ထိုင်းဘုရင်နဲ့ ဘုရင်စနစ်ကို စော်ကားမှုကြောင့် ထိုင်းအမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

691

ရောင်နီ (NP News) - မတ် ၅
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ပုံတူဖြင့် အသရေဖျက်၊ ဘုရင်စနစ်ကို စော်ကားမှုနဲ့ အမျိုးသားတစ်ဦးကို မတ်လ ၄ ရက်က ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ၎င်းရဲ့ရှေ့နေများက ပြောကြားခဲ့ပါတယ်။
Narin Kulpongsathorn အသက် ၃၃ နှစ်ဟာ ၂ဝ၂ဝ ခုနှစ် စက်တင် ဘာလအတွင်းက နိုင်ငံရေးဆန္ဒပြပွဲအတွင်း တရားရုံးချုပ်အပြင်ဘက်မှာ နိုင်ငံရေး သရော်စာပါတဲ့ ဘုရင့်ပုံတူကို ဖေ့ဘုတ်စာမျက်နှာမှာ နောက်ပြောင်တဲ့ စတစ်ကာနဲ့တင်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ထင်ရှားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစွပ်စွဲချက်ကို ထိုင်းနိုင်ငံသား ကိုယ်စားပြု လူ့အခွင့်အရေးရှေ့နေများအဖွဲ့မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းတရားရုံးများဟာ ပုံမှန်အားဖြင့် တရားရေးဆိုင်ရာတရားစွဲဆိုမှုများကို လူသိရှင်ကြားထုတ်ပြန်လေ့မရှိပါဘူး။ ဘုရင်၊ မိဖုရား၊ အမွေဆက်ခံသူ သို့မဟုတ် အုပ်ထိန်းသူ သို့မဟုတ် ဘုရင်ခံတို့အား အသရေဖျက်မှု၊ စော်ကားမှု သို့မဟုတ် ခြိမ်းခြောက်မှု ရာဇဝတ်မှုတွေအတွက် ကမ္ဘာတစ်ဝန်း အတင်းကျပ်ဆုံးသော အမျိုးအမည်ခံ ဥပဒေအချို့ရှိပါတယ်။
ထိုင်းနိုင်ငံဟာ တော်ဝင်မျိုးနွယ်တွေကိုစော်ကားမှုတွေကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်းအတွက် နိုင်ငံတကာရဲ့စိစစ်မှုအောက်မှာရှိနေပြီး ဘုရင်စနစ်ကို နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရမယ်လို့ အစိုးရကဆိုပါတယ်။ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့တဲ့ လူငယ်ဦး ဆောင် ဆန္ဒပြလှုပ်ရှားမှုတွေထဲမှာ အစိုးရဝေဖန်သူတွေကို ဖမ်းဆီးထိန်း သိမ်းမှုတွေ မြင့်တက်လာတဲ့အတွက် အတိုက်အခံပါတီတွေက စိုးရိမ်ပူပန်နေကြပါတယ်။ လွန်ခဲ့သည့် ၁၆ လအတွင်းကလည်း တော်ဝင်မျိုးနွယ်တွေကိုစော်ကားမှုနဲ့ အ နည်းဆုံး လူ ၁၇၃ ဦးကို တရားစွဲထားကြောင်း ထိုင်းရှေ့နေများအဖွဲ့မှသိရပါတယ်။
ယမန်နှစ်ကလည်း အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လူမှုကွန်ရက်မီဒီယာမှာ တော်ဝင်မျိုးနွယ်တွေကို စော်ကားတဲ့ ပိုစ့်များ မျှဝေခြင်းနဲ့ ပို့စ်တင်ခြင်းကို ၂၉ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ဥပဒေဖောက်ဖျက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းဘုရင္နဲ႔ ဘုရင္စနစ္ကို ေစာ္ကားမႈေၾကာင့္ ထိုင္းအမ်ိဳးသားတစ္ဦးကို ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရ
