မလေးရှား နယ်စပ်အနီးမှာ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦးဖမ်းဆီးခံရ

682

ရောင်နီ (NP News) - မတ် ၄
မလေးရှားနယ်စပ် Sadao ခရိုင်မှာ သောကြာနေ့(မတ်လ ၄ ရက်) မနက်အစောပိုင်းက စုံတွဲတစ်တွဲအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၈ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရပါ တယ်။
ရဲတပ်ဖွဲ့မှူး Col Thanitphon Hongwilai ဦးဆောင်တဲ့ အဖွဲ့ဟာ ကမ် ဖန်းပက်လိုင်စင်နံပါတ်ပြားပါ ပစ်ကပ်ကားကို ယနေ့ နံနက် ၁ဝ နာရီခန့်က တာမွန်မြို့နယ် ဆမ်နက်ခမ်းနယ်စပ်အနီးမှာ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူအားလုံးဟာ မြန်မာနိုင်ငံမှဖြစ်ပြီး တရားမဝင်လာရောက်ကြသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးရေးအဖွဲ့ဟာ ယာဉ်မောင်းဖြစ်သူ Songkhla ရဲ့လက်ဝယ်မှာ စိတ်ကြွဆေးပြား ၂ ပြားနဲ့ စိတ်ကြွဆေး ၈.၅ ဂရမ်တို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းက တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေကို မခေါ်မီမှာ ဆေးပြား ၃ ပြား သောက်ခဲ့တယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။
ဟတ်ယိုင်ခရိုင်ရှိ ဘုရားကျောင်းနောက်ကွယ်မှ ခရီးသည်များကို ခေါ်ဆောင်ကာ မလေးရှားနယ်စပ်သို့ မောင်းနှင်ခေါ်ဆောင်သွားဖို့ Bao အမည်ရှိ အမျိုးသားတစ်ဦးမှ ငှားရမ်းထားတာဖြစ်တယ်လို့ ယာဉ်မောင်း က ပြောကြားခဲ့ပါတယ်။
စစ်ဆေးမေးမြန်းနေစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦးဟာ မြန်မာပွဲစားတွေကနေတဆင့် မလေးရှားမှာ အလုပ်လာလုပ်ဖို့ စီစဉ်ထားခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ၎င်းတို့ဟာ မလေးရှားကို ရောက်တဲ့အခါ အရစ်ကျအခကြေးငွေပေးဖို့လိုအပ်တယ်ဆိုပေမယ့် ဘယ် လောက်ကောက်ခံမယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။ ၎င်းတို့ဟာ ဖေဖော်ဝါရီလ ၁၉ ရက်က ကန်ချနပူရီရှိ သဘာဝနယ်စပ်ဖြတ် လမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖေဖော် ဝါရီလ ၂ဝ ရက်မှာ ဟတ်ယိုင်ခရိုင်သို့ ပစ်ကပ်ကားနဲ့ထွက်ခွာလာခဲ့တာဖြစ်ကာ ယင်းနေရာမှာ ရက်ပေါင်းများစွာ ငှားရမ်းနေထိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ကြာသပတေးနေ့ (မတ်လ ၃ ရက်)ညမှာတော့ ထိုင်းလင်မယားနှစ်ယောက်က ၎င်းတို့ကိုလာကြိုပြီး နယ်စပ်သို့ခေါ်သွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးရမိ တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားက ၉၄ ဦးအထိရှိပြီလို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

