ရန်ကုန်တိုင်းအတွင်းရှိ “ DENKO ” နှင့် “ မြတ်မေတ္တာမွန် ” စက်သုံးဆီအရောင်းဆိုင်များ မီးရှို့ဖောက်ခွဲ ဖျက်ဆီးခံရမှုဖြစ်ပွား

 1391

NP News - မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြတ်မေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင်တို့အား လက်နက်ကိုင်ဖောက်ခွဲရေးသမားများက မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

DENKO နှင့် “မြတ်မေတ္တာမွန်” စက်သုံးဆီအရောင်းဆိုင်တို့မှာ မတ်လ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး “မြတ်မေတ္တာမွန်” စက်သုံးဆီဆိုင်သည် ခန့်မှန်းတန်ဖိုး သိန်း (၅ဝဝ) ခန့် ပျက် စီးဆုံးရှံးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၆ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် DENKO စက်သုံးဆီ အရောင်းဆိုင်သို့ မတ်လ ၂၅ ရက်၊ ည ၈ နာရီခန့်တွင် ဆိုင်အတွင်းသို့ Probox အမျိုးအစားမော် တော်ယာဉ် အဖြူရောင်တစ်စီးရောက်ရှိလာပြီး အဆိုပါယာဉ်ပေါ်မှ လက်နက်ကိုင်ဖောက်ခွဲရေးသမား (၆) ဦးက သေနတ်၊ ဓားများကိုင်ဆောင်၍ ဆီဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ဆီဖြည့်ရန်လာရောက်သူများအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ကောင်တာအား ကာရံထားသည့် မှန်များအား ရိုက်ခွဲခဲ့ကြောင်း၊ ထို့နောက် ကောင်တာအတွင်း ထားရှိသည့် ဆီရောင်းချထားသည့် ငွေကျပ် သိန်း (၆ဝ) ခန့်အား လု ယက်ယူဆောင်၍ ဆီပန့်များအနီးသို့ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲကာ ဆီပန့်အား ၎င်းတို့ထံတွင် အသင့်ယူဆောင်လာသည့် မီးတုတ် (၂) ချောင်းဖြင့် မီးရှို့ဖျက်ဆီး၍ Probox မော်တော်ယာဉ်ဖြင့်ပင် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလက်နက်ကိုင်များ ထွက်ခွာသွားပြီးနောက် ဆိုင်ဝန်ထမ်းများ သည် မီးလောင်လျက်ရှိသည့် ဆီပန့် (၂) ခုအား မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း၊ ဖျက်ဆီးခံရမှုကြောင့် ဆီပန့် (၂) ခု မီး လောင်ပျက်စီးကာ ငွေသိမ်းကောင်တာတွင် ကာရံထားသည့် မှန်များကွဲအက်ပျက်ဆီးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာမှ မီးရှို့ရာတွင် အသုံးပြုခဲ့သည့် သစ်သားမီးတုတ် (၂) ချောင်းနှင့် လက်ပစ်ဗုံး လီဗာတံ တစ်ခု၊ 9 MM ကျည်ခွံ (၄) ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြတ်မေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင် သို့ မတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လက်နက်ကိုင် အမျိုးသား (၃) ဦးတို့ ဝင်ရောက် လာပြီး ဝန်ထမ်းများ ဖြစ်သည့် ဦးစောလွင်ဦး (၄ဝ)နှစ် (ဘ)ဦးကျော်ငြိမ်း၊ ဦးစိုးမိုးနိုင်(၃၇)နှစ် (ဘ)ဦးမိုးညိုနှင့် ဦးအေးကြိုင် (၃၅)နှစ်(ဘ) ဦးကျော်အေး တို့ (၃) ဦးအား နှိုးကာ ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ ဆီပန့် (၃) ခုအား ဓါတ်ဆီဖျန်း မီးရှို့ခဲ့ကြောင်း၊ ငွေသိမ်းကောင်တာ (၃)ခုအနက် ဆိုင်အလယ်ရှိ ငွေသိမ်းကောင်တာအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက် ထွက်ပြေးသွားကြောင်း၊ ဆီပန့် (၃) ခု၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဦးစောလွင်ဦးတို့ (၃) ဦးနှင့် အနီးပတ် ဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၁ဝ) မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဆိုင်ဝန်ထမ်း (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီပန့် (၃)ခုနှင့် ငွေသိမ်းကောင်တာအတွင်းရှိ ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၅ဝဝ) ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ခြောက် လုံးပြူး သေနတ် တစ်လက်၊ ၎င်းကျည် (၄) တောင့်နှင့် ကျည်ခွံတစ်ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား သည်။

