ဆွစ်ဇာလန်နိုင်ငံ အင်မတန် ချမ်းသာကြွယ်ဝနေရတဲ့ အကြောင်းရင်းများ

 4489

ဝတီ (NP News) - မတ် ၈
ဆွစ်ဇာလန် ( Switzerland ) ဆိုတဲ့ ဥရောပနိုင်ငံလေးဟာ နိုင်ငံက သေးသလောက် အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကျော် နိုင်ငံလေးပါ။ ဒါပေမဲ့ ဘာကြောင့် ဒီနိုင်ငံလေးက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေစာရင်းထဲ ဝင်တဲ့အထိ ချမ်းသာနေတာပါပဲ။ အ ကြောင်းရင်းတွေကို ကြည့်လိုက်ကြရအောင်ပါ။

ဒီနေ့ခေတ်မှာတော့ လူအများစုဟာ ဆွစ်ဇာလန်ဆိုတဲ့နာ မည်ကို ကြားလိုက်တာနဲ့ ဘဏ်လုပ်ငန်းရယ်၊ သက် သာလှတဲ့ အခွန်စနစ်ရယ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုဟာ တီထွင်ဖန်တီးမှုအပေါ်မှာ အဓိက အခြေတည်ထားတာပါ။ ဒါပေမဲ့ ဒီနိုင်ငံသေးသေးလေးမှာ ဒိတ်ဒိတ် ကြဲ သူဋ္ဌေးကြီးတွေ ဘာလို့အများကြီး ဖြစ်နေတာလဲ ဆိုတာကိုလည်း သိချင်ကြဦးမှာပါ။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဘီလျံနာသူဋ္ဌေးကြီးတွေထဲမှာ အယောက် ၄ဝ က ဆွစ်ဇာလန်နိုင်ငံသားတွေလေ။ ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံ ဘယ်လောက်အထိ ချမ်းသာသလဲ၊ ဘယ်လိုနည်းတွေနဲ့ ချမ်းသာလာသလဲ စတာတွေကို ပြောပြသွားပါမယ်။ ဆွစ်ဇာလန်နိုင်ငံဟာ အေးချမ်းသာယာလှပတဲ့ သူဋ္ဌေးနိုင်ငံရယ်လို့ နာမည်ကြီးသ လောက် နေထိုင်မှုစရိတ်စကလည်း အင်မတန်မြင့်မားပါတယ်။ အဲဒီလို နေထိုင်မှုစရိတ်စက ကြီးရတဲ့ အကြောင်းရင်းကလည်း ရှိပါတယ်။ ဆွစ်ဇာလန်နိုင် ငံသားတွေဟာ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ပျမ်းမျှအားဖြင့် ငါးသိန်းနီးပါး ကြွယ်ဝကြတယ်လို့ ဆွစ်ဇာလန်နိုင်ငံလုံးဆိုင်ရာဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂ ဏာန်းအချက်အလက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ၂ဝ ဟာ ဆွစ်ဇာလန်က ထိပ်သီးသူဋ္ဌေးကြီးတွေအတွက် စီးပွားရေးတဟုန်ထိုးကောင်းတဲ့ ကာလတွေပါပဲ။ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းမှာ ဆွစ်ဇာလန်က အရွယ်ရောက်ပြီးသား လူတစ်ယောက် စီတိုင်းရဲ့ ကြွယ်ဝမှုဟာ ၅၃ ရာခိုင်နှုန်း တိုးလာခဲ့ပါသတဲ့။ ဒါကြောင့် ကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီရဲ့ ကြွယ်ဝမှုတွေကို နှိုင်းယှဉ်ကြည့် လိုက်မယ်ဆိုရင် တောင် ဆွစ်ဇာလန်က လူတွေက အချမ်းသာဆုံး ဖြစ်နေပါတယ်။ လူဦးရေ ကိုးသန်းလျော့လျော့ပဲ ရှိတဲ့ နိုင်ငံလေးမှာ သန်းကြွယ်သူဋ္ဌေးဦးရေက ၈ဝဝဝဝဝ ရှိနေတယ်လေ။ လုပ်ခလစာ များတာ၊ စီးပွားရေးတည် ငြိမ်တာ၊ အခွန်အခနှုန်းထား သက်သာတာတို့ကြောင့် လူချမ်းသာ နိုင်ငံခြားသားတွေ ဆွစ်ဇာလန်ကို အရမ်းသွားနေကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။

