မြစ်ကြီးနားမြိုအတွင်း (၁၂)ဘီးကုန်တင်ယာဉ်များနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှု မရှိစေရေးစီမံဆောင်ရွက်သွားမည်ဟုဆို

 800

ဟိန်း (NP News) - မတ် ၁၈
မြစ်ကြီးနားမြိုအတွင်း (၁၂)ဘီးကုန်တင်ယာဉ်များနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှု မရှိစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မတ်လ ၁၇ ရက်က ပြည်နယ် အစိုးရအဖွဲရုံး မလိခခန်းမ၌ ပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့သည် ပြည်နယ်၏မြို့တော်ဖြစ် သည်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ဖွံဖြိုးတိုးတက်လာသော မြို့တစ်ခုဖြစ်လာသဖြင့် မြိုတွင်းယာဉ်အန္တရာယ် ကင်းရှင်းရေး၊ အများပြည်သူ စိတ်အနှောင့်အယှက်မရှိစေရေး၊ တန်ပိုယာဉ်များဖြစ်သည့် (၁၂) ဘီး ကုန်တင်ယာဉ်များနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကို စီမံ‌ဆောင်ရွက်သွားနိုင်ရေး၊ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ရေရှည်ကြိုတင် မျှော်တွေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုန်တင်ကားကြီးများသည် မြိုပြဖွံ့ဖြိုးတိုးတက်ရေး ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်နေကြသည့်အတွက် ကုန် သည်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရေတိုကာလအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး၊ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချကွင်းတွင် စည်းကမ်းတကျ ရပ်နားနိုင်ရေးနှင့် ရေရှည်အတွက် ကုန်တင်ကားကြီးများ ရပ်နားစခန်းအကောင် အထည်ဖော်ပေးခြင်းလုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြိုနယ်အတွင်းရှိ ပန်နန်းဒင်မြို တဆူထုကျေးရွာအုပ်စု၊ ထလာထုကျေးရွာတွင် မတ် ၈ ရက်နေ့ ညပိုင်းတွင် ရွာလုံး ကျွတ်နီးပါး မီးလောင်မှုဖြစ်စဉ်ကြောင့် ထလာထုကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားလာရန် ဝေးလံခက်ခဲသော ဒေသ ဖြစ်သော်လည်း မီးဘေးသင့် ပြည်သူများအား မဖြစ်မနေ သွားရောက် ထောက်ပံ့ကူညီမှု ပေးနိုင်ရေးအတွက် ပူတာအိုနှင့် နောင်မွန်းမြိုနယ်များရှိ ဒေသခံလူမှုရေးအသင်းအဖွဲများ ချိတ်ဆက်ပူးပေါင်း၍ ကူညီထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်သွားရန်လည်း အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

မီးဘေးသင့်ခဲ့သည့် ထလာထုကျေးရွာသည် မြန်မာပြည်မြောက်ဖျား ပန်နန်းဒင်မြို၏ အထက် ၄၉ မိုင်ခန့်ကွာဝေးသည့်အပြင် ပန်နန်းဒင်မြိုမှ ခြေလျင် (၄)ညအိပ်ခရီးသွားရသည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ဘုရားကျောင်း (၁)ကျောင်း၊ ဓမ္မဆရာ နေအိမ်(၁)လုံးနှင့် ကျောင်းဆရာ/ဆရာမနေအိမ် (၁)လုံးအပါအဝင် ဒေသပြည်သူများ၏ နေအိမ် (၁၄)လုံး မီးလောင်ခဲ့သဖြင့် ကျေးရွာအတွင်း ကျန်ရှိနေသည့် နေအိမ် (၃)လုံးနှင့် စာသင်ကျောင်း တိုတွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမစ္ႀကီးနားၿမိဳအတြင္း (၁၂)ဘီးကုန္တင္ယာဥ္မ်ားႏွင့္ တြဲကားႀကီးမ်ား ျဖတ္သန္းသြားလာမႈ မရွိေစေရးစီမံေဆာင္႐ြက္သြားမည္ဟုဆို
ဟိန္း (NP News) - မတ္ ၁၈

