အောက်ချင်းငှက်များ သားပေါက်ရာဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်ရှိ မီအေပီတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

 1170

မျိုးကြီး (NP News) - မတ် ၁၃
အောက်ချင်းငှက်များ သားပေါက်ရာဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်၊ ထန်တလန်းမြို့နယ်အတွင်းရှိ မီအေပီတောင်ကို အမျိုးသားဥယျာဉ်အဖြစ် မတ်လ ၁ဝ ရက်မှ စတင် သတ်မှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် စတင်သတ်မှတ် လိုက်ပြီကြောင်း သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မီအေပီတောင်သည် ထင်ရှားသည့် ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့နှင့် ၂၃ မိုင်ခန့်အကာတွင် တည်ရှိ ကာ ထန်တလန်-ဟရီဖီး-ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေနိုင်သော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့်တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက် တို့သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်းများရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရီယာ ၉၉၈၄ ဒသမ ၂၈ ဧကကိုလည်း ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ် မတ်လ ၁၁ ရက်မှစတင် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ဇိန်မှုတောင်သည် ကွန်သဲချောင်းမကြီး အဓိကရေဝေရေလဲဧရိယာဖြစ်ပြီး သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှု ရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင် အမဲလိုက်ခြင်း ကို အချိန်မီထိန်းသိမ်းကာကွယ်ရန်လိုအပ်ခြင်းတို့ကြောင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Zawgyi Version;
ေအာက္ခ်င္းငွက္မ်ား သားေပါက္ရာေဒသတစ္ခုျဖစ္သည့္ ခ်င္းျပည္နယ္ရွိ မီေအပီေတာင္ကို အမ်ိဳးသားဥယ်ာဥ္ အျဖစ္ သတ္မွတ္
မ်ဳိးႀကီး (NP News) - မတ္ ၁၃
ေအာက္ခ်င္းငွက္မ်ား သားေပါက္ရာေဒသတစ္ခုျဖစ္သည့္ ခ်င္းျပည္နယ္၊ ထန္တလန္းၿမိဳ႕နယ္အတြင္းရွိ မီေအပီေတာင္ကို အမ်ိဳးသားဥယ်ာဥ္အျဖစ္ မတ္လ ၁ဝ ရက္မွ စတင္ သတ္မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ခ်င္းျပည္နယ္၊ ဟားခါးခ႐ိုင္၊ ထန္တလန္ၿမိဳ႕နယ္အတြင္းရွိ ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမ်ိဳးစုံမ်ိဳးကြဲ မ်ားထိန္းသိမ္းကာကြယ္ရန္အတြက္ မီေအပီ၊ ရဟူတူ၊ လွိမ္ေရာမ္း အမ်ိဳးသားဥယ်ာဥ္အျဖစ္ စတင္သတ္မွတ္ လိုက္ၿပီေၾကာင္း သံယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေၾကညာခဲ့သည္။

မီေအပီေတာင္သည္ ထင္ရွားသည့္ ေက်ာက္ေတာင္ႀကီးျဖစ္ၿပီး ထန္တလန္ၿမိဳ႕ႏွင့္ ၂၃ မိုင္ခန႔္အကာတြင္ တည္ရွိ ကာ ထန္တလန္-ဟရီဖီး-ေဝါင္သူး ကားလမ္းျဖင့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႔ ကားလမ္းေပါက္ၿပီး ျပည္တြင္း ျပည္ပ ခရီးသြားဧည့္သည္မ်ား အပန္းေျဖႏိုင္ေသာ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အမ်ိဳးသားဥယ်ာဥ္အတြင္း ခ်င္းျပည္နယ္၏ အမွတ္အသားသေကၤတ အထင္ကရျပယုဂ္ျဖစ္သည့္ ထင္းရႉး၊ ေတာင္ဇလပ္ျဖဴ၊ ေတာင္ဇလပ္နီ၊ သစ္ခြမ်ိဳးမ်ားေပါက္ေရာက္ျခင္း၊ မ်ိဳးသုဥ္းရန္ အႏၲရာယ္ရွိသည့္ ေတာဆိတ္၊ ေတာင္ဆိတ္၊ က်ားသစ္ႏွင့္ သင္းေခြခ်ပ္ စသည့္ေတာ႐ိုင္းတိရစာၦန္မ်ား က်က္စားေနထိုင္ျခင္း၊ ေအာက္ခ်င္းငွက္ တို႔သားေပါက္ရာေဒသျဖစ္ျခင္း၊ ထူးျခားသည့္ ဘူမိ႐ုပ္သြင္းမ်ားရွိျခင္းတို႔ေၾကာင့္ သဘာဝအေျခခံခရီးသြား လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည့္အခြင့္အလမ္းမ်ားစြာ ရရွိႏိုင္မည္ျဖစ္သျဖင့္ အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ဆက္လက္ၿပီး သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ခ်င္းျပည္နယ္၊ ဟားခါးခ႐ိုင္၊ ထန္တလန္ၿမိဳ႕နယ္ႏွင့္ ဖလမ္းခ႐ိုင္၊ ဖလမ္းၿမိဳ႕နယ္အတြင္းရွိ ဧရီယာ ၉၉၈၄ ဒသမ ၂၈ ဧကကိုလည္း ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ားအား ထိန္းသိမ္းကာကြယ္ရန္အတြက္ ဇိန္မႈေတာင္အမ်ိဳးသားဥယ်ာဥ္အျဖစ္ မတ္လ ၁၁ ရက္မွစတင္ သတ္မွတ္လိုက္ေၾကာင္း ေၾကညာခဲ့သည္။

အဆိုပါ ဇိန္မႈေတာင္သည္ ကြန္သဲေခ်ာင္းမႀကီး အဓိကေရေဝေရလဲဧရိယာျဖစ္ၿပီး သဘာဝေတာ႐ိုင္းတိရစာၦန္မ်ား ေနထိုင္က်က္စားသည့္ ဧရိယာျဖစ္ျခင္း၊ ဘူမိ႐ူပသြင္ျပင္ထူးျခားမႈ ရွိျခင္း၊ စည္းကမ္းမဲ့တရားမဝင္ အမဲလိုက္ျခင္း ကို အခ်ိန္မီထိန္းသိမ္းကာကြယ္ရန္လိုအပ္ျခင္းတို႔ေၾကာင့္ အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

Related news

© 2021. All rights reserved.