ေရာင္နီ (NP News) - မတ္ ၅
ထိုင္းဘုရင္ မဟာဝိဇယေလာင္ကြန္းရဲ႕ပုံတူျဖင့္ အသေရဖ်က္၊ ဘုရင္စနစ္ကို ေစာ္ကားမႈနဲ႔ အမ်ိဳးသားတစ္ဦးကို မတ္လ ၄ ရက္က ေထာင္ ဒဏ္ ၂ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း ၎ရဲ႕ေရွ႕ေနမ်ားက ေျပာၾကားခဲ့ပါတယ္။
Narin Kulpongsathorn အသက္ ၃၃ ႏွစ္ဟာ ၂ဝ၂ဝ ခုႏွစ္ စက္တင္ ဘာလအတြင္းက ႏိုင္ငံေရးဆႏၵျပပြဲအတြင္း တရား႐ုံးခ်ဳပ္အျပင္ဘက္မွာ ႏိုင္ငံေရး သေရာ္စာပါတဲ့ ဘုရင့္ပုံတူကို ေဖ့ဘုတ္စာမ်က္ႏွာမွာ ေနာက္ေျပာင္တဲ့ စတစ္ကာနဲ႔တင္ခဲ့ျခင္းအတြက္ အျပစ္ရွိေၾကာင္း ထင္ရွားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါစြပ္စြဲခ်က္ကို ထိုင္းႏိုင္ငံသား ကိုယ္စားျပဳ လူ႔အခြင့္အေရးေရွ႕ေနမ်ားအဖြဲ႕မွ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။ ထိုင္းတရား႐ုံးမ်ားဟာ ပုံမွန္အားျဖင့္ တရားေရးဆိုင္ရာတရားစြဲဆိုမႈမ်ားကို လူသိရွင္ၾကားထုတ္ျပန္ေလ့မရွိပါဘူး။ ဘုရင္၊ မိဖုရား၊ အေမြဆက္ခံသူ သို႔မဟုတ္ အုပ္ထိန္းသူ သို႔မဟုတ္ ဘုရင္ခံတို႔အား အသေရဖ်က္မႈ၊ ေစာ္ကားမႈ သို႔မဟုတ္ ၿခိမ္းေျခာက္မႈ ရာဇဝတ္မႈေတြအတြက္ ကမာၻတစ္ဝန္း အတင္းက်ပ္ဆုံးေသာ အမ်ိဳးအမည္ခံ ဥပေဒအခ်ိဳ႕ရွိပါတယ္။
ထိုင္းႏိုင္ငံဟာ ေတာ္ဝင္မ်ိဳးႏြယ္ေတြကိုေစာ္ကားမႈေတြကို ျပင္းျပင္းထန္ထန္ ျပစ္ဒဏ္ေပးျခင္းအတြက္ ႏိုင္ငံတကာရဲ႕စိစစ္မႈေအာက္မွာရွိေနၿပီး ဘုရင္စနစ္ကို ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ရမယ္လို႔ အစိုးရကဆိုပါတယ္။ ဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ပြင့္ပြင့္လင္းလင္း ေတာင္းဆိုခဲ့တဲ့ လူငယ္ဦး ေဆာင္ ဆႏၵျပလႈပ္ရွားမႈေတြထဲမွာ အစိုးရေဝဖန္သူေတြကို ဖမ္းဆီးထိန္း သိမ္းမႈေတြ ျမင့္တက္လာတဲ့အတြက္ အတိုက္အခံပါတီေတြက စိုးရိမ္ပူပန္ေနၾကပါတယ္။ လြန္ခဲ့သည့္ ၁၆ လအတြင္းကလည္း ေတာ္ဝင္မ်ိဳးႏြယ္ေတြကိုေစာ္ကားမႈနဲ႔ အ နည္းဆုံး လူ ၁၇၃ ဦးကို တရားစြဲထားေၾကာင္း ထိုင္းေရွ႕ေနမ်ားအဖြဲ႕မွသိရပါတယ္။
ယမန္ႏွစ္ကလည္း အသက္ ၆၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို လူမႈကြန္ရက္မီဒီယာမွာ ေတာ္ဝင္မ်ိဳးႏြယ္ေတြကို ေစာ္ကားတဲ့ ပိုစ့္မ်ား မွ်ေဝျခင္းနဲ႔ ပို႔စ္တင္ျခင္းကို ၂၉ ႀကိမ္ျပဳလုပ္ခဲ့တဲ့အတြက္ ဥပေဒေဖာက္ဖ်က္က်ဴးလြန္မႈနဲ႔ ေထာင္ဒဏ္ ၄၃ ႏွစ္ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။