နိုင်ငံခြားသားတွေ အများကြီးလာပြီး အခြေချနေထိုင်တာကြောင့် ဆွစ်ဇာလန်လူဦးရေထဲမှာ ၂၅ ရာခိုင်နှုန်းကျော်က နိုင်ငံခြားသွေး နှောကြပါတယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ ဆွစ်ဇာလန်က သူဌေးကြီးတွေထဲမှာလည်း ထက်ဝက်လောက်က နိုင်ငံခြားက လာကြတာပါ။ ဆွစ်ဇာလန်မှာ လူချမ်းသာတွေ နေထိုင်ကြတော့ စရိတ်စကတွေကလည်း လိုက်မြင့်လာတော့တာပေါ့။ ဒါကြောင့်မို့လို့ ဆွစ်ဇာလန်မှာ နေထိုင်မှုစရိတ်စက မြင့်မားတာပါ။ ဆွစ်ဇာလန်ဟာ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ် အကြီးဆုံးနေရာလို့ ၂ဝ၂ဝ ခုနှစ် စစ်တမ်းတစ်ခုက ဆိုထားပါတယ်။ ကဲ..ဆွစ်ဇာလန်နိုင်ငံ ချမ်းသာကြွယ်ဝရတဲ့အကြောင်းရင်းတွေ အကြောင်းကို ပြန်သွားကြရအောင်ပါ။

ဆွစ်ဇာလန်နိုင်ငံ ချမ်းသာကြွယ်ဝရတဲ့ အကြောင်း ရင်းက တစ်ခုတည်းမဟုတ်ဘဲ အများကြီး ရှိပါတယ်။ ဆွစ်ဇာလန်ဟာ ဘဏ်လုပ်ငန်းကြောင့် ဒီလောက်အ ထိ ချမ်းသာနေတာလို့ လူတွေကထင်လေ့ရှိကြပေမယ့် အဲဒီလောက်အထိ မရိုးရှင်းပါဘူး။

zawgyi version
ဆြစ္ဇာလန္ႏိုင္ငံ အင္မတန္ ခ်မ္းသာႂကြယ္ဝေနရတဲ့ အေၾကာင္းရင္းမ်ား
ဝတီ (NP News) - မတ္ ၈

ဆြစ္ဇာလန္ ( Switzerland ) ဆိုတဲ့ ဥေရာပႏိုင္ငံေလးဟာ ႏိုင္ငံက ေသးသေလာက္ အင္မတန္ကို ခ်မ္းသာႂကြယ္ဝတဲ့ ကမာၻေက်ာ္ ႏိုင္ငံေလးပါ။ ဒါေပမဲ့ ဘာေၾကာင့္ ဒီႏိုင္ငံေလးက ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံေတြစာရင္းထဲ ဝင္တဲ့အထိ ခ်မ္းသာေနတာပါပဲ။ အ ေၾကာင္းရင္းေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

