မြစ်ထဲပြုတ်ကျသေဆုံးခဲ့တဲ့ ထိုင်းမင်းသမီး သေဆုံးမှုဖြစ်စဉ်ရဲ့နောက်ဆုံးရအခြေအနေ

2029

ရောင်နီ (NP News) - မတ် ၄
ထိုင်းမင်းသမီးသေဆုံးမှုအတွက် နောက်ထပ်သက်သေရှစ်ဦးကို ခေါ်ယူကာ မတ်လ ၃ ရက် (ကြာသပတေးနေ့) က စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Speedboat စီးရင်း ကျောက်ဖရားမြစ်ထဲပြုတ်ကျကာ ရေနစ်သေဆုံးခဲ့တဲ့ ထိုင်းနာမည်ကျော် မင်းသမီး Nida "Tangmo" Patcharaveerapong ရဲ့သေဆုံးမှုဟာ ပေါ့ဆမှုကြောင့်လား (သို့) တမင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရ တာလား ဆိုတာကို ရှင်းရှင်းလင်းလင်းသိရဖို့ ထိုင်းရဲတပ်ဖွဲ့များက ကြိုးစားအမှုလိုက်နေတယ်လို့ သိရပါတယ်။
ထိုင်းမင်းသမီး Nida "Tangmo" Patcharaveerapong ဟာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့က ၎င်းရဲ့သူငယ်ချင်းဖြစ်သူ မန်နေဂျာအပါအဝင် သူငယ်ချင်းတွေနဲ့အတူ Speedboat စီးရင်း ကျောက်ဖရားမြစ်ထဲ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းမှုတွေလုပ်နေပေမယ့်လည်း Tangmo ဟာ ဘယ်လိုကြောင့် ရေထဲကျသလဲ၊ ရေကူးတတ်တဲ့ မင်းသမီးက ဘယ်လိုကြောင့် ရေနစ်သေဆုံးရတယ်ဆိုတာကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ ခရိုင်ရဲတပ်ဖွဲ့တိုင်းဒေသကြီး(၁) မှ စုံစမ်းရေးမှူးရဲမှူးချုပ် ဂျီရာပတ်ပွမ်ဂျစ်က ပြောကြားပါတယ်။
"မတော်တဆမှုပဲဖြစ်ဖြစ်၊ ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ တခြားမရိုးသားတဲ့အရာ တစ်ခုခုရှိခဲ့လို့ပဲဖြစ်ဖြစ်၊ မှုခင်းဆေး ပညာဆိုင်ရာအထောက်အထားအကူအညီနဲ့ အတတ်နိုင်ဆုံး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ထားပါ တယ်" လို့ စုံစမ်းရေးမှူးရဲမှူးချုပ် ဂျီရာပတ်ပွမ်ဂျစ်က ဆိုပါတယ်။
မတ်လ ၃ ရက်နေ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တဲ့ သက်သေတွေထဲမှာ Tangmo နဲ့ သူမရဲ့မန်နေဂျာ နှစ်ဦး စလုံးရဲ့သူငယ်ချင်းဖြစ်သူ Surattanavee "Bow TK" Suviporn လည်း ပါဝင်ကြောင်း၊ Tangmo လှေပေါ် လိုက်ပါလာတဲ့ လူငါးဦးအနက် လေးဦးအပါအဝင် စုစုပေါင်း မျက်မြင်သက်သေ (၂၉) ဦးကို စစ်ဆေးမေးမြန်း ခဲ့ပြီးပြီဖြစ်ကာ Speedboat ပေါ်မှ လူနှစ်ဦး စွဲချက်တင် ခံထားရကြောင်း Pol Lt Gen Jirapat က ဆိုပါတယ်။
အဲဒီအချိန်တုန်းက Tangmo နဲ့အတူ Speedboat မှာ လိုက်ပါလာတဲ့ အဖော်ငါးယောက်ဟာ သူမရဲ့မန်နေဂျာ Idsarin "Gatick" Juthasuksawat ၊ Wisapat "Sand" Manomairat ၊ Nitas "Job" Kiratisoothisathorn၊ Tanupat "Por" Lerttaweewit နဲ့ လှေပိုင်ရှင် Phaiboon "Robert" Trikanjananun တို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။