zawgyi version
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ “ DENKO ” ႏွင့္ “ ျမေမတၱာမြန္ ” စက္သုံးဆီအေရာင္းဆိုင္တို႔ မီးရႈိ႕ေဖာက္ခြဲ ဖ်က္ဆီးခံရမႈျဖစ္ပြား
NP News - မတ္ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ DENKO စက္သုံးဆီအေရာင္းဆိုင္ႏွင့္ လႈိင္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းေပၚရွိ “ျမတ္ေမတၱာမြန္” စက္သုံးဆီ အေရာင္းဆိုင္တို႔အား လက္နက္ကိုင္ေဖာက္ခြဲေရးသမားမ်ားက မီးရႈိ႕ေဖာက္ခြဲဖ်က္ဆီးခဲ့မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

DENKO ႏွင့္ “ျမတ္ေမတၱာမြန္” စက္သုံးဆီအေရာင္းဆိုင္တို႔မွာ မတ္လ ၂၅ ရက္ႏွင့္ ၂၆ ရက္မ်ားတြင္ ေဖာက္ခြဲဖ်က္ဆီးခံရျခင္းျဖစ္ၿပီး “ျမတ္ေမတၱာမြန္” စက္သုံးဆီဆိုင္သည္ ခန႔္မွန္းတန္ဖိုး သိန္း (၅ဝဝ) ခန႔္ ပ်က္ စီးဆုံးရွံးခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က မတ္လ ၂၆ ရက္၊ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ (၂၇)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းေပၚတြင္ ဖြင့္လွစ္ထားသည့္ DENKO စက္သုံးဆီ အေရာင္းဆိုင္သို႔ မတ္လ ၂၅ ရက္၊ ည ၈ နာရီခန႔္တြင္ ဆိုင္အတြင္းသို႔ Probox အမ်ိဳးအစားေမာ္ ေတာ္ယာဥ္ အျဖဴေရာင္တစ္စီးေရာက္ရွိလာၿပီး အဆိုပါယာဥ္ေပၚမွ လက္နက္ကိုင္ေဖာက္ခြဲေရးသမား (၆) ဦးက ေသနတ္၊ ဓားမ်ားကိုင္ေဆာင္၍ ဆီဆိုင္အတြင္းရွိ ဝန္ထမ္းမ်ားႏွင့္ ဆီျဖည့္ရန္လာေရာက္သူမ်ားအား ေသနတ္ပစ္ေဖာက္ ၿခိမ္းေျခာက္ကာ ေကာင္တာအား ကာရံထားသည့္ မွန္မ်ားအား ႐ိုက္ခြဲခဲ့ေၾကာင္း၊ ထို႔ေနာက္ ေကာင္တာအတြင္း ထားရွိသည့္ ဆီေရာင္းခ်ထားသည့္ ေငြက်ပ္ သိန္း (၆ဝ) ခန႔္အား လု ယက္ယူေဆာင္၍ ဆီပန႔္မ်ားအနီးသို႔ လက္ပစ္ဗုံး တစ္လုံးျဖင့္ ပစ္ေပါက္ေဖာက္ခြဲကာ ဆီပန႔္အား ၎တို႔ထံတြင္ အသင့္ယူေဆာင္လာသည့္ မီးတုတ္ (၂) ေခ်ာင္းျဖင့္ မီးရႈိ႕ဖ်က္ဆီး၍ Probox ေမာ္ေတာ္ယာဥ္ျဖင့္ပင္ ထြက္ေျပးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါလက္နက္ကိုင္မ်ား ထြက္ခြာသြားၿပီးေနာက္ ဆိုင္ဝန္ထမ္းမ်ား သည္ မီးေလာင္လ်က္ရွိသည့္ ဆီပန႔္ (၂) ခုအား မီးသတ္ေဆးဘူးမ်ားျဖင့္ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ေၾကာင္း၊ ဖ်က္ဆီးခံရမႈေၾကာင့္ ဆီပန႔္ (၂) ခု မီး ေလာင္ပ်က္စီးကာ ေငြသိမ္းေကာင္တာတြင္ ကာရံထားသည့္ မွန္မ်ားကြဲအက္ပ်က္ဆီးခဲ့ေၾကာင္းႏွင့္ ျဖစ္စဥ္ေနရာမွ မီးရႈိ႕ရာတြင္ အသုံးျပဳခဲ့သည့္ သစ္သားမီးတုတ္ (၂) ေခ်ာင္းႏွင့္ လက္ပစ္ဗုံး လီဗာတံ တစ္ခု၊ 9 MM က်ည္ခြံ (၄) ခုတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းေပၚရွိ “ျမတ္ေမတၱာမြန္” စက္သုံးဆီ အေရာင္းဆိုင္ သို႔ မတ္လ ၂၆ ရက္ေန႔ နံနက္ ၅ နာရီခန႔္တြင္ လက္နက္ကိုင္ အမ်ိဳးသား (၃) ဦးတို႔ ဝင္ေရာက္ လာၿပီး ဝန္ထမ္းမ်ား ျဖစ္သည့္ ဦးေစာလြင္ဦး (၄ဝ)ႏွစ္ (ဘ)ဦးေက်ာ္ၿငိမ္း၊ ဦးစိုးမိုးႏိုင္(၃၇)ႏွစ္ (ဘ)ဦးမိုးညိဳႏွင့္ ဦးေအးႀကိဳင္ (၃၅)ႏွစ္(ဘ) ဦးေက်ာ္ေအး တို႔ (၃) ဦးအား ႏႈိးကာ ဆိုင္အတြင္း ေသနတ္တစ္ခ်က္ ပစ္ေဖာက္၍ ဆီပန႔္ (၃) ခုအား ဓါတ္ဆီဖ်န္း မီးရႈိ႕ခဲ့ေၾကာင္း၊ ေငြသိမ္းေကာင္တာ (၃)ခုအနက္ ဆိုင္အလယ္ရွိ ေငြသိမ္းေကာင္တာအား လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ ထြက္ေျပးသြားေၾကာင္း၊ ဆီပန႔္ (၃) ခု၌ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ဦးေစာလြင္ဦးတို႔ (၃) ဦးႏွင့္ အနီးပတ္ ဝန္းက်င္မွ ျပည္သူမ်ားက ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရာ (၁ဝ) မိနစ္ခန႔္အၾကာတြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ ဆိုင္ဝန္ထမ္း (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဆီပန႔္ (၃)ခုႏွင့္ ေငြသိမ္းေကာင္တာအတြင္းရွိ ကြန္ပ်ဴတာ ႏွင့္ ဆက္စပ္ပစၥည္း ခန႔္မွန္းတန္ဖိုး က်ပ္သိန္း (၅ဝဝ) ခန႔္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္းႏွင့္ ေျခာက္ လုံးျပဴး ေသနတ္ တစ္လက္၊ ၎က်ည္ (၄) ေတာင့္ႏွင့္ က်ည္ခြံတစ္ခုတို႔ သိမ္းဆည္းရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထား သည္။

Related news

© 2021. All rights reserved.