မှတ်ပုံတင်ပျောက်ဆုံးသူများ လဝကရုံး၌ ပြန်လည်ပြုလုပ်နိုင်ပြီး အိမ်ထောင်စုစာရင်းမရှိသူများကိုပါ မှတ်ပုံတင် ပြုလုပ်ပေးမည်

 4983

မျိုးကြီး (NP News) - မတ် ၇
မှတ်ပုံတင်ပျောက်ဆုံး၊ပျက်ဆီး၊လဲလှယ်ဆောင်ရွက်လိုသူများ လဝကရုံး၌ လာရောက်ပြုလုပ်နိုင်ပြီး အိမ်ထောင်စု စာရင်းမရှိသူများကိုပါ မှတ်ပုံတင်ပြုလုပ်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်သူများ မှတ်ပုံတင်ရရှိရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ရုံးတွင် ဆောင်ရွက် ခြင်း၊ အချို့နေရာများတွင် door to door စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ ကွင်းဆင်း၍မရ၊ ရုံးသို့လည်း လာရောက် မဆောင်ရွက်နိုင်သောနေရာများတွင် လျှောက်လွှာများပေးပို့ဖြည့်သွင်းစေပြီး ဆုံရပ်တစ်ခုသတ်မှတ်တွေ့ဆုံ ဆောင်ရွက်ပေးခြင်း စသည့်နည်း လမ်းများဖြင့် ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါနည်းလမ်းများဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်လျက်ရှိသည်မှာ စီမံချက်ကာလ ၁၀ လခန့်ရှိနေပြီဖြစ်ကာ အိမ်ထောင်စုစာရင်းမရှိသူများအပါအဝင် မှတ်ပုံတင် လုံးဝမရှိသေးသူများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်တွင် အိမ်ထောင်စုစာရင်းမရှိသူများ၊ မှတ်ပုံတင်ပျောက်ဆုံးသူများ၊ ပျက်စီး၊ လဲလှယ်မည့်သူများအား မှတ်ပုံတင်ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားချက်အရ နယ်မှရန်ကုန်မြို့သို့အလုပ်လာရောက်လုပ်ကိုင်သူတစ်ဦးသည် ၎င်း၏မှတ်ပုံတင်ပျောက်ဆုံးနေသဖြင့် သွားရောက်လျှောက်ထားရာတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောဖြစ်စဉ်ကို ယခုကဲ့သို့ ပြောပြလာသည်။

“ကျွန်တော်တို့က နယ်ကနေ ရန်ကုန်ကို အလုပ်လာလုပ်တာ။ မှတ်ပုံတင်ပျောက်သွားလို့လေ သူတို့ထုတ်ပြန် ထားတဲ့အထဲမှာ မှတ်ပုံတင်ပျောက်နေတဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေကို အခုမှတ်ပုံတင်လုပ်ပေး နေတယ်ဆိုလို့ သွားပြီးလုပ်တာ။ တကယ်တမ်းကျတော့ မလွယ်ပါဘူး။ လုပ်လို့လည်း မရဘူး။ ဒီမှာလုပ်လို့ မရဘူးတဲ့။ ကိုယ့်နယ်ကိုယ်ပြန်လုပ်မှ ရမယ်တဲ့။ ကိုယ်နေထိုင်တဲ့မြို့နယ်ရဲ့သန်းခေါင်စာရင်း ရှိမှ လုပ်ပေးတာတဲ့။ ကျွန်တော်တို့က နယ်က အိမ်ထောင်စုစာရင်းပဲရှိတာဆိုတော့ သူတို့က နယ်ပြန်လုပ်လို့ပြောတာပဲ။ မရခဲ့ပါဘူး ဗျာ။ သူတို့ကတော့ ထုတ်ပြန်နေတာပဲ” ဟု နယ်မှရန်ကုန်မြို့သို့ အလုပ်လာရောက်လုပ်ကိုင်ရင်း မှတ်ပုံတင်ပျောက်ဆုံးသွားခဲ့သူတစ်ဦးက ပြောသည်။

"နယ်ပြန်လုပ်မှ ရမယ်ဆိုတော့လည်း သူတို့ပဲ ခရီးသွားရင် စစ်ဆေးတဲ့အခါမှာ အရင်လို အထောက်အထားတွေပြလို့မရတော့ဘဲ မှတ်ပုံတင်ပြမှ ရမှာတဲ့။ မှတ်ပုံတင်မပြနိုင်ရင် အရေးယူတော့မှာဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ရမှာလဲ။ မပြောတတ်တော့ပါဘူးဗျာ" ဟု ၎င်းက ဆက်လက်ပြောသည်။