Mr.Tanupat နဲ့ Mr Phaiboon တို့ကို လိုင်စင်မဲ့ရေယာဉ်အား ပေါ့ဆစွာမောင်းနှင်မှုမှ လူသေဆုံးမှုအထိ စွဲချက်တင်ထားပြီး ပဏာမ စုံစမ်းစစ်ဆေးမှုအရ မစ္စတာ Phaiboon ဟာ Tangmo သင်္ဘောပေါ်မှ ပြုတ်ကျစဉ် Speedboat ကို မောင်းနှင်နေခဲ့တာဖြစ်တယ်လို့ Pol Lt Gen Jirapat က ဆိုပါတယ်။
GPS မှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာချက်အရ မင်းသမီးဟာ ည ၁ဝ နာရီ ၂၉ မိနစ်မှ ၁ဝ နာရီ ၃၄ မိနစ်ကြားမှာ သင်္ဘောပေါ်ကနေပြုတ်ကျခဲ့တယ်လို့ ယုံကြည်ရပြီး အခုအခါ လှေပေါ်မှ စုဆောင်းရရှိထားတဲ့ မှုခင်းဆိုင်ရာ အထောက်အထားများကို ရှာဖွေနေကြဆဲဖြစ်ပြီး၊ အခင်းဖြစ် Speedboat ကို နွန်သဘူရီခရိုင် NBC Boat Club မှ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးသူများဟာ လှေပေါ်ရှိ လူငါးဦးထံမှ ရရှိခဲ့တဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အချက်အလက်များ စုဆောင်းထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အဆိုပါစုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်ဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။
နောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေအရ သေဆုံးသူ မင်းသမီးရဲ့မိခင်ဖြစ်သူဟာ သမီးဖြစ်သူ စီးနင်းလိုက်ပါခဲ့တဲ့ Speedboat ပိုင်ရှင်ဖြစ်သူ Tanupat "Por" Lerttaweewit က ဘတ်ငွေသန်း(၃ဝ) ပေးပြီး ညှိနှိုင်းမယ်ဆိုရင်တော့ အမှုကိုကြေအေးပေးသွားမှာဖြစ်ကြောင်း မီဒီယာနဲ့အင်တာဗျူးလုပ်ချိန်မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Zawgyi Version;
ေက်ာက္ဖရားျမစ္ထဲ ျပဳတ္က်ေသဆုံးခဲ့တဲ့ ထိုင္းမင္းသမီး ေသဆုံးမႈျဖစ္စဥ္ရဲ႕ေနာက္ဆုံးရအေျခအေန
ေရာင္နီ (NP News) - မတ္ ၄
ထိုင္းမင္းသမီးေသဆုံးမႈအတြက္ ေနာက္ထပ္သက္ေသရွစ္ဦးကို ေခၚယူကာ မတ္လ ၃ ရက္ (ၾကာသပေတးေန႔) က စစ္ေဆးေမးျမန္းတာေတြျပဳလုပ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
Speedboat စီးရင္း ေက်ာက္ဖရားျမစ္ထဲျပဳတ္က်ကာ ေရနစ္ေသဆုံးခဲ့တဲ့ ထိုင္းနာမည္ေက်ာ္ မင္းသမီး Nida "Tangmo" Patcharaveerapong ရဲ႕ေသဆုံးမႈဟာ ေပါ့ဆမႈေၾကာင့္လား (သို႔) တမင္လုပ္ႀကံသတ္ျဖတ္ခံခဲ့ရ တာလား ဆိုတာကို ရွင္းရွင္းလင္းလင္းသိရဖို႔ ထိုင္းရဲတပ္ဖြဲ႕မ်ားက ႀကိဳးစားအမႈလိုက္ေနတယ္လို႔ သိရပါတယ္။
ထိုင္းမင္းသမီး Nida "Tangmo" Patcharaveerapong ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ ၾကာသပေတးေန႔က ၎ရဲ႕သူငယ္ခ်င္းျဖစ္သူ မန္ေနဂ်ာအပါအဝင္ သူငယ္ခ်င္းေတြနဲ႔အတူ Speedboat စီးရင္း ေက်ာက္ဖရားျမစ္ထဲ ျပဳတ္က်ကာ ေရနစ္ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။
စစ္ေဆးေမးျမန္းမႈေတြလုပ္ေနေပမယ့္လည္း Tangmo ဟာ ဘယ္လိုေၾကာင့္ ေရထဲက်သလဲ၊ ေရကူးတတ္တဲ့ မင္းသမီးက ဘယ္လိုေၾကာင့္ ေရနစ္ေသဆုံးရတယ္ဆိုတာကို ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးဘူးလို႔ ခ႐ိုင္ရဲတပ္ဖြဲ႕တိုင္းေဒသႀကီး(၁) မွ စုံစမ္းေရးမႉးရဲမႉးခ်ဳပ္ ဂ်ီရာပတ္ပြမ္ဂ်စ္က ေျပာၾကားပါတယ္။
