အီဂျစ်နိုင်ငံ၊ စကွာရာမှာ ရှေးဟောင်း သင်္ချိုင်းငါးခု တူးဖော်တွေ့ရှိ

881

ရောင်နီ (NP News) - မတ် ၂ဝ
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ဘက် စကွာရာ ရှေးဟောင်းသုတေသန နေရာမှာ ရှေးဟောင်း ဖာရာရိုနစ် သင်္ချိုင်းငါးခုကို စနေနေ့(မတ်လ ၁၉ ရက်)က တူးဖော်တွေ့ရှိခဲ့ပါတယ်။
စကွာရာဟာ ပိရမစ် တစ်ဒါဇင်ကျော်၊ တိရစ္ဆာန် သင်္ချိုင်းနေရာများနဲ့ ရှေး ဟောင်း Coptic ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများတည်ရှိရာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ရှေးဟောင်းအီဂျစ်မြို့တော် မန်းဖိစ်ရဲ့ ကြီးမားသော ရှေးဟောင်းသင်္ချိုင်း တစ်ခုဖြစ်ပါတယ်။ အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်များဟာ ဘီစီ ၂၂၇ဝ ခန့်က အီဂျစ်ကိုအုပ်ချုပ်ခဲ့တဲ့ ဘုရင်မီရီနရီ(၁)ပိရမစ်ရဲ့ အရှေ့မြောက်ဘက်မှာ သင်္ချိုင်းငါးခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အီဂျစ်ရှေးဟောင်း ကောင်စီ အကြီးအကဲ မိုစတဲဖာ ဝါဇီရီရဲ့ အဆိုအရ အဆိုပါ သင်္ချိုင်းငါးခုဟာ တော်ဝင် အကြီးတန်းအရာရှိများဖြစ်တယ်လို့ ယူဆရပြီး သင်္ချိုင်းဂူများထဲမှ တစ်ခုဟာ Iry အမည်ရှိ ထိပ်တန်းအရာရှိတစ်ဦးဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းပစ္စည်းများ ဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။ သင်္ချိုင်းအတွင်းမှာလည်း ထုံးကျောက်နဲ့ ရောင်စုံအလှဆင်မှုများကို တွေ့ရှိခဲ့ပါတယ်။ ကျန်ရှိတဲ့ သင်္ချိုင်းဂူများမှာလည်း "တော်ဝင်နန်းတော် ဘဏ္ဍာစိုး" နဲ့ "ဘုရင့်အလှပြင်ခြင်းအတွက် တာဝန်ရှိသော ယဇ်ပုရောဟိတ်" အပါအဝင် တော်ဝင်နန်းတွင်းအဖွဲ့ဝင်များ ဖြစ်တယ်လို့သိရပါတယ်။
၂ဝ၂၁ ဇန်နဝါရီလက စကွာရာမှာတွေ့ရှိရတဲ့ ရှေးဟောင်းရတနာများကို ထုတ်ဖော်ပြသခဲ့ပြီး New Kingdom (BC 16 မှ 11 ရာစုနှစ်များအထိ) သစ်သား sarcophagi ၅ဝ ကျော်အပါအဝင် ရှေးဟောင်းရတနာများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကျော်ကြားခဲ့ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ဂီဇာကုန်းပြင်မြင့်အနီး ဂရန်းအီဂျစ်ပြတိုက်သစ်ဖွင့်လှစ်ရန် အီဂျစ်အာဏာ ပိုင်များက မျှော်လင့်ထားပါတယ်။ ပြတိုက်အသစ်ဟာ အမျိုးမျိုးသော ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများအပြင် နိုင်ငံရဲ့အရေးပါသော ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းနိုင်မယ်လို့ ၎င်းတို့က မျှော် လင့်ထားကြပါတယ်။