ျမစ္ႀကီးနားၿမိဳအတြင္း (၁၂)ဘီးကုန္တင္ယာဥ္မ်ားႏွင့္ တြဲကားႀကီးမ်ား ျဖတ္သန္းသြားလာမႈ မရွိေစေရး စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က မတ္လ ၁၇ ရက္က ျပည္နယ္ အစိုးရအဖြဲ႐ုံး မလိခခန္းမ၌ ျပဳလုပ္သည့္ အစည္းအေဝးတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕သည္ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ သည္ႏွင့္အညီ သန႔္ရွင္းသာယာလွပၿပီး ဖြံၿဖိဳးတိုးတက္လာေသာ ၿမိဳ႕တစ္ခုျဖစ္လာသျဖင့္ ၿမိဳတြင္းယာဥ္အႏၲရာယ္ ကင္းရွင္းေရး၊ အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္မရွိေစေရး၊ တန္ပိုယာဥ္မ်ားျဖစ္သည့္ (၁၂) ဘီး ကုန္တင္ယာဥ္မ်ားႏွင့္ တြဲကားႀကီးမ်ား ျဖတ္သန္းသြားလာမႈမရွိေစေရးအတြက္ တည္ဆဲဥပေဒမ်ားႏွင့္အညီ အသိပညာေပးျခင္း၊ အေရးယူေဆာင္႐ြက္ျခင္းတို႔ကို စီမံ‌ေဆာင္႐ြက္သြားႏိုင္ေရး၊ စည္းကမ္းတက် ျဖစ္ေစေရးအတြက္ ေရရွည္ႀကိဳတင္ ေမွ်ာ္ေတြး စီမံေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ကုန္တင္ကားႀကီးမ်ားသည္ ၿမိဳျပဖြံ႕ၿဖိဳးတိုးတက္ေရး ကုန္စည္စီးဆင္းမႈ လုပ္ငန္းစဥ္မ်ားကို အဓိကထား ေဆာင္႐ြက္ေနၾကသည့္အတြက္ ကုန္ သည္လုပ္ငန္းရွင္မ်ား၊ ေမာ္ေတာ္ယာဥ္အသင္းမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးၿပီး ေရတိုကာလအတြက္ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားႏိုင္ေရး၊ စီတာပူရပ္ကြက္ရွိ ကုန္တင္ကုန္ခ်ကြင္းတြင္ စည္းကမ္းတက် ရပ္နားႏိုင္ေရးႏွင့္ ေရရွည္အတြက္ ကုန္တင္ကားႀကီးမ်ား ရပ္နားစခန္းအေကာင္ အထည္ေဖာ္ေပးျခင္းလုပ္ငန္းမ်ားကို စနစ္တက် စီမံခ်က္ေရးဆြဲ၍ ေဆာင္႐ြက္သြားႏိုင္ေရး ညႇိႏႈိင္းေပါင္းစပ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ျမန္မာျပည္ေျမာက္ဖ်ား ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ ေနာင္မြန္းၿမိဳနယ္အတြင္းရွိ ပန္နန္းဒင္ၿမိဳ တဆူထုေက်း႐ြာအုပ္စု၊ ထလာထုေက်း႐ြာတြင္ မတ္ ၈ ရက္ေန႔ ညပိုင္းတြင္ ႐ြာလုံး ကြၽတ္နီးပါး မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထလာထုေက်း႐ြာေန မီးေဘးသင့္ျပည္သူမ်ားအား ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က သြားလာရန္ ေဝးလံခက္ခဲေသာ ေဒသ ျဖစ္ေသာ္လည္း မီးေဘးသင့္ ျပည္သူမ်ားအား မျဖစ္မေန သြားေရာက္ ေထာက္ပံ့ကူညီမႈ ေပးႏိုင္ေရးအတြက္ ပူတာအိုႏွင့္ ေနာင္မြန္းၿမိဳနယ္မ်ားရွိ ေဒသခံလူမႈေရးအသင္းအဖြဲမ်ား ခ်ိတ္ဆက္ပူးေပါင္း၍ ကူညီေထာက္ပံ့မႈမ်ား အျမန္ဆုံး ေဆာင္႐ြက္သြားႏိုင္ေရး စီမံေဆာင္႐ြက္သြားရန္လည္း အစည္းအေဝးတြင္ ထည့္သြင္းေဆြးေႏြးခဲ့သည္။

မီးေဘးသင့္ခဲ့သည့္ ထလာထုေက်း႐ြာသည္ ျမန္မာျပည္ေျမာက္ဖ်ား ပန္နန္းဒင္ၿမိဳ၏ အထက္ ၄၉ မိုင္ခန႔္ကြာေဝးသည့္အျပင္ ပန္နန္းဒင္ၿမိဳမွ ေျခလ်င္ (၄)ညအိပ္ခရီးသြားရသည့္ ေက်း႐ြာတစ္ခုျဖစ္ေၾကာင္း၊ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ဘုရားေက်ာင္း (၁)ေက်ာင္း၊ ဓမၼဆရာ ေနအိမ္(၁)လုံးႏွင့္ ေက်ာင္းဆရာ/ဆရာမေနအိမ္ (၁)လုံးအပါအဝင္ ေဒသျပည္သူမ်ား၏ ေနအိမ္ (၁၄)လုံး မီးေလာင္ခဲ့သျဖင့္ ေက်း႐ြာအတြင္း က်န္ရွိေနသည့္ ေနအိမ္ (၃)လုံးႏွင့္ စာသင္ေက်ာင္း တိုတြင္ ယာယီေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.