ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်ရုံး ပြန်လည်ဖွင့်လှစ်မည်

 4592

ဟိန်း (NP News) - မတ် ၁၉
ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးဌာနစိတ်ရုံး (Temporary Data Collection Center – TDCC)အား မတ်လ ၂၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး၏ ယနေ့ (မတ်လ ၁၉ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

Passport for Job (PJ) လျှောက်ထားလိုသည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည့် Google Form Link တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလတ်စုဆောင်းရေးဌာန ( Temporary Data Collection Centre) တွင် Passport စာအုပ်ထုတ်ယူလိုသူများအနေဖြင့် မိမိတို့၏ DEO နံပါတ်များ ပါရှိလာခြင်း ရှိ၊မရှိ အား Call Centre ဖုန်းသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းနှင့် လူကိုယ်တိုင်လာရောက်မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

DEO နံပါတ်များ ပါရှိပါက မိမိတို့ DEO စလစ်ပေါ်တွင် Passport စာအုပ်ထုတ်ယူခွင့်ပြုသည့် Pass တံဆိပ်တုံး ရိုက်နှိပ် လက်မှတ်ရေးထိုးပြီးမှသာလျှင် 7Eleven တွင် စာအုပ်ဖိုးငွေ ပေးသွင်းရန်လိုအပ်ကြောင်းနှင့် Pass တံဆိပ်တုံးမပါရှိဘဲ 7Eleven တွင် ငွေပေးသွင်းခြင်း လုံးဝ (လုံးဝ) မပြုကြရန် သတိပေးကြေညာထားသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းများအား ၂ဝ၂ဝ ပြည့်နှစ် မတ်လမှစ၍ ရပ်ဆိုင်းထားခဲ့ပြီး လက် ရှိတွင် ထိုင်းနိုင်ငံမှ ကိုဗစ်ရောဂါကူးစက်မှုလျော့ကျလာသည့်အတွက် MoU စနစ်ဖြင့် အလုပ်သမားများပြန်လည်ခေါ်ယူလျက်ရှိနေသည်။ ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်စာများအား ပြည်တွင်းရှိ အလုပ်သမားအေဂျင်စီများမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနအပေါ် တင်ပြလာမှုများကို စိစစ်ဆောင်ရွက်နေပြီး မတ်လကုန်၌ စတင်စေလွှတ်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ လုပ်သားများ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုတွင် ထိုင်းနိုင်ငံ၌ အများဆုံးဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ၿမိဳ႕ရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္႐ုံး ျပန္လည္ဖြင့္လွစ္မည္
ဟိန္း (NP News) - မတ္ ၁၉

ထိုင္းႏိုင္ငံ၊ စမုစခြန္ခ႐ိုင္၊ မဟာခ်ိဳင္ၿမိဳ႕ရွိ သာမန္ျမန္မာႏိုင္ငံကူးလက္ မွတ္ထုတ္ေပးေရးဌာနစိတ္႐ုံး (Temporary Data Collection Center – TDCC)အား မတ္လ ၂၁ ရက္မွစ၍ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံး၏ ယေန႔ (မတ္လ ၁၉ ရက္) ထုတ္ျပန္ခ်က္အရ သိရသည္။

Passport for Job (PJ) ေလွ်ာက္ထားလိုသည့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ အလုပ္သမားသံအရာရွိ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည့္ Google Form Link တြင္ ဝင္ေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္၊ ယာယီအခ်က္အလတ္စုေဆာင္းေရးဌာန ( Temporary Data Collection Centre) တြင္ Passport စာအုပ္ထုတ္ယူလိုသူမ်ားအေနျဖင့္ မိမိတို႔၏ DEO နံပါတ္မ်ား ပါရွိလာျခင္း ရွိ၊မရွိ အား Call Centre ဖုန္းသို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္စုံစမ္း ေမးျမန္းႏိုင္ေၾကာင္းႏွင့္ လူကိုယ္တိုင္လာေရာက္ေမးျမန္းႏိုင္ေၾကာင္းလည္း အသိေပးထားသည္။

DEO နံပါတ္မ်ား ပါရွိပါက မိမိတို႔ DEO စလစ္ေပၚတြင္ Passport စာအုပ္ထုတ္ယူခြင့္ျပဳသည့္ Pass တံဆိပ္တုံး ႐ိုက္ႏွိပ္ လက္မွတ္ေရးထိုးၿပီးမွသာလွ်င္ 7Eleven တြင္ စာအုပ္ဖိုးေငြ ေပးသြင္းရန္လိုအပ္ေၾကာင္းႏွင့္ Pass တံဆိပ္တုံးမပါရွိဘဲ 7Eleven တြင္ ေငြေပးသြင္းျခင္း လုံးဝ (လုံးဝ) မျပဳၾကရန္ သတိေပးေၾကညာထားသည္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သမားေစလႊတ္ေရးလုပ္ငန္းမ်ားအား ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လမွစ၍ ရပ္ဆိုင္းထားခဲ့ၿပီး လက္ ရွိတြင္ ထိုင္းႏိုင္ငံမွ ကိုဗစ္ေရာဂါကူးစက္မႈေလ်ာ့က်လာသည့္အတြက္ MoU စနစ္ျဖင့္ အလုပ္သမားမ်ားျပန္လည္ေခၚယူလ်က္ရွိေနသည္။ ထိုင္းႏိုင္ငံဘက္မွ အလုပ္ေခၚစာမ်ားအား ျပည္တြင္းရွိ အလုပ္သမားေအဂ်င္စီမ်ားမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနအေပၚ တင္ျပလာမႈမ်ားကို စိစစ္ေဆာင္႐ြက္ေနၿပီး မတ္လကုန္၌ စတင္ေစလႊတ္ႏိုင္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

ျမန္မာႏိုင္ငံမွ လုပ္သားမ်ား ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္ကိုင္မႈတြင္ ထိုင္းႏိုင္ငံ၌ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.