zawgyi version
အီဂ်စ္ႏိုင္ငံ၊ စကြာရာမွာ ေရွးေဟာင္း သခ်ႋဳင္းငါးခု တူးေဖာ္ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂ဝ
အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ေတာင္ဘက္ စကြာရာ ေရွးေဟာင္းသုေတသန ေနရာမွာ ေရွးေဟာင္း ဖာရာ႐ိုနစ္ သခ်ႋဳင္းငါးခုကို စေနေန႔(မတ္လ ၁၉ ရက္)က တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။
စကြာရာဟာ ပိရမစ္ တစ္ဒါဇင္ေက်ာ္၊ တိရစာၦန္ သခ်ႋဳင္းေနရာမ်ားနဲ႔ ေရွး ေဟာင္း Coptic ခရစ္ယာန္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတည္ရွိရာ ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္တဲ့ ေရွးေဟာင္းအီဂ်စ္ၿမိဳ႕ေတာ္ မန္းဖိစ္ရဲ႕ ႀကီးမားေသာ ေရွးေဟာင္းသခ်ႋဳင္း တစ္ခုျဖစ္ပါတယ္။ အီဂ်စ္ေရွးေဟာင္းသုေတသနပညာရွင္မ်ားဟာ ဘီစီ ၂၂၇ဝ ခန႔္က အီဂ်စ္ကိုအုပ္ခ်ဳပ္ခဲ့တဲ့ ဘုရင္မီရီနရီ(၁)ပိရမစ္ရဲ႕ အေရွ႕ေျမာက္ဘက္မွာ သခ်ႋဳင္းငါးခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
အီဂ်စ္ေရွးေဟာင္း ေကာင္စီ အႀကီးအကဲ မိုစတဲဖာ ဝါဇီရီရဲ႕ အဆိုအရ အဆိုပါ သခ်ႋဳင္းငါးခုဟာ ေတာ္ဝင္ အႀကီးတန္းအရာရွိမ်ားျဖစ္တယ္လို႔ ယူဆရၿပီး သခ်ႋဳင္းဂူမ်ားထဲမွ တစ္ခုဟာ Iry အမည္ရွိ ထိပ္တန္းအရာရွိတစ္ဦးျဖစ္ေၾကာင္း ခရီးသြားလုပ္ငန္းနဲ႔ ေရွးေဟာင္းပစၥည္းမ်ား ဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။ သခ်ႋဳင္းအတြင္းမွာလည္း ထုံးေက်ာက္နဲ႔ ေရာင္စုံအလွဆင္မႈမ်ားကို ေတြ႕ရွိခဲ့ပါတယ္။ က်န္ရွိတဲ့ သခ်ႋဳင္းဂူမ်ားမွာလည္း "ေတာ္ဝင္နန္းေတာ္ ဘ႑ာစိုး" နဲ႔ "ဘုရင့္အလွျပင္ျခင္းအတြက္ တာဝန္ရွိေသာ ယဇ္ပုေရာဟိတ္" အပါအဝင္ ေတာ္ဝင္နန္းတြင္းအဖြဲ႕ဝင္မ်ား ျဖစ္တယ္လို႔သိရပါတယ္။
၂ဝ၂၁ ဇန္နဝါရီလက စကြာရာမွာေတြ႕ရွိရတဲ့ ေရွးေဟာင္းရတနာမ်ားကို ထုတ္ေဖာ္ျပသခဲ့ၿပီး New Kingdom (BC 16 မွ 11 ရာစုႏွစ္မ်ားအထိ) သစ္သား sarcophagi ၅ဝ ေက်ာ္အပါအဝင္ ေရွးေဟာင္းရတနာမ်ားကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ေက်ာ္ၾကားခဲ့ပါတယ္။ ယခုႏွစ္ေႏွာင္းပိုင္းမွာ ဂီဇာကုန္းျပင္ျမင့္အနီး ဂရန္းအီဂ်စ္ျပတိုက္သစ္ဖြင့္လွစ္ရန္ အီဂ်စ္အာဏာ ပိုင္မ်ားက ေမွ်ာ္လင့္ထားပါတယ္။ ျပတိုက္အသစ္ဟာ အမ်ိဳးမ်ိဳးေသာ ေရွးေဟာင္းသုေတသန ရွာေဖြေတြ႕ရွိမႈမ်ားအျပင္ ႏိုင္ငံရဲ႕အေရးပါေသာ ခရီးသြားလုပ္ငန္းကို ျပန္လည္အသက္သြင္းႏိုင္မယ္လို႔ ၎တို႔က ေမွ်ာ္ လင့္ထားၾကပါတယ္။