ဦးမင်းကိုနိုင်၊ ပန်ဆယ်လို အပါအဝင် နာမည်ကျော်(၁၁)ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း နစက ကြေညာ

 13243

Iris (NP News) - မတ် ၄
ဒေါက်တာ ဇော်ဝေစိုး၊ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို(ခ)အိမ့်ပိုးဥ၊ ဦးရည်မွန် အပါအဝင် ပြည်ပရောက်လူပုဂ္ဂိုလ်အများအပြားကို နိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်ပြီဖြစ်ကြောင်း နစကဘက်က မတ်လ(၄)ရက်ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းအားပေးသူများအဖြစ် နစကဘက်က သတ်မှတ်ခဲ့သော ပုဂ္ဂိုလ်များကို စတင်စိစစ်၍ နိုင်ငံသားအဖြစ်မှ ရပ်ဆိုင်းလိုက်ခြင်းမျိုးဖြစ်ပြီး အခြားသော ရပ်ဆိုင်းရမည့်ပုဂ္ဂိုလ်များ ရှိနေသေးကြောင်း ကြေညာချက်အရ သိရသည်။ " မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သောလုပ်ဆောင်ချက်များ ဖော်ထုတ်တွေ့ရှိရသည့်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ရဲဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်သည် " ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများအဖြစ် ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဒေါက်တာ ဆာဆာ၊ ဦးမင်းကိုနိုင်၊ ဦးအောင်မျိုးမင်း၊ ဦးမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို(ခ) ဒေါ်အိမ့်ပိုးဥ၊ ဦးထင်လင်းအောင်၊ ဒေါ်အိသဉ္ဇာမောင်တို့ ဖြစ်ကြောင်း သိရသည်။ " ဆက်လက်၍ အလားတူ ကျုးလွန်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း " ထည့်သွင်း ကြေညာခဲ့ပြီး ယင်းကဲ့သို့ နိုင်ငံသားအဖြစ် ရပ်စဲခြင်းမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာအပြီး တစ်နှစ်ကျော်အကြာတွင် နစကဘက်က ပထမဆုံးသော လုပ်ဆောင်ချက်ဖြစ်လာသည်ကို တွေ့ရသည်။ ကြေညာချက်တွင် ပါဝင်သောလူစာရင်းအရ NUG အဖွဲ့ဝင်များ၊ NUCC အဖွဲ့ဝင်များ အများဆုံးပါဝင်နေသည်ကို တွေ့ရပြီး CRPH ဘက်မှ ဦးအောင်ကြည်ညွန့်ကဲ့သို့သော ပုဂ္ဂိုလ်များ၊ ဦးမန်းဝင်းခိုင်သန်း၊ ဒူဝါလရှီလ အစရှိသူတို့မှာ မကြာခင်တွင် ဆက်လက်ပါဝင်လာဖွယ် ရှိနေသည်။

နစကဘက်က ကြေညာခဲ့သော နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းကိစ္စမှာ ပထမဆုံး(၁၁)ဦးအဖြစ် ထွက်လာခဲ့ပြီးနောက် ဒုတိယအသုတ်၊ တတိယအသုတ်အဖြစ် အစဉ်လိုက် ဆက်လက်ကြေညာလာရန် ရှိနေသေးကြောင်းလည်း ဆိုနိုင်သည်။

Zawgyi Version
ဦးမင္းကုိႏုိင္၊ ပန္ဆယ္လုိ အပါအ၀င္ နာမည္ေက်ာ္(၁၁)ဦးကို ႏုိင္ငံသားအျဖစ္မွ ရပ္စဲေၾကာင္း နစက ေၾကညာ
Iris (NP News) - မတ္ ၄
ေဒါက္တာ ေဇာ္ေ၀စုိး၊ ဦးမင္းကုိႏုိင္၊ ဦးမ်ဳိးရန္ေနာင္သိမ္း၊ ပန္ဆယ္လုိ(ခ)အိမ့္ပုိးဥ၊ ဦးရည္မြန္ အပါအ၀င္ ျပည္ပေရာက္လူပုဂၢိဳလ္အမ်ားအျပားကုိ ႏုိင္ငံသားအျဖစ္မွ ရပ္စဲလုိက္ျပီျဖစ္ေၾကာင္း နစကဘက္က မတ္လ(၄)ရက္ညပုိင္းတြင္ သတင္းထုတ္ျပန္လုိက္သည္။

