ပြွန်တန်ဆာမြို့၌ ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးရှိလူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

943

မျိုးကြီး (NP News) - မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့၌ ယနေ့ (မတ် လ ၁၇ ရက်) နံနက် ၁ဝ နာရီခန့်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးရှိလူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်သည် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃)ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဆီဘောက်ဆာကားမှောက်ပြီးတော့ မီးလောင်တာ၊ အနီးအနားမှာရှိတဲ့ အိမ်တွေပါ မီးကူးစက်လောင် ကျွမ်းခဲ့တာ တွေ့ရတယ်" ဟု မီးလောင်မှုအားသွား ရောက်ကူညီ ငြှိမ်းသက်ခဲ့သော လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ညောင်လေးပင်မြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ဝ နာရီ ၄၅ မိနစ်အချိန်
ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်ပေါ်တွင်ပါရှိသည့် အမျိုးသားနှစ်ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကာ ပဲခူးပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

zawgyi version
ႁပြန္တန္ဆာၿမိဳ႕၌ ဆီေဘာက္ဆာယာဥ္တစ္စီး တိမ္းေမွာက္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနီးရွိလူေနအိမ္မ်ားပါ မီးကူးစက္ေလာင္ကြၽမ္းမႈျဖစ္ပြား
NP News - မတ္ ၁၇
ပဲခူးတိုင္းေဒသႀကီး၊ ႁပြန္တန္ဆာၿမိဳ႕၌ ယေန႔ (မတ္ လ ၁၇ ရက္) နံနက္ ၁ဝ နာရီခန႔္တြင္ ဆီေဘာက္ဆာယာဥ္တစ္စီး တိမ္းေမွာက္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနီးရွိလူေနအိမ္မ်ားပါ မီးကူးစက္ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္သည္ ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ႁပြန္တန္ဆာၿမိဳ႕၊ ၿမိဳ႕မ (၃)ရပ္ကြက္၊ ပင္းတလဲေကြ႕အနီး ရန္ကုန္-မႏၲေလးလမ္းေဟာင္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ဆီေဘာက္ဆာကားေမွာက္ၿပီးေတာ့ မီးေလာင္တာ၊ အနီးအနားမွာရွိတဲ့ အိမ္ေတြပါ မီးကူးစက္ေလာင္ ကြၽမ္းခဲ့တာ ေတြ႕ရတယ္" ဟု မီးေလာင္မႈအားသြား ေရာက္ကူညီ ျငႇိမ္းသက္ခဲ့ေသာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ကို ေညာင္ေလးပင္ၿမိဳ႕ နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၂)စီး၊ ႁပြန္တန္ဆာနယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ ေရသယ္ယာဥ္(၁)စီး၊ ဒိုက္ဦးၿမိဳ႕နယ္မီးသတ္စခန္းမွ ေရသယ္ယာဥ္(၁)စီး၊ ပဲခူးခ႐ိုင္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ ၁ဝ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ဆီေဘာက္ဆာယာဥ္ေပၚတြင္ပါရွိသည့္ အမ်ိဳးသားႏွစ္ဦးမွာ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ကာ ပဲခူးျပည္သူ႔ေဆး႐ုံ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕က ဆိုသည္။