ဒီေန႔ေခတ္မွာေတာ့ လူအမ်ားစုဟာ ဆြစ္ဇာလန္ဆိုတဲ့နာ မည္ကို ၾကားလိုက္တာနဲ႔ ဘဏ္လုပ္ငန္းရယ္၊ သက္ သာလွတဲ့ အခြန္စနစ္ရယ္ကိုပဲ ေျပးျမင္မိၾကမွာပါ။ ဒါေပမဲ့ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ ႂကြယ္ဝခ်မ္းသာမႈဟာ တီထြင္ဖန္တီးမႈအေပၚမွာ အဓိက အေျခတည္ထားတာပါ။ ဒါေပမဲ့ ဒီႏိုင္ငံေသးေသးေလးမွာ ဒိတ္ဒိတ္ ႀကဲ သူေ႒းႀကီးေတြ ဘာလို႔အမ်ားႀကီး ျဖစ္ေနတာလဲ ဆိုတာကိုလည္း သိခ်င္ၾကဦးမွာပါ။ ကမာၻေပၚမွာရွိရွိသမွ် ဘီလ်ံနာသူေ႒းႀကီးေတြထဲမွာ အေယာက္ ၄ဝ က ဆြစ္ဇာလန္ႏိုင္ငံသားေတြေလ။ ဒါေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံ ဘယ္ေလာက္အထိ ခ်မ္းသာသလဲ၊ ဘယ္လိုနည္းေတြနဲ႔ ခ်မ္းသာလာသလဲ စတာေတြကို ေျပာျပသြားပါမယ္။ ဆြစ္ဇာလန္ႏိုင္ငံဟာ ေအးခ်မ္းသာယာလွပတဲ့ သူေ႒းႏိုင္ငံရယ္လို႔ နာမည္ႀကီးသ ေလာက္ ေနထိုင္မႈစရိတ္စကလည္း အင္မတန္ျမင့္မားပါတယ္။ အဲဒီလို ေနထိုင္မႈစရိတ္စက ႀကီးရတဲ့ အေၾကာင္းရင္းကလည္း ရွိပါတယ္။ ဆြစ္ဇာလန္ႏိုင္ ငံသားေတြဟာ အေမရိကန္ေဒၚလာနဲ႔ဆိုရင္ ပ်မ္းမွ်အားျဖင့္ ငါးသိန္းနီးပါး ႂကြယ္ဝၾကတယ္လို႔ ဆြစ္ဇာလန္ႏိုင္ငံလုံးဆိုင္ရာဘဏ္က ထုတ္ျပန္တဲ့ ကိန္းဂ ဏာန္းအခ်က္အလက္ေတြက ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၂ဝ ဟာ ဆြစ္ဇာလန္က ထိပ္သီးသူေ႒းႀကီးေတြအတြက္ စီးပြားေရးတဟုန္ထိုးေကာင္းတဲ့ ကာလေတြပါပဲ။ ၂ဝဝဝ ခုႏွစ္ကေန ၂ဝ၁၉ ခုႏွစ္အတြင္းမွာ ဆြစ္ဇာလန္က အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ စီတိုင္းရဲ႕ ႂကြယ္ဝမႈဟာ ၅၃ ရာခိုင္ႏႈန္း တိုးလာခဲ့ပါသတဲ့။ ဒါေၾကာင့္ ကမာၻေပၚက လူတစ္ေယာက္ခ်င္းစီရဲ႕ ႂကြယ္ဝမႈေတြကို ႏႈိင္းယွဥ္ၾကည့္ လိုက္မယ္ဆိုရင္ ေတာင္ ဆြစ္ဇာလန္က လူေတြက အခ်မ္းသာဆုံး ျဖစ္ေနပါတယ္။ လူဦးေရ ကိုးသန္းေလ်ာ့ေလ်ာ့ပဲ ရွိတဲ့ ႏိုင္ငံေလးမွာ သန္းႂကြယ္သူေ႒းဦးေရက ၈ဝဝဝဝဝ ရွိေနတယ္ေလ။ လုပ္ခလစာ မ်ားတာ၊ စီးပြားေရးတည္ ၿငိမ္တာ၊ အခြန္အခႏႈန္းထား သက္သာတာတို႔ေၾကာင့္ လူခ်မ္းသာ ႏိုင္ငံျခားသားေတြ ဆြစ္ဇာလန္ကို အရမ္းသြားေနၾကတာ ႏွစ္ေပါင္း မနည္းေတာ့ပါဘူး။

ႏိုင္ငံျခားသားေတြ အမ်ားႀကီးလာၿပီး အေျခခ်ေနထိုင္တာေၾကာင့္ ဆြစ္ဇာလန္လူဦးေရထဲမွာ ၂၅ ရာခိုင္ႏႈန္းေက်ာ္က ႏိုင္ငံျခားေသြး ေႏွာၾကပါတယ္။ သန္းေပါင္းမ်ားစြာႂကြယ္ဝတဲ့ ဆြစ္ဇာလန္က သူေဌးႀကီးေတြထဲမွာလည္း ထက္ဝက္ေလာက္က ႏိုင္ငံျခားက လာၾကတာပါ။ ဆြစ္ဇာလန္မွာ လူခ်မ္းသာေတြ ေနထိုင္ၾကေတာ့ စရိတ္စကေတြကလည္း လိုက္ျမင့္လာေတာ့တာေပါ့။ ဒါေၾကာင့္မို႔လို႔ ဆြစ္ဇာလန္မွာ ေနထိုင္မႈစရိတ္စက ျမင့္မားတာပါ။ ဆြစ္ဇာလန္ဟာ ကမာၻေပၚမွာ ကုန္က်စရိတ္ အႀကီးဆုံးေနရာလို႔ ၂ဝ၂ဝ ခုႏွစ္ စစ္တမ္းတစ္ခုက ဆိုထားပါတယ္။ ကဲ..ဆြစ္ဇာလန္ႏိုင္ငံ ခ်မ္းသာႂကြယ္ဝရတဲ့အေၾကာင္းရင္းေတြ အေၾကာင္းကို ျပန္သြားၾကရေအာင္ပါ။

