ပါမောက္ခချုပ်ဆရာတော် ဦးဆောင်၍ ပညာဘူမိတက္ကသိုလ် တည်ထောင်ဖွင့်လှစ်မည်

 1711

မျိုးကြီး (NP News) - မတ် ၁၇
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝသံသ ဦးဆောင်၍ ပညာဘူမိတက္ကသိုလ်(University Of Wisdom Land) တည်ထောင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆရာတော်က လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့် မတ်လ ၁၆ ရက်က အသိပေးမိန့်ကြားထားသည်။

မတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော်(၈၂)နှစ်ပြည့် မွေးနေ့ ဝိဇာတအခမ်းအနားတွင် ပညာဘူမိတက္ကသိုလ်တည်ထောင်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ပါမောက္ခချုပ်ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့ကြောင်း သိရသည်။

"ပညာဘူမိဆိုသည်မှာ ပညာရဲ့ဖြစ်ပေါ်ရာနေရာ၊ ပညာရဲ့ဖြစ်ပေါ်ရာဌာနကို ပညာဘူမိလို့ ခေါ်တွင်တယ်၊ မြတ်စွာဘုရားရဲ့ အသိပညာတွေ ဖြစ်ပေါ်ခဲ့တဲ့နေရာဟာ ဗောဓိပင်လို့ခေါ်တဲ့ ညောင်ပင်အောက်မှာ တရားဓမ္မ ကျင့်ကြံပြီးလို့ ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်းဖြစ်တယ်။ အဲဒီ ဗောဓိပင်ကို အမှတ်အသားပြုပြီးတော့ ဒီနေရာမှာ လည်းပဲ မြတ်စွာဘုရားထံက ရရှိတဲ့ ဩဝါဒတွေကို အခြေခံပြီးတော့ ဓမ္မအသိပညာတွေရရှိဖို့ ဒီတက္ကသိုလ်နေရာ က နေအဓိက ဖြန့်ဖြူးမယ်လို့ ရည်ရွယ်ပြီးတော့ ပညာဘူမိလို့ အမည်ပေးထားတာဖြစ်တယ်။ ရအောင် သင်ယူ နိုင်မှု/မသင်ယူနိုင်မှု ကတော့ပုဂ္ဂိုလ်နဲ့ဆိုင်ပါတယ်။ ဒီနေရာ ဌာနအနေနဲ့ကတော့ ပညာဖြစ်ပေါ်လာမည့် ဌာန တစ်ခုဖြစ်တယ်" ဟု ဒေါက်တာနန္ဒမာလာဘိဝသံသက မိန့်ကြားသည်။

ပညာဘူမိတက္ကသိုလ်ကို ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၇)မိုင် (၆)ဖာလုံ၊ လှည်းကူးမြို့နယ်တွင် တည်ထောင်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ပညာဘူမိတက္ကသိုလ်တွင် ဌာန(၅)ခု ပါရှိမည်ဖြစ်ပြီး ၎င်းတို့မှာ တက္ကသိုလ် အနုဂ္ဂဟဌာန၊ စာကြည့်တိုက်ဌာန၊ စာအုပ်စာပေဌာန၊ ကျမ်းပြုမဟာဌာနနှင့် ပညာသင်ကြားရေးဌာနတို့ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Version;
ပါေမာကၡခ်ဳပ္ဆရာေတာ္ ဦးေဆာင္၍ ပညာဘူမိတကၠသိုလ္ တည္ေထာင္ဖြင့္လွစ္မည္
မ်ိဳးႀကီး (NP News) - မတ္ ၁၇
ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝသံသ ဦးေဆာင္၍ ပညာဘူမိတကၠသိုလ္(University Of Wisdom Land) တည္ေထာင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဆရာေတာ္က လူမႈ ကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ မတ္လ ၁၆ ရက္က အသိေပးမိန႔္ၾကားထားသည္။

မတ္လ ၁၆ ရက္တြင္ က်င္းပျပဳလုပ္သည့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ေမြးေန႔ ဝိဇာတအခမ္းအနားတြင္ ပညာဘူမိတကၠသိုလ္တည္ေထာင္ရျခင္း ရည္႐ြယ္ခ်က္မ်ားႏွင့္ပတ္သက္၍ ပါေမာကၡခ်ဳပ္ဆရာေတာ္က ထည့္သြင္းမိန႔္ၾကားခဲ့ေၾကာင္း သိရသည္။

"ပညာဘူမိဆိုသည္မွာ ပညာရဲ႕ျဖစ္ေပၚရာေနရာ၊ ပညာရဲ႕ျဖစ္ေပၚရာဌာနကို ပညာဘူမိလို႔ ေခၚတြင္တယ္၊ ျမတ္စြာဘုရားရဲ႕ အသိပညာေတြ ျဖစ္ေပၚခဲ့တဲ့ေနရာဟာ ေဗာဓိပင္လို႔ေခၚတဲ့ ေညာင္ပင္ေအာက္မွာ တရားဓမၼ က်င့္ႀကံၿပီးလို႔ ပညာဉာဏ္ အလုံးစုံရရွိခဲ့ျခင္းျဖစ္တယ္။ အဲဒီ ေဗာဓိပင္ကို အမွတ္အသားျပဳၿပီးေတာ့ ဒီေနရာမွာ လည္းပဲ ျမတ္စြာဘုရားထံက ရရွိတဲ့ ဩဝါဒေတြကို အေျခခံၿပီးေတာ့ ဓမၼအသိပညာေတြရရွိဖို႔ ဒီတကၠသိုလ္ေနရာ က ေနအဓိက ျဖန႔္ျဖဴးမယ္လို႔ ရည္႐ြယ္ၿပီးေတာ့ ပညာဘူမိလို႔ အမည္ေပးထားတာျဖစ္တယ္။ ရေအာင္ သင္ယူ ႏိုင္မႈ/မသင္ယူႏိုင္မႈ ကေတာ့ပုဂၢိဳလ္နဲ႔ဆိုင္ပါတယ္။ ဒီေနရာ ဌာနအေနနဲ႔ကေတာ့ ပညာျဖစ္ေပၚလာမည့္ ဌာန တစ္ခုျဖစ္တယ္" ဟု ေဒါက္တာနႏၵမာလာဘိဝသံသက မိန႔္ၾကားသည္။

ပညာဘူမိတကၠသိုလ္ကို ရန္ကုန္-မႏၲေလးအျမန္လမ္း၊ (၇)မိုင္ (၆)ဖာလုံ၊ လွည္းကူးၿမိဳ႕နယ္တြင္ တည္ေထာင္ဖြင့္ လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး၏ ပညာဘူမိတကၠသိုလ္တြင္ ဌာန(၅)ခု ပါရွိမည္ျဖစ္ၿပီး ၎တို႔မွာ တကၠသိုလ္ အႏုဂၢဟဌာန၊ စာၾကည့္တိုက္ဌာန၊ စာအုပ္စာေပဌာန၊ က်မ္းျပဳမဟာဌာနႏွင့္ ပညာသင္ၾကားေရးဌာနတို႔ျဖစ္ ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.