လဝကရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၇ဝ ကို ရာထူးတိုးမြှင့်ပေး
 1182
ဟိန်း (NP News) - မတ် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒု-လဝကမှူး (၁၇ဝ) ဦးအား လဝကမှူးအဖြစ် ရာ ထူးတိုးပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်နေသည်မှာ (၁ဝ) လ ကျော်ရှိလာသည့်အချိန်တွင် ယခုကဲ့သို့ ရာထူးတိုးချီးမြှင့်ပေးခဲ့ခြင်းမျိုးဖြစ်ပြီး စာမေးပွဲဖြေထားပြီး ရာ ထူးတိုးမပါသေးသူများအတွက်လည်း နေရာလွတ်များစွာ ကျန်နေသေး ကြောင်းနှင့် မကြာမီဆက် တိုက်ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံအနှံ့ခရိုင်များတိုးချဲ့မည်ဖြစ်ပြီး အဆိုပါ တိုးချဲ့မှုများ နှင့်အတူ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးတိုးမှုများ ဆက် တိုက်ဖြစ်ပေါ်လာမည့် အနေအထားတွင်လည်း ရှိနေသည်။
ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ကန့်သတ်ချက်၊ လုံ ခြုံရေးဆိုင်ရာကန့်သတ်ချက်များကြားမှ ရည်မှန်း ချက်ရောက်ရန် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်မှုအပေါ်အသိအမှတ်ပြုသကဲ့သို့ ဂုဏ်ပြုချီးမြှင့်ဖို့ လက် မနှေးဘဲ စီစဉ်ဆောင်ရွက်နေကြကြောင်းနှင့် ယခုကာ လတွင် ရာထူးတိုးအမိန့်များမှာ အဆင့်အလိုက်အင်နှင့်အားနှင့် အများကြီးရှိနေကြောင်း၊ စီမံခန့်ခွဲမှုစနစ်အရ စာရင်းပြုစုရခြင်း၊ စစ်ဆေးအတည်ပြုရခြင်းများ များနေသည့်အတွက် နေရာလွတ်ရှိသလောက် တစ် ပြိုင်တည်းထွက်ဖို့ရန်မဖြစ်နိုင်ဘဲ အပိုင်းလိုက်ခွဲထွက်ရခြင်းမျိုးလည်း ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ပန်းခင်းစီမံချက်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေ ပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့သည် စီမံချက်လျာထားချက်အဖြစ် တိုင်းလုံးကျွတ်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသည် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ပြီး ကန့် သတ်ချက်အချိုကြောင့် မြိုနယ်တိုင်း၏ လျာထား ချက် ရာနှုန်းပြည့်ပြီးမြောက်ခြင်းမရှိသေး၍ တိုင်းလုံးကျွတ်ပြီးစီးသည်ဟု မသတ်မှတ်သေးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၈ ရက်ကပြောကြားခဲ့သည်။
zawgyi version
ဟိန်း (NP News) - မတ် ၉
Related news
© 2021. All rights reserved.