၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ (၃) သိန်းကျော်ရှိဟု ဆို

 1383

NP News - မတ် ၁ဝ
လာမည့် မတ်လ ၃၁ ရက်တွင် ကျင်းပမည့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေသည် ၃၁၂၂၉၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာ၏ မတ်လ ၁ဝ ရက် ထုတ်ပြန် ချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်ထားသူစာရင်းတွင် ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး လူဦးရေ (၄၅၅၉၂) ဦး ဝင်ရောက်လျှောက်ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃၇၅၆ဝ) ဦး၊ မန္တလေးတိုင်းမှ (၃၇၂ဝ၂) ဦးနှင့် ဆယ်တန်းစာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူဦးရေ အနည်းဆုံးမှာ ကယားပြည်နယ်မှဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၇၈ဝ) ဦးသာ လျှောက်ထားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြင်ပမှ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူဦးရေသည် ၃၉ ဦးရှိကြောင်းသိရသည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်စာစစ်ဌာနထံသို့ မတ်လ ၉ ရက်အထိ ခရိုင် (၇၁) ခရိုင်၊ မြို့နယ် (၃၂၁) မြို့နယ်၊ စာစစ်ဌာန (၁၂၅၆) ဌာနတို့တွင် စာရင်းသွင်းသူဦးရေ ကျောင်းတွင်းဖြေ (၂ဝဝ၇၆၈) ဦးနှင့် အလွတ်ဖြေဆိုမည့်သူ (၁၁၁၅၃၁) ဦး စုစုပေါင်း (၃၁၂၂၉၉) ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံပညာ၏ မူလတန်းနှင့် အလယ်တန်းစာမေးပွဲများအား ၂ဝ၂၂ ခုနှစ်မတ်လ ၁၇ ရက်မှ စတင်ကျင်းပရန် စီစဉ်ထားပြီး ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၂ဝ၂၂ ခုနှစ် မတ်လ(၃၁) ရက်မှ ဧပြီလ (၉) ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်သည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စင်ကာပူရောက် မြန်မာနိုင်ငံသား ကျောင်းသားများအနေဖြင့် လည်း ဖြေဆိုခွင့်လက်မှတ်များ လာရောက်ထုတ်ယူရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက မတ်လ ၉ ရက်က အသိပေးကြေညာထားသည်။

၂ဝ၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ စာရင္းသြင္းထားသူ (၃) သိန္းေက်ာ္ရွိဟု ဆို
NP News - မတ္ ၁ဝ
လာမည့္ မတ္လ ၃၁ ရက္တြင္ က်င္းပမည့္ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းသူ ဦးေရသည္ ၃၁၂၂၉၉ ဦး ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာ၏ မတ္လ ၁ဝ ရက္ ထုတ္ျပန္ ခ်က္အရ သိရသည္။

တကၠသိုလ္ဝင္တန္းေျဖဆိုခြင့္ေလွ်ာက္ထားသူစာရင္းတြင္ ရခိုင္ျပည္နယ္မွ အမ်ားဆုံးျဖစ္ၿပီး လူဦးေရ (၄၅၅၉၂) ဦး ဝင္ေရာက္ေလွ်ာက္ထားေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးမွ (၃၇၅၆ဝ) ဦး၊ မႏၱေလးတိုင္းမွ (၃၇၂ဝ၂) ဦးႏွင့္ ဆယ္တန္းစာေမးပြဲေျဖဆိုခြင့္ေလွ်ာက္ထားသူဦးေရ အနည္းဆံုးမွာ ကယားျပည္နယ္မွျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူ(၇၈ဝ) ဦးသာ ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ျပင္ပမွ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုရန္ ေလွ်ာက္ထားသူဦးေရသည္ ၃၉ ဦးရွိေၾကာင္းသိရသည္။

၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲအား ဝင္ေရာက္ေျဖဆိုရန္ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ခ႐ိုင္၊ ၿမိဳ႕နယ္စာစစ္ဌာနထံသို႔ မတ္လ ၉ ရက္အထိ ခ႐ိုင္ (၇၁) ခ႐ိုင္၊ ၿမိဳ႕နယ္ (၃၂၁) ၿမိဳ႕နယ္၊ စာစစ္ဌာန (၁၂၅၆) ဌာနတို႔တြင္ စာရင္းသြင္းသူဦးေရ ေက်ာင္းတြင္းေျဖ (၂ဝဝ၇၆၈) ဦးႏွင့္ အလြတ္ေျဖဆိုမည့္သူ (၁၁၁၅၃၁) ဦး စုစုေပါင္း (၃၁၂၂၉၉) ဦး ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အေျခခံပညာ၏ မူလတန္းႏွင့္ အလယ္တန္းစာေမးပြဲမ်ားအား ၂ဝ၂၂ ခုႏွစ္မတ္လ ၁၇ ရက္မွ စတင္က်င္းပရန္ စီစဥ္ထားၿပီး ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲအား ၂ဝ၂၂ ခုႏွစ္ မတ္လ(၃၁) ရက္မွ ဧၿပီလ (၉) ရက္ အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ေၾကညာထားၿပီးျဖစ္သည္။

၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ စင္ကာပူေရာက္ ျမန္မာႏိုင္ငံသား ေက်ာင္းသားမ်ားအေနျဖင့္ လည္း ေျဖဆိုခြင့္လက္မွတ္မ်ား လာေရာက္ထုတ္ယူရန္ စင္ကာပူႏိုင္ငံရွိ ျမန္မာသံ႐ုံးက မတ္လ ၉ ရက္က အသိေပးေၾကညာထားသည္။

Picture

Hlamin Thaw

11/03/2022 09:40

youtube မှာရှာမတွေ့တော့ဖူး ကိုကျော်မျိုးထွန်းကို အမြဲနားထောင်အားပေးနေတာ youtube link ရှ်ရင် ပေးပါအုံးနော် NP news အဖွဲ့သားများ ကျမ္မာပျော်ရွှင်ကြပါစေ...

Related news

© 2021. All rights reserved.