ဆြစ္ဇာလန္ႏိုင္ငံ ခ်မ္းသာႂကြယ္ဝရတဲ့ အေၾကာင္း ရင္းက တစ္ခုတည္းမဟုတ္ဘဲ အမ်ားႀကီး ရွိပါတယ္။ ဆြစ္ဇာလန္ဟာ ဘဏ္လုပ္ငန္းေၾကာင့္ ဒီေလာက္အ ထိ ခ်မ္းသာေနတာလို႔ လူေတြကထင္ေလ့ရွိၾကေပမယ့္ အဲဒီေလာက္အထိ မ႐ိုးရွင္းပါဘူး။

စက်မှုလုပ်ငန်းနဲ့ တီထွင်ဖန်တီးထုတ်လုပ်မှုလုပ်ငန်း
ဆွစ်ဇာလန်ဆိုတဲ့နိုင်ငံလေးဟာ ဘာသယံဇာတအ ရင်းအမြစ်မှ မယ်မယ်ရရ မရှိပါဘူး။ ဒါပေမဲ့ စက်မှုလုပ်ငန်း ခေတ်ဦးကာလမှာကတည်းက ဆွစ်ဇာလန်ဟာ တကယ့်နိုင်ငံကြီးတွေထက်တောင် ခြေတစ်လှမ်း သာနေခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉ ရာစု နှောင်းပိုင်းနဲ့ ၂ဝ ရာစုအစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံရဲ့စီးပွား ရေးဟာ တဟုန်ထိုးအားကောင်းပြီး တိုးတက်ဖွံ့ဖြိုးသွားတော့တာပါ။ ဆွစ်ဇာလန်နိုင်ငံရဲ့ ထုတ်ကုန်အ ကြောင်းကိုတွေးလိုက်ရင် လူတွေက နာရီအကောင်းစားတွေနဲ့ ချောကလက်အကောင်းစားတွေကိုပဲ တွေးမိလေ့ရှိပါတယ်။ ဒါပေမဲ့ တီထွင်ဖန်တီးထုတ်လုပ်မှု လုပ် ငန်းကို ဆွစ်ဇာလန်လုပ်နေတာ သမိုင်းနဲ့ချီနေပါပြီ။ ဒါကြောင့် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့တဲ့ဈေးကွက်မှာ နေရာကြီးတစ်ခု အခိုင်အမာ ရထားပါတယ်။ တင်ပို့တဲ့ပစ္စည်းတွေထဲမှာ ဆေးဝါးပစ္စည်း၊ ဓာတုပစ္စည်း၊ စက်မှုပစ္စည်း၊ ကျောက်မျက်ရတနာပစ္စည်းတွေကတော့ အ ဓိကပေါ့။ နောက်ထပ် အဓိကအချက်ကတော့ ဆွစ်ဇာလန်အစိုးရက ပြည်တွင်းလုပ်ငန်းတွေကို အင်မတန်မှ အလေးထားပါတယ်။ ပြည်တွင်းက လိုအပ်တဲ့ပစ္စည်းတွေကို ပြည်ပကနေ ဈေးပေါပေါနဲ့ တင်သွင်းမယ့်အ စား ပြည်တွင်းမှာပဲ အရည်အသွေးမြင့်မြင့်ထုတ်လုပ်နိုင်အောင် အစိုးရက အားပေးပါတယ်။ ဒါကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံဟာ ကျန်တဲ့ဥရောပနိုင်ငံတွေနဲ့စာရင်တောင် စရိတ်စက အတော်ကြီးနေတာပါ။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ကြောင့်ပဲ နိုင်ငံ့စီးပွားရေးဟာ ဆထက်တပိုး အောင်မြင်လာပါတော့တယ်။