မှတ်ပုံတင်ပျောက်ဆုံးပျက်ဆီးလဲလှယ်လိုသူများကိုလည်း စီမံချက်ကာလအတွင်းသာမက ပုံမှန်ကာလ များတွင်လည်း လဝကရုံးများသို့ နေ့စဉ်လာရောက်ပြုနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်လက်ပြီး ဝန်ကြီးဌာနက ကာယကံရှင်များ၏ လိုအပ်ချက်ဖြစ်သော ခရီးသွားရန်၊ ငွေထုတ်ရန်၊ တည်းခိုရန်၊ လိုင်စင်လုပ်ရန်၊ ကျောင်းအပ်ရန်၊ အရောင်းအဝယ်လုပ်ရန်စသည်ဖြင့် မဖြစ်မနေလိုအပ်ချက်များအရ လဝကရုံးများသို့ မှတ်ပုံတင်လာရောက်ဆောင်ရွက်မှုများရှိကြောင်း ဆိုသည်။

ခရီးသွားလာခြင်းနှင့် အစစ်ဆေးခံခြင်းများတွင် နိုင်ငံသားမှတ်ပုံတင်ကတ် အစား ထောက်ခံစာများ ပြသခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်က သတိပေးထုတ်ပြန်ကြေညာထားသည်။

Zawgyi Version;
မွတ္ပုံတင္ေပ်ာက္ဆုံးသူမ်ား လဝက႐ုံး၌ ျပန္လည္ျပဳလုပ္ႏိုင္ၿပီး အိမ္ေထာင္စုစာရင္းမရွိသူမ်ားကိုပါ မွတ္ပုံတင္ ျပဳလုပ္ေပးမည္
မ်ဳိးႀကီး (NP News) - မတ္ ၇
မ်ိဳးႀကီး (NP News) - မတ္ ၇
မွတ္ပုံတင္ေပ်ာက္ဆုံး၊ပ်က္ဆီး၊လဲလွယ္ေဆာင္႐ြက္လိုသူမ်ား လဝက႐ုံး၌ လာေရာက္ျပဳလုပ္ႏိုင္ၿပီး အိမ္ေထာင္စု စာရင္းမရွိသူမ်ားကိုပါ မွတ္ပုံတင္ျပဳလုပ္ေပးေနေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ သိရသည္။

လက္ရွိတြင္ ျပည္သူမ်ား မွတ္ပုံတင္ရရွိေရး ပန္းခင္းစီမံခ်က္ျဖင့္ ကြင္းဆင္းေဆာင္႐ြက္ျခင္း၊ ႐ုံးတြင္ ေဆာင္႐ြက္ ျခင္း၊ အခ်ိဳ႕ေနရာမ်ားတြင္ door to door စနစ္ျဖင့္ ေဆာင္႐ြက္ျခင္း၊ ကြင္းဆင္း၍မရ၊ ႐ုံးသို႔လည္း လာေရာက္ မေဆာင္႐ြက္ႏိုင္ေသာေနရာမ်ားတြင္ ေလွ်ာက္လႊာမ်ားေပးပို႔ျဖည့္သြင္းေစၿပီး ဆုံရပ္တစ္ခုသတ္မွတ္ေတြ႕ဆုံ ေဆာင္႐ြက္ေပးျခင္း စသည့္နည္း လမ္းမ်ားျဖင့္ ေဆာင္႐ြက္ေပးေနေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

အဆိုပါနည္းလမ္းမ်ားျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေဆာင္႐ြက္လ်က္ရွိသည္မွာ စီမံခ်က္ကာလ ၁၀ လခန႔္ရွိေနၿပီျဖစ္ကာ အိမ္ေထာင္စုစာရင္းမရွိသူမ်ားအပါအဝင္ မွတ္ပုံတင္ လုံးဝမရွိေသးသူမ်ားကိုလည္း ေဆာင္႐ြက္ေပးေနေၾကာင္း ဝန္ႀကီးက ဆိုသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ပန္းခင္းစီမံခ်က္တြင္ အိမ္ေထာင္စုစာရင္းမရွိသူမ်ား၊ မွတ္ပုံတင္ေပ်ာက္ဆုံးသူမ်ား၊ ပ်က္စီး၊ လဲလွယ္မည့္သူမ်ားအား မွတ္ပုံတင္ထုတ္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ ထားခ်က္အရ နယ္မွရန္ကုန္ၿမိဳ႕သို႔အလုပ္လာေရာက္လုပ္ကိုင္သူတစ္ဦးသည္ ၎၏မွတ္ပုံတင္ေပ်ာက္ဆုံးေနသျဖင့္ သြားေရာက္ေလွ်ာက္ထားရာတြင္ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရေသာျဖစ္စဥ္ကို ယခုကဲ့သို႔ ေျပာျပလာသည္။