"မေတာ္တဆမႈပဲျဖစ္ျဖစ္၊ ျဖစ္ရပ္ရဲ႕ေနာက္ကြယ္မွာ တျခားမ႐ိုးသားတဲ့အရာ တစ္ခုခုရွိခဲ့လို႔ပဲျဖစ္ျဖစ္၊ မႈခင္းေဆး ပညာဆိုင္ရာအေထာက္အထားအကူအညီနဲ႔ အတတ္ႏိုင္ဆုံး ေစ့ေစ့စပ္စပ္ စုံစမ္းစစ္ေဆးဖို႔ ရည္႐ြယ္ထားပါ တယ္" လို႔ စုံစမ္းေရးမႉးရဲမႉးခ်ဳပ္ ဂ်ီရာပတ္ပြမ္ဂ်စ္က ဆိုပါတယ္။
မတ္လ ၃ ရက္ေန႔က ေခၚယူစစ္ေဆးေမးျမန္းခဲ့တဲ့ သက္ေသေတြထဲမွာ Tangmo နဲ႔ သူမရဲ႕မန္ေနဂ်ာ ႏွစ္ဦး စလုံးရဲ႕သူငယ္ခ်င္းျဖစ္သူ Surattanavee "Bow TK" Suviporn လည္း ပါဝင္ေၾကာင္း၊ Tangmo ေလွေပၚ လိုက္ပါလာတဲ့ လူငါးဦးအနက္ ေလးဦးအပါအဝင္ စုစုေပါင္း မ်က္ျမင္သက္ေသ (၂၉) ဦးကို စစ္ေဆးေမးျမန္း ခဲ့ၿပီးၿပီျဖစ္ကာ Speedboat ေပၚမွ လူႏွစ္ဦး စြဲခ်က္တင္ ခံထားရေၾကာင္း Pol Lt Gen Jirapat က ဆိုပါတယ္။
အဲဒီအခ်ိန္တုန္းက Tangmo နဲ႔အတူ Speedboat မွာ လိုက္ပါလာတဲ့ အေဖာ္ငါးေယာက္ဟာ သူမရဲ႕မန္ေနဂ်ာ Idsarin "Gatick" Juthasuksawat ၊ Wisapat "Sand" Manomairat ၊ Nitas "Job" Kiratisoothisathorn၊ Tanupat "Por" Lerttaweewit နဲ႔ ေလွပိုင္ရွင္ Phaiboon "Robert" Trikanjananun တို႔ပဲ ျဖစ္တယ္လို႔ သိရပါတယ္။
Mr.Tanupat နဲ႔ Mr Phaiboon တို႔ကို လိုင္စင္မဲ့ေရယာဥ္အား ေပါ့ဆစြာေမာင္းႏွင္မႈမွ လူေသဆုံးမႈအထိ စြဲခ်က္တင္ထားၿပီး ပဏာမ စုံစမ္းစစ္ေဆးမႈအရ မစၥတာ Phaiboon ဟာ Tangmo သေဘၤာေပၚမွ ျပဳတ္က်စဥ္ Speedboat ကို ေမာင္းႏွင္ေနခဲ့တာျဖစ္တယ္လို႔ Pol Lt Gen Jirapat က ဆိုပါတယ္။
GPS မွတ္တမ္းမ်ားကို ခြဲျခမ္းစိတ္ျဖာခ်က္အရ မင္းသမီးဟာ ည ၁ဝ နာရီ ၂၉ မိနစ္မွ ၁ဝ နာရီ ၃၄ မိနစ္ၾကားမွာ သေဘၤာေပၚကေနျပဳတ္က်ခဲ့တယ္လို႔ ယုံၾကည္ရၿပီး အခုအခါ ေလွေပၚမွ စုေဆာင္းရရွိထားတဲ့ မႈခင္းဆိုင္ရာ အေထာက္အထားမ်ားကို ရွာေဖြေနၾကဆဲျဖစ္ၿပီး၊ အခင္းျဖစ္ Speedboat ကို ႏြန္သဘူရီခ႐ိုင္ NBC Boat Club မွ သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။
စုံစမ္းစစ္ေဆးသူမ်ားဟာ ေလွေပၚရွိ လူငါးဦးထံမွ ရရွိခဲ့တဲ့အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရး အခ်က္အလက္မ်ား စုေဆာင္းထားၿပီးျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက အဆိုပါစုံစမ္းစစ္ေဆးမႈကို အရွိန္ျမႇင့္ဖို႔ ရဲတပ္ဖြဲ႕ကို တိုက္တြန္းထားတယ္လို႔ သိရပါတယ္။
ေနာက္ဆုံးထြက္ေပၚေနတဲ့သတင္းေတြအရ ေသဆုံးသူ မင္းသမီးရဲ႕မိခင္ျဖစ္သူဟာ သမီးျဖစ္သူ စီးနင္းလိုက္ပါခဲ့တဲ့ Speedboat ပိုင္ရွင္ျဖစ္သူ Tanupat "Por" Lerttaweewit က ဘတ္ေငြသန္း(၃ဝ) ေပးၿပီး ညႇိႏႈိင္းမယ္ဆိုရင္ေတာ့ အမႈကိုေၾကေအးေပးသြားမွာျဖစ္ေၾကာင္း မီဒီယာနဲ႔အင္တာဗ်ဴးလုပ္ခ်ိန္မွာ ထည့္သြင္းေျပာၾကားခဲ့တယ္လို႔ သတင္းေဖာ္ျပခ်က္ေတြအရ သိရပါတယ္။