နိုင်ငံရေးတည်ငြိမ်မှုနဲ့ ကြားနေဝါဒ
ဆွစ်ဇာလန်နိုင်ငံရဲ့ အောင်မြင်မှု အဓွန့်ရှည်တည်တံ့ရတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံရေးတည်ငြိမ်မှုကလည်း အင်မတန် အဓိကကျပါတယ်။ စစ်ပွဲကြီးတွေ၊ ပဋိပက္ခကြီးတွေမှာ ဆွစ်ဇာလန်က ဘယ်ဘက်ကမှ ဝင်မပါဘဲ အမြဲကြားနေတဲ့အတွက် အိမ်နီးချင်း ဥရောပနိုင်ငံတွေ စီးပွားရေးအားဖြင့် အရမ်းအထိနာချိန်မှာ ဆွစ်ဇာလန်ကတော့ အေးအေးဆေးဆေးပါပဲ။ ပြီးတော့ တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ရှိတာ၊ အလုပ်နဲ့ပတ်သက်လို့ ကျင့်ဝတ်မှန်ကန်တာတို့ကြောင့် ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေကို ကြံ့ ကြံ့ခံနိုင်စွမ်းရှိနေပါတော့တယ်။ နိုင်ငံရေးတည်ငြိမ်တော့ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံခြားသား သူဌေးကြီးတွေက အဲဒီမှာ ပိုက်ဆံတွေ စိတ်ချလက်ချ ရင်းနှီးမြှုပ် နှံတယ်၊ ပိုင်ဆိုင်မှုတွေ စိတ်ချလက်ချထားပါတော့တယ်။

zawgyi version
စက္မႈလုပ္ငန္းနဲ႔ တီထြင္ဖန္တီးထုတ္လုပ္မႈလုပ္ငန္း
ဆြစ္ဇာလန္ဆိုတဲ့ႏိုင္ငံေလးဟာ ဘာသယံဇာတအ ရင္းအျမစ္မွ မယ္မယ္ရရ မရွိပါဘူး။ ဒါေပမဲ့ စက္မႈလုပ္ငန္း ေခတ္ဦးကာလမွာကတည္းက ဆြစ္ဇာလန္ဟာ တကယ့္ႏိုင္ငံႀကီးေတြထက္ေတာင္ ေျခတစ္လွမ္း သာေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း ၁၉ ရာစု ေႏွာင္းပိုင္းနဲ႔ ၂ဝ ရာစုအေစာပိုင္းမွာ ဆြစ္ဇာလန္ႏိုင္ငံရဲ႕စီးပြား ေရးဟာ တဟုန္ထိုးအားေကာင္းၿပီး တိုးတက္ဖြံ႕ၿဖိဳးသြားေတာ့တာပါ။ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ ထုတ္ကုန္အ ေၾကာင္းကိုေတြးလိုက္ရင္ လူေတြက နာရီအေကာင္းစားေတြနဲ႔ ေခ်ာကလက္အေကာင္းစားေတြကိုပဲ ေတြးမိေလ့ရွိပါတယ္။ ဒါေပမဲ့ တီထြင္ဖန္တီးထုတ္လုပ္မႈ လုပ္ ငန္းကို ဆြစ္ဇာလန္လုပ္ေနတာ သမိုင္းနဲ႔ခ်ီေနပါၿပီ။ ဒါေၾကာင့္ ႏိုင္ငံျခားကို ကုန္ပစၥည္းတင္ပို႔တဲ့ေဈးကြက္မွာ ေနရာႀကီးတစ္ခု အခိုင္အမာ ရထားပါတယ္။ တင္ပို႔တဲ့ပစၥည္းေတြထဲမွာ ေဆးဝါးပစၥည္း၊ ဓာတုပစၥည္း၊ စက္မႈပစၥည္း၊ ေက်ာက္မ်က္ရတနာပစၥည္းေတြကေတာ့ အ ဓိကေပါ့။ ေနာက္ထပ္ အဓိကအခ်က္ကေတာ့ ဆြစ္ဇာလန္အစိုးရက ျပည္တြင္းလုပ္ငန္းေတြကို အင္မတန္မွ အေလးထားပါတယ္။ ျပည္တြင္းက လိုအပ္တဲ့ပစၥည္းေတြကို ျပည္ပကေန ေဈးေပါေပါနဲ႔ တင္သြင္းမယ့္အ စား ျပည္တြင္းမွာပဲ အရည္အေသြးျမင့္ျမင့္ထုတ္လုပ္ႏိုင္ေအာင္ အစိုးရက အားေပးပါတယ္။ ဒါေၾကာင့္လည္း ဆြစ္ဇာလန္ႏိုင္ငံဟာ က်န္တဲ့ဥေရာပႏိုင္ငံေတြနဲ႔စာရင္ေတာင္ စရိတ္စက အေတာ္ႀကီးေနတာပါ။ ဒါေပမဲ့ ဒီလုပ္ေဆာင္ခ်က္ေၾကာင့္ပဲ ႏိုင္ငံ့စီးပြားေရးဟာ ဆထက္တပိုး ေအာင္ျမင္လာပါေတာ့တယ္။

ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ ၾကားေနဝါဒ
ဆြစ္ဇာလန္ႏိုင္ငံရဲ႕ ေအာင္ျမင္မႈ အဓြန႔္ရွည္တည္တံ့ရတဲ့ အေၾကာင္းရင္းေတြထဲမွာ ႏိုင္ငံေရးတည္ၿငိမ္မႈကလည္း အင္မတန္ အဓိကက်ပါတယ္။ စစ္ပြဲႀကီးေတြ၊ ပဋိပကၡႀကီးေတြမွာ ဆြစ္ဇာလန္က ဘယ္ဘက္ကမွ ဝင္မပါဘဲ အၿမဲၾကားေနတဲ့အတြက္ အိမ္နီးခ်င္း ဥေရာပႏိုင္ငံေတြ စီးပြားေရးအားျဖင့္ အရမ္းအထိနာခ်ိန္မွာ ဆြစ္ဇာလန္ကေတာ့ ေအးေအးေဆးေဆးပါပဲ။ ၿပီးေတာ့ တည္ၿငိမ္တဲ့ ဒီမိုကေရစီစနစ္ရွိတာ၊ အလုပ္နဲ႔ပတ္သက္လို႔ က်င့္ဝတ္မွန္ကန္တာတို႔ေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံဟာ ႏိုင္ငံေရး၊ စီးပြားေရးျပႆနာေတြကို ႀကံ့ ႀကံ့ခံႏိုင္စြမ္းရွိေနပါေတာ့တယ္။ ႏိုင္ငံေရးတည္ၿငိမ္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြ၊ ႏိုင္ငံျခားသား သူေဌးႀကီးေတြက အဲဒီမွာ ပိုက္ဆံေတြ စိတ္ခ်လက္ခ် ရင္းႏွီးျမႇဳပ္ ႏွံတယ္၊ ပိုင္ဆိုင္မႈေတြ စိတ္ခ်လက္ခ်ထားပါေတာ့တယ္။

ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး
ငွေရေးကြေးရေးပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ သမိုင်းတစ် လျှောက် အောင်မြင်မှုတွေရနေတာ ဘဏ်လုပ်ငန်းကြောင့် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာစုနှစ်က အောင်မြင်မှုတွေကတော့ ဘဏ်လုပ်ငန်း ကြောင့်ပါ။ ဆွစ်ဇာလန်အစိုးရက အခွန်စနစ်ကို လျှော့ပေါ့ပေးထားလို့ တကယ့်ကုမ္ပဏီကြီးတွေ၊ သူဋ္ဌေးကြီးတွေက ဆွစ်ဇာလန်ကိုပဲ လာကြတော့တာ ကာလရှည်ကြာနေပါပြီ။ ကမ္ဘာအနှံ့က ကုမ္ပဏီကြီးတွေ၊ သူဋ္ဌေးကြီးတွေ စု ပြုံရောက်လာပြီး ရင်းနှီးမြှုပ်နှံကြ၊ သူတို့ပိုက်ဆံတွေကို အဲဒီမှာ သုံးစွဲကြတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ကြွယ်ဝမှုက အဆပေါင်းများစွာတိုးပြီးရင်းတိုးလာပြီး ကမ္ဘာပေါ်က အကြီးမားဆုံး ငွေကြေးဗဟိုချက်တွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်လာပါတော့တယ်။ ဆွစ်ဇာလန်ရဲ့ဘဏ်လုပ် ငန်းဟာ တခြားမကောင်းတဲ့ဘက်မှာပါ သိုသိုသိပ်သပ်နဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိနေတယ်လို့ စွပ်စွဲခံ နေရတာ ကြာလှပါပြီ။ ဥပမာအားဖြင့် ပြောရရင် ဒုတိ ယကမ္ဘာစစ်တုန်းက နာဇီတွေ မတော်မတရားရထားတဲ့ ဒေါ်လာသန်းရာပေါင်းများစွာတန်တဲ့ ရွှေတွေအ များကြီးကို ဆွစ်ဇာလန်ဘဏ်က လက်ခံခဲ့တာမျိုးပေါ့။ ဒါကြောင့် ဆွစ်ဇာလန်ဘဏ်လုပ်ငန်းဟာ နိုင်ငံတကာမှာ လူပြောစရာဖြစ်နေပါတော့တယ်။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ အစိုးရက ဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ လုပ်နေပါပြီ။

