စတိန်း Liechtenstein
ဆွစ်ဇာလန်နဲ့သြစတြီးယားနိုင်ငံကြားမှာတည်ရှိတဲ့ ဒီနိုင်ငံလေးဟာလည်း တစ်ဦးချင်း ဂျီဒီပီအရပြောရရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး အလုပ်လက်မဲ့နှုန်းထား အနိမ့်ဆုံးဖြစ်ပါတယ်။ သူ့နိုင်ငံက အကျယ် စတုရန်းကီလိုမီတာ ၁၆ဝ ပဲရှိပါတယ်။ လူဦးရေက တော့ ၃၈ဝ၂၂ ဦးလောက်ပဲရှိပါတယ်။ ဒီနိုင်ငံလေးဟာ အက်ပ်စ် (Alps) တာင်တန်းထဲမှာပဲ အလုံးစုံတည်ရှိနေတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောနိုင်ငံလေးပါ။ အဲဒီမှာ ဘူတာရုံလည်းမရှိ၊ လေဆိပ်လည်း မရှိပါဘူးတဲ့။ အဲဒီက တရားဝင်ရုံးသုံးဘာသာစကားကတော့ ဂျာမန်ဘာသာစကားပဲ ဖြစ်ပါတယ်။
zawgyi version
လီခ်္တန္စတိန္း Liechtenstein
ဆြစ္ဇာလန္နဲ႔ၾသစႀတီးယားႏိုင္ငံၾကားမွာတည္ရွိတဲ့ ဒီႏိုင္ငံေလးဟာလည္း တစ္ဦးခ်င္း ဂ်ီဒီပီအရေျပာရရင္ ကမာၻေပၚမွာ အခ်မ္းသာဆုံးႏိုင္ငံျဖစ္ၿပီး အလုပ္လက္မဲ့ႏႈန္းထား အနိမ့္ဆုံးျဖစ္ပါတယ္။ သူ႔ႏိုင္ငံက အက်ယ္ စတုရန္းကီလိုမီတာ ၁၆ဝ ပဲရွိပါတယ္။ လူဦးေရက ေတာ့ ၃၈ဝ၂၂ ဦးေလာက္ပဲရွိပါတယ္။ ဒီႏိုင္ငံေလးဟာ အက္ပ္စ္ (Alps) တာင္တန္းထဲမွာပဲ အလုံးစုံတည္ရွိေနတဲ့ ကမာၻေပၚမွာ တစ္ခုတည္းေသာႏိုင္ငံေလးပါ။ အဲဒီမွာ ဘူတာ႐ုံလည္းမရွိ၊ ေလဆိပ္လည္း မရွိပါဘူးတဲ့။ အဲဒီက တရားဝင္႐ုံးသုံးဘာသာစကားကေတာ့ ဂ်ာမန္ဘာသာစကားပဲ ျဖစ္ပါတယ္။

စိန့်ကစ်တ်စ်နဲ့ နီဗစ် Saint Kitts and Nevis
ဒီနိုင်ငံလေးရဲ့နာမည်အပြည့်အစုံကတော့ စိန့်ခရစ္စတိုဖာနဲ့ နီဗစ် (Saint Christopher and Nevis) ဖြစ်ပါတယ်။ အကျယ် ၂၆၁ စတုရန်းကီလိုမီတာရှိပြီး လူဦး ရေ ၅၆၇၈ဝ ဦးလောက်ရှိပါတယ်။ မြို့တော်ကတော့ ဘက်ဆီတာရီ (Basseterre) ဖြစ်ပါသတဲ့။ သူ့တည် နေရာကတော့ မြောက်အမေရိကတိုက်နဲ့သိပ်မဝေးလှပါဘူး။ ဒီကျွန်းလေးတွေဟာ ဥရောပတိုက်သားတွေ ပထမဦးဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ကျွန်းလေးတွေဖြစ်ပါ တယ်။ ၁၉၈၃ ခုနှစ်မှာတော့ ဒီနိုင်ငံလေးဟာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရသွားပါတယ်။ သူ့စီးပွားရေးကတော့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ထုတ်လုပ်မှုလုပ်ငန်း အသေးစားလေးတွေပဲဖြစ်ပါ တယ်။ အင်္ဂလိပ်ကတော့ အဲဒီမှာတစ်ခုတည်းသော တရားဝင်ရုံးသုံးဘာသာ စကားပါ။
ကဲ..ဒီလောက်ဆိုရင်တော့ အကျယ်အဝန်းအားဖြင့် အ သေးဆုံးဖြစ်နေတဲ့ ကမ္ဘာ့အသေးဆုံးနိုင်ငံတွေအ ကြောင်းသိသွားပြီပေါ့။ ဒါ့အပြင် အဲဒီနိုင်ငံလေးတွေရဲ့ တည်နေရာ၊ လူဦးရေ၊ တရားဝင်ရုံးသုံးဘာသာစကား စတာတွေကိုပါ သိသွားပါပြီ။
zawgyi version
စိန႔္ကစ္တ္စ္နဲ႔ နီဗစ္ Saint Kitts and Nevis
ဒီႏိုင္ငံေလးရဲ႕နာမည္အျပည့္အစုံကေတာ့ စိန႔္ခရစၥတိုဖာနဲ႔ နီဗစ္ (Saint Christopher and Nevis) ျဖစ္ပါတယ္။ အက်ယ္ ၂၆၁ စတုရန္းကီလိုမီတာရွိၿပီး လူဦး ေရ ၅၆၇၈ဝ ဦးေလာက္ရွိပါတယ္။ ၿမိဳ႕ေတာ္ကေတာ့ ဘက္ဆီတာရီ (Basseterre) ျဖစ္ပါသတဲ့။ သူ႔တည္ ေနရာကေတာ့ ေျမာက္အေမရိကတိုက္နဲ႔သိပ္မေဝးလွပါဘူး။ ဒီကြၽန္းေလးေတြဟာ ဥေရာပတိုက္သားေတြ ပထမဦးဆုံး သိမ္းပိုက္ႏိုင္ခဲ့တဲ့ ကြၽန္းေလးေတြျဖစ္ပါ တယ္။ ၁၉၈၃ ခုႏွစ္မွာေတာ့ ဒီႏိုင္ငံေလးဟာ အဂၤလိပ္ဆီကေန လြတ္လပ္ေရးရသြားပါတယ္။ သူ႔စီးပြားေရးကေတာ့ ခရီးသြားလုပ္ငန္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းနဲ႔ ထုတ္လုပ္မႈလုပ္ငန္း အေသးစားေလးေတြပဲျဖစ္ပါ တယ္။ အဂၤလိပ္ကေတာ့ အဲဒီမွာတစ္ခုတည္းေသာ တရားဝင္႐ုံးသုံးဘာသာ စကားပါ။
ကဲ..ဒီေလာက္ဆိုရင္ေတာ့ အက်ယ္အဝန္းအားျဖင့္ အ ေသးဆုံးျဖစ္ေနတဲ့ ကမာၻ႔အေသးဆုံးႏိုင္ငံေတြအ ေၾကာင္းသိသြားၿပီေပါ့။ ဒါ့အျပင္ အဲဒီႏိုင္ငံေလးေတြရဲ႕ တည္ေနရာ၊ လူဦးေရ၊ တရားဝင္႐ုံးသုံးဘာသာစကား စတာေတြကိုပါ သိသြားပါၿပီ။