zawgyi version
မေလးရွား နယ္စပ္အနီးမွာ တရားမဝင္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၈ ဦးဖမ္းဆီးခံရ
ေရာင္နီ (NP News) - မတ္ ၄
မေလးရွားနယ္စပ္ Sadao ခ႐ိုင္မွာ ေသာၾကာေန႔(မတ္လ ၄ ရက္) မနက္အေစာပိုင္းက စုံတြဲတစ္တြဲအပါအဝင္ တရားမဝင္ေ႐ႊ႕ေျပာင္းလုပ္သား ၈ ဦးဖမ္းဆီးခံခဲ့ရတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းေဖာ္ျပခ်က္အရသိရပါ တယ္။
ရဲတပ္ဖြဲ႕မႉး Col Thanitphon Hongwilai ဦးေဆာင္တဲ့ အဖြဲ႕ဟာ ကမ္ ဖန္းပက္လိုင္စင္နံပါတ္ျပားပါ ပစ္ကပ္ကားကို ယေန႔ နံနက္ ၁ဝ နာရီခန႔္က တာမြန္ၿမိဳ႕နယ္ ဆမ္နက္ခမ္းနယ္စပ္အနီးမွာ ေတြ႕ရွိဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ဖမ္းဆီးရမိသူအားလုံးဟာ ျမန္မာႏိုင္ငံမွျဖစ္ၿပီး တရားမဝင္လာေရာက္ၾကသူေတြျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဖမ္းဆီးေရးအဖြဲ႕ဟာ ယာဥ္ေမာင္းျဖစ္သူ Songkhla ရဲ႕လက္ဝယ္မွာ စိတ္ႂကြေဆးျပား ၂ ျပားနဲ႔ စိတ္ႂကြေဆး ၈.၅ ဂရမ္တို႔ကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ယာဥ္ေမာင္းက တရားမဝင္ ေ႐ႊ႕ေျပာင္းသြားလာသူေတြကို မေခၚမီမွာ ေဆးျပား ၃ ျပား ေသာက္ခဲ့တယ္လို႔ ေနာက္ပိုင္းမွာ ဝန္ခံခဲ့ပါတယ္။
ဟတ္ယိုင္ခ႐ိုင္ရွိ ဘုရားေက်ာင္းေနာက္ကြယ္မွ ခရီးသည္မ်ားကို ေခၚေဆာင္ကာ မေလးရွားနယ္စပ္သို႔ ေမာင္းႏွင္ေခၚေဆာင္သြားဖို႔ Bao အမည္ရွိ အမ်ိဳးသားတစ္ဦးမွ ငွားရမ္းထားတာျဖစ္တယ္လို႔ ယာဥ္ေမာင္း က ေျပာၾကားခဲ့ပါတယ္။
စစ္ေဆးေမးျမန္းေနစဥ္အတြင္း ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၈ ဦးဟာ ျမန္မာပြဲစားေတြကေနတဆင့္ မေလးရွားမွာ အလုပ္လာလုပ္ဖို႔ စီစဥ္ထားျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။ ၎တို႔ဟာ မေလးရွားကို ေရာက္တဲ့အခါ အရစ္က်အခေၾကးေငြေပးဖို႔လိုအပ္တယ္ဆိုေပမယ့္ ဘယ္ ေလာက္ေကာက္ခံမယ္ဆိုတာကိုေတာ့ အတိအက်မသိရပါဘူး။ ၎တို႔ဟာ ေဖေဖာ္ဝါရီလ ၁၉ ရက္က ကန္ခ်နပူရီရွိ သဘာဝနယ္စပ္ျဖတ္ လမ္းမွတဆင့္ ထိုင္းႏိုင္ငံအတြင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ေဖေဖာ္ ဝါရီလ ၂ဝ ရက္မွာ ဟတ္ယိုင္ခ႐ိုင္သို႔ ပစ္ကပ္ကားနဲ႔ထြက္ခြာလာခဲ့တာျဖစ္ကာ ယင္းေနရာမွာ ရက္ေပါင္းမ်ားစြာ ငွားရမ္းေနထိုင္ခဲ့ၾကရတယ္လို႔ သိရပါတယ္။ ၾကာသပေတးေန႔ (မတ္လ ၃ ရက္)ညမွာေတာ့ ထိုင္းလင္မယားႏွစ္ေယာက္က ၎တို႔ကိုလာႀကိဳၿပီး နယ္စပ္သို႔ေခၚသြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ယခုႏွစ္အတြင္း မေလးရွားႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္လို႔ ဖမ္းဆီးရမိ တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားက ၉၄ ဦးအထိရွိၿပီလို႔ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။