zawgyi version
ဘဏ္လုပ္ငန္းနဲ႔ ဘ႑ာေရး
ေငြေရးေၾကးေရးပိုင္းမွာ ဆြစ္ဇာလန္ႏိုင္ငံ သမိုင္းတစ္ ေလွ်ာက္ ေအာင္ျမင္မႈေတြရေနတာ ဘဏ္လုပ္ငန္းေၾကာင့္ မဟုတ္ပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရာစုႏွစ္က ေအာင္ျမင္မႈေတြကေတာ့ ဘဏ္လုပ္ငန္း ေၾကာင့္ပါ။ ဆြစ္ဇာလန္အစိုးရက အခြန္စနစ္ကို ေလွ်ာ့ေပါ့ေပးထားလို႔ တကယ့္ကုမၸဏီႀကီးေတြ၊ သူေ႒းႀကီးေတြက ဆြစ္ဇာလန္ကိုပဲ လာၾကေတာ့တာ ကာလရွည္ၾကာေနပါၿပီ။ ကမာၻအႏွံ႔က ကုမၸဏီႀကီးေတြ၊ သူေ႒းႀကီးေတြ စု ၿပဳံေရာက္လာၿပီး ရင္းႏွီးျမႇဳပ္ႏွံၾက၊ သူတို႔ပိုက္ဆံေတြကို အဲဒီမွာ သုံးစြဲၾကေတာ့ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ႂကြယ္ဝမႈက အဆေပါင္းမ်ားစြာတိုးၿပီးရင္းတိုးလာၿပီး ကမာၻေပၚက အႀကီးမားဆုံး ေငြေၾကးဗဟိုခ်က္ေတြထဲမွာ တစ္ခုအပါ အဝင္ျဖစ္လာပါေတာ့တယ္။ ဆြစ္ဇာလန္ရဲ႕ဘဏ္လုပ္ ငန္းဟာ တျခားမေကာင္းတဲ့ဘက္မွာပါ သိုသိုသိပ္သပ္နဲ႔ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္မႈရွိေနတယ္လို႔ စြပ္စြဲခံ ေနရတာ ၾကာလွပါၿပီ။ ဥပမာအားျဖင့္ ေျပာရရင္ ဒုတိ ယကမာၻစစ္တုန္းက နာဇီေတြ မေတာ္မတရားရထားတဲ့ ေဒၚလာသန္းရာေပါင္းမ်ားစြာတန္တဲ့ ေ႐ႊေတြအ မ်ားႀကီးကို ဆြစ္ဇာလန္ဘဏ္က လက္ခံခဲ့တာမ်ိဳးေပါ့။ ဒါေၾကာင့္ ဆြစ္ဇာလန္ဘဏ္လုပ္ငန္းဟာ ႏိုင္ငံတကာမွာ လူေျပာစရာျဖစ္ေနပါေတာ့တယ္။ ဒါေပမဲ့ ေနာက္ ပိုင္းမွာေတာ့ အစိုးရက ဘဏ္လုပ္ငန္းနဲ႔ပတ္သက္လို႔ စည္းမ်ဥ္းေတြ တင္းတင္းက်ပ္က်ပ္ ခ်မွတ္ဖို႔ လုပ္ေနပါၿပီ။

Related news

© 2021. All rights reserved.