အၾကမ္းဖက္သမားမ်ားႏွင့္ အၾကမ္းဖက္လုပ္ငန္းအားေပးသူမ်ားအျဖစ္ နစကဘက္က သတ္မွတ္ခဲ့ေသာ ပုဂၢိဳလ္မ်ားကုိ စတင္စိစစ္၍ ႏုိင္ငံသားအျဖစ္မွ ရပ္ဆုိင္းလုိက္ျခင္းမ်ဳိးျဖစ္ျပီး အျခားေသာ ရပ္ဆုိင္းရမည့္ပုဂၢိဳလ္မ်ား ရွိေနေသးေၾကာင္း ေၾကညာခ်က္အရ သိရသည္။ " ျမန္မာႏုိင္ငံ၏အက်ဳိးကုိ ထိခုိက္ေစႏုိင္ေသာလုပ္ေဆာင္ခ်က္မ်ား ေဖာ္ထုတ္ေတြ႔ရွိရသည့္အတြက္ ၁၉၈၂ ခုႏွစ္ ျမန္မာႏုိင္ငံသားအက္ဥပေဒပုဒ္မ ၆၇ ပါ ဗဟုိအဖြဲ႔၏လုပ္ပုိင္ခြင့္အရ ရဲဥပေဒပုဒ္မ ၁၆ နဲ႔အညီ ႏုိင္ငံသားအျဖစ္မွ ရပ္စဲလုိက္သည္ " ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ႏုိင္ငံသားအျဖစ္မွ ရပ္စဲခံရသူမ်ားအျဖစ္ ေဒါက္တာေဇာ္ေ၀စုိး၊ ဦးရည္မြန္၊ ဦးလြင္ကုိလတ္၊ ေဒၚဇင္မာေအာင္၊ ေဒါက္တာ ဆာဆာ၊ ဦးမင္းကုိႏုိင္၊ ဦးေအာင္မ်ဳိးမင္း၊ ဦးမ်ဳိးရန္ေနာင္သိမ္း၊ ပန္ဆယ္လုိ(ခ) ေဒၚအိမ့္ပုိးဥ၊ ဦးထင္လင္းေအာင္၊ ေဒၚအိသဥၨာေမာင္တုိ႔ ျဖစ္ေၾကာင္း သိရသည္။ " ဆက္လက္၍ အလားတူ က်ဳးလြန္သူမ်ားကုိ ေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ေၾကာင္း " ထည့္သြင္း ေၾကညာခဲ့ျပီး ယင္းကဲ့သုိ႔ ႏုိင္ငံသားအျဖစ္ ရပ္စဲျခင္းမွာ ၂၀၂၁ ခုႏွစ္ ႏုိင္ငံေရးျပႆနာအျပီး တစ္ႏွစ္ေက်ာ္အၾကာတြင္ နစကဘက္က ပထမဆုံးေသာ လုပ္ေဆာင္ခ်က္ျဖစ္လာသည္ကုိ ေတြ႔ရသည္။ ေၾကညာခ်က္တြင္ ပါ၀င္ေသာလူစာရင္းအရ NUG အဖြဲ႔၀င္မ်ား၊ NUCC အဖြဲ႔၀င္မ်ား အမ်ားဆုံးပါ၀င္ေနသည္ကုိ ေတြ႔ရျပီး CRPH ဘက္မွ ဦးေအာင္ၾကည္ညြန္႔ကဲ့သုိ႔ေသာ ပုဂၢိဳလ္မ်ား၊ ဦးမန္း၀င္းခုိင္သန္း၊ ဒူ၀ါလရွီလ အစရွိသူတုိ႔မွာ မၾကာခင္တြင္ ဆက္လက္ပါ၀င္လာဖြယ္ ရွိေနသည္။

နစကဘက္က ေၾကညာခဲ့ေသာ ႏုိင္ငံသားအျဖစ္မွ ရပ္စဲျခင္းကိစၥမွာ ပထမဆုံး(၁၁)ဦးအျဖစ္ ထြက္လာခဲ့ျပီးေနာက္ ဒုတိယအသုတ္၊ တတိယအသုတ္အျဖစ္ အစဥ္လုိက္ ဆက္လက္ေၾကညာလာရန္ ရွိေနေသးေၾကာင္းလည္း ဆုိႏုိင္သည္။

Picture

thu rein

05/03/2022 14:04

Just like a fool 😂

Picture

Good Boy

06/03/2022 11:13

Haha

Related news

© 2021. All rights reserved.