နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာတွင် အလယ်တန်းပြဆရာမတစ်ဦး အသတ်ခံရ

 1421

NP News - မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာတွင် အ လယ်တန်းပြဆရာမတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

ကျူးလွန်ခံရသည့် အလယ်တန်းပြဆရာမသည် မင်းရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲဝင်းအတွင်းရှိ နေအိမ်လိုင်းခန်းတွင် နေထိုင်သူဖြစ်ပြီး မတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအသတ်ခံရသည့် သတင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာတွင် မင်းရွာကျေးရွာအခြေခံပညာအထက် တန်းကျောင်းခွဲဝင်းအတွင်း နေထိုင်သည့် အလယ်တန်းပြဆရာမ ဒေါ်ညိုညိုဇော် (၄၂)နှစ်သည် ၎င်း၏နေအိမ်လိုင်းခန်းအတွင်းရှိနေစဉ် အ ကြမ်းဖက်သူ အမျိုးသား (၄) ဦးက ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာပြီး “CDM မလုပ်ဘူးလား”ဟု ခြိမ်းခြောက်၍ “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း၊ ဒေါ်ညိုညိုဇော်မှာ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာများမှ 9mm ကျည်ခွံ ၂ ခုနှင့် ကျည်ထိပ်ဖူး ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နွားထိုးကြီး PDF အဖွဲ့က နွားထိုးကြီးမြို့နယ်၊ ကြောင်နံအုပ်စု၊ မင်းရွာတွင် မတ်လ ၁၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်က ဒလန်အကြီးစားဖြစ်သူ ကျော်လွင်နှင့် ညိုညိုဇော်တို့အား ၎င်းတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ မကွေးတိုင်းဒေသကြီးအတွင်းတွင်လည်း ကျောင်းဆရာ၊ ဆရာမ လုပ်ကြံသတ်ဖြတ်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မတ်လ ၁ဝ ရက်တွင် ပေါက်မြို့နယ်၊ နဂါးပွတ်အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား ရိုက်နှက်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕နယ္၊ မင္း႐ြာေက်း႐ြာတြင္ အလယ္တန္းျပဆရာမတစ္ဦး အသတ္ခံရ
NP News - မတ္ ၁၄

မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ မင္း႐ြာေက်း႐ြာတြင္ အ လယ္တန္းျပဆရာမတစ္ဦး အသတ္ခံရေၾကာင္း သတင္းရရွိသည္။

က်ဴးလြန္ခံရသည့္ အလယ္တန္းျပဆရာမသည္ မင္း႐ြာေက်း႐ြာအေျခခံပညာအထက္တန္းေက်ာင္းခြဲဝင္းအတြင္းရွိ ေနအိမ္လိုင္းခန္းတြင္ ေနထိုင္သူျဖစ္ၿပီး မတ္လ ၁၂ ရက္၊ ညေန ၆ နာရီခြဲခန႔္တြင္ အသတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအသတ္ခံရသည့္ သတင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာတြင္ မင္း႐ြာေက်း႐ြာအေျခခံပညာအထက္ တန္းေက်ာင္းခြဲဝင္းအတြင္း ေနထိုင္သည့္ အလယ္တန္းျပဆရာမ ေဒၚညိဳညိဳေဇာ္ (၄၂)ႏွစ္သည္ ၎၏ေနအိမ္လိုင္းခန္းအတြင္းရွိေနစဥ္ အ ၾကမ္းဖက္သူ အမ်ိဳးသား (၄) ဦးက ဆိုင္ကယ္ (၂) စီးျဖင့္ ေရာက္ရွိလာၿပီး “CDM မလုပ္ဘူးလား”ဟု ၿခိမ္းေျခာက္၍ “ဒလန္”ဟု စြပ္စြဲေျပာဆိုကာ ေသနတ္၊ ဓားမ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ ေၾကာင္း၊ ေဒၚညိဳညိဳေဇာ္မွာ က်ည္ထိမွန္ဒဏ္ရာ၊ ဓားဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္းႏွင့္ အခင္းျဖစ္ေနရာမ်ားမွ 9mm က်ည္ခြံ ၂ ခုႏွင့္ က်ည္ထိပ္ဖူး ၁ ခုတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မတ္လ ၁၃ ရက္ေန႔ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ႏြားထိုးႀကီး PDF အဖြဲ႕က ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေၾကာင္နံအုပ္စု၊ မင္း႐ြာတြင္ မတ္လ ၁၃ ရက္၊ ညေန ၅ နာရီဝန္းက်င္ခန႔္က ဒလန္အႀကီးစားျဖစ္သူ ေက်ာ္လြင္ႏွင့္ ညိဳညိဳေဇာ္တို႔အား ၎တို႔အဖြဲ႕မွ သုတ္သင္ရွင္းလင္းခဲ့ေၾကာင္း မတ္လ ၁၄ ရက္တြင္ သတင္းထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

အလားတူ မေကြးတိုင္းေဒသႀကီးအတြင္းတြင္လည္း ေက်ာင္းဆရာ၊ ဆရာမ လုပ္ႀကံသတ္ျဖတ္ခံရမႈမ်ား မၾကာခဏ ျဖစ္ေပၚေနၿပီး ၿပီးခဲ့သည့္ မတ္လ ၁ဝ ရက္တြင္ ေပါက္ၿမိဳ႕နယ္၊ နဂါးပြတ္အေျခခံပညာ အလယ္တန္းေက်ာင္းခြဲသို႔ လက္နက္ကိုင္ လူတစ္စုေရာက္ရွိလာၿပီး ဆရာ၊ ဆရာမမ်ားအား ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.