“ကြၽန္ေတာ္တို႔က နယ္ကေန ရန္ကုန္ကို အလုပ္လာလုပ္တာ။ မွတ္ပုံတင္ေပ်ာက္သြားလို႔ေလ သူတို႔ထုတ္ျပန္ ထားတဲ့အထဲမွာ မွတ္ပုံတင္ေပ်ာက္ေနတဲ့သူေတြ၊ အိမ္ေထာင္စုစာရင္းမရွိတဲ့သူေတြကို အခုမွတ္ပုံတင္လုပ္ေပး ေနတယ္ဆိုလို႔ သြားၿပီးလုပ္တာ။ တကယ္တမ္းက်ေတာ့ မလြယ္ပါဘူး။ လုပ္လို႔လည္း မရဘူး။ ဒီမွာလုပ္လို႔ မရဘူးတဲ့။ ကိုယ့္နယ္ကိုယ္ျပန္လုပ္မွ ရမယ္တဲ့။ ကိုယ္ေနထိုင္တဲ့ၿမိဳ႕နယ္ရဲ႕သန္းေခါင္စာရင္း ရွိမွ လုပ္ေပးတာတဲ့။ ကြၽန္ေတာ္တို႔က နယ္က အိမ္ေထာင္စုစာရင္းပဲရွိတာဆိုေတာ့ သူတို႔က နယ္ျပန္လုပ္လို႔ေျပာတာပဲ။ မရခဲ့ပါဘူး ဗ်ာ။ သူတို႔ကေတာ့ ထုတ္ျပန္ေနတာပဲ” ဟု နယ္မွရန္ကုန္ၿမိဳ႕သို႔ အလုပ္လာေရာက္လုပ္ကိုင္ရင္း မွတ္ပုံတင္ေပ်ာက္ဆုံးသြားခဲ့သူတစ္ဦးက ေျပာသည္။

"နယ္ျပန္လုပ္မွ ရမယ္ဆိုေတာ့လည္း သူတို႔ပဲ ခရီးသြားရင္ စစ္ေဆးတဲ့အခါမွာ အရင္လို အေထာက္အထားေတြျပလို႔မရေတာ့ဘဲ မွတ္ပုံတင္ျပမွ ရမွာတဲ့။ မွတ္ပုံတင္မျပႏိုင္ရင္ အေရးယူေတာ့မွာဆိုေတာ့ ကြၽန္ေတာ္တို႔က ဘယ္လိုလုပ္ရမွာလဲ။ မေျပာတတ္ေတာ့ပါဘူးဗ်ာ" ဟု ၎က ဆက္လက္ေျပာသည္။

မွတ္ပုံတင္ေပ်ာက္ဆုံးပ်က္ဆီးလဲလွယ္လိုသူမ်ားကိုလည္း စီမံခ်က္ကာလအတြင္းသာမက ပုံမွန္ကာလ မ်ားတြင္လည္း လဝက႐ုံးမ်ားသို႔ ေန႔စဥ္လာေရာက္ျပဳႏိုင္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား ဝန္ႀကီးဌာနက အသိေပးထားသည္။

ဆက္လက္ၿပီး ဝန္ႀကီးဌာနက ကာယကံရွင္မ်ား၏ လိုအပ္ခ်က္ျဖစ္ေသာ ခရီးသြားရန္၊ ေငြထုတ္ရန္၊ တည္းခိုရန္၊ လိုင္စင္လုပ္ရန္၊ ေက်ာင္းအပ္ရန္၊ အေရာင္းအဝယ္လုပ္ရန္စသည္ျဖင့္ မျဖစ္မေနလိုအပ္ခ်က္မ်ားအရ လဝက႐ုံးမ်ားသို႔ မွတ္ပုံတင္လာေရာက္ေဆာင္႐ြက္မႈမ်ားရွိေၾကာင္း ဆိုသည္။

ခရီးသြားလာျခင္းႏွင့္ အစစ္ေဆးခံျခင္းမ်ားတြင္ ႏိုင္ငံသားမွတ္ပုံတင္ကတ္ အစား ေထာက္ခံစာမ်ား ျပသျခင္းကို ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက မတ္လ ၅ ရက္က သတိေပးထုတ္ျပန္ေၾကညာထားသည္။

Picture

Zin Minn

10/03/2022 11:56

မှတ်ပုံတင် နှစ်ခုတွေလည်း ဖြစ်ကုန်ကြဦးမယ်

Related news

© 2021. All rights reserved.