သရုပ်ဆောင်မုဏ်း၊ စုလင်းရှိန်အပါအဝင် အနုပညာရှင်များနှင့် စာပေပညာရှင်များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းအတွက် ဂုဏ်ပြုဆုများ ပေးအပ်

 2195

ရဲပြည့် (NP News) - မတ် ၂၈
(၇၇) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသော အနုပညာရှင်များနှင့် ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆု ရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားတွင် “အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့” ဇာတ်လမ်တွဲ၌ ပါဝင်ခဲ့ကြသည့် သရုပ်ဆောင် တေဇကျော်၊ မုဏ်း၊ စုလင်းရှိန်၊ မိုးကောင်းကင်၊ ရှင်းသန့်ရွှေ၊ ထူးပြည့်အောင်၊ နေရောင်၊ သီဟနိုင်၊ စစ်နိုနိုဗိုလ်၊ ယမုံမြင့်မြတ်၊ ရွှန်းလဲ့ရည်ဖူး၊ ပိုင်စစ်မှူး၊ ဇွဲဝီရ၊ အောင်ဘုန်းထွဋ် တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် (၇၇) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နစက၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဂုဏ်ပြုစစ်ချီ သီချင်းပြိုင်ပွဲ၊ စစ်သည်တေးသီချင်းပြိုင်ပွဲ၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတို့တွင် ဆုရရှိသူများ၏ အမည်စာရင်းအား အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုနည်းတူ မတ်လ (၂၇) ရက်ကလည်း လူမှုထူးချွန်တံဆိပ်(ပထမဆင့်) အဖြစ် နွဲ့ယဉ်ဝင်း၊ ရန်အောင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ချိုပြုံး၊ ဦးကျောက်လုံး၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ခင်သီတာထွန်း၊ နေအောင်၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ နေတိုး၊ ဒေါ်ရီရီသန့်၊ ဦးတင်ဦးလေး အပါအဝင် ၃ဝ ဦး အား ပေးအပ်ချီးမြှင့်ကြောင်း ကြေညာခဲ့ပြီး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) တွင် ဒေါ်မြင့်မြင့်ခိုင်၊ ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ စိန်မွတ်တား၊ ခိုင်သင်းကြည်အပါအဝင် ၁၁ ဦး နှင့် လူမှုထူးချွန်တံဆိပ် (တတိယဆင့်) တွင် ခန့်စည်သူ၊ ဖိုးသောကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ယုန်လေး အပါအဝင် (၇) ဦးတို့ကို ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
သ႐ုပ္ေဆာင္ မုဏ္း၊ စုလင္းရွိန္ အပါအဝင္ အႏုပညာရွင္မ်ားႏွင့္ စာေပပညာရွင္မ်ားအား (၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ဂုဏ္ျပဳဇာတ္လမ္းအတြက္ ဂုဏ္ျပဳဆုမ်ား ေပးအပ္
ရဲျပည့္ (NP News) - မတ္ ၂၈
(၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ဂုဏ္ျပဳဇာတ္လမ္းတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကေသာ အႏုပညာရွင္မ်ားႏွင့္ ဂုဏ္ျပဳ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာႏွင့္ ဝတၳဳစာမူဆု ရရွိသူ စာေပပညာရွင္မ်ားအား ဂုဏ္ျပဳဆုႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ပြဲအခမ္းအနားကို မတ္လ ၂၇ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ ဧည့္ခန္းမေဆာင္တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါအခမ္းအနားတြင္ “အေနာက္ေျမာက္ယြန္းယြန္းမွသည္ တိမ္ယံဆီသို႔” ဇာတ္လမ္တြဲ၌ ပါဝင္ခဲ့ၾကသည့္ သ႐ုပ္ေဆာင္ ေတဇေက်ာ္၊ မုဏ္း၊ စုလင္းရွိန္၊ မိုးေကာင္းကင္၊ ရွင္းသန႔္ေ႐ႊ၊ ထူးျပည့္ေအာင္၊ ေနေရာင္၊ သီဟႏိုင္၊ စစ္ႏိုႏိုဗိုလ္၊ ယမုံျမင့္ျမတ္၊ ႐ႊန္းလဲ့ရည္ဖူး၊ ပိုင္စစ္မႉး၊ ဇြဲဝီရ၊ ေအာင္ဘုန္းထြဋ္ တို႔အား ဂုဏ္ျပဳဆုႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ (၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ဂုဏ္ျပဳ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာႏွင့္ ဝတၳဳစာမူၿပိဳင္ပြဲတြင္ ဆုရရွိသူမ်ားကိုလည္း ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

နစက၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ ဂုဏ္ျပဳစစ္ခ်ီ သီခ်င္းၿပိဳင္ပြဲ၊ စစ္သည္ေတးသီခ်င္းၿပိဳင္ပြဲ၊ ကဗ်ာႏွင့္ ဝတၳဳစာမူၿပိဳင္ပြဲတို႔တြင္ ဆုရရွိသူမ်ား၏ အမည္စာရင္းအား အေသးစိတ္ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ထိုနည္းတူ မတ္လ (၂၇) ရက္ကလည္း လူမႈထူးခြၽန္တံဆိပ္(ပထမဆင့္) အျဖစ္ ႏြဲ႕ယဥ္ဝင္း၊ ရန္ေအာင္၊ ေမာင္တင္ဦး၊ ေက်ာ္ဟိန္း၊ မို႔မို႔ျမင့္ေအာင္၊ ခ်ိဳၿပဳံး၊ ဦးေက်ာက္လုံး၊ ဝါဝါဝင္းေ႐ႊ၊ ခင္သန္းႏု၊ ခင္သီတာထြန္း၊ ေနေအာင္၊ လြင္မိုး၊ ထြန္းအိျႏၵာဗို၊ ေနတိုး၊ ေဒၚရီရီသန႔္၊ ဦးတင္ဦးေလး အပါအဝင္ ၃ဝ ဦး အား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း ေၾကညာခဲ့ၿပီး၊ လူမႈထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) တြင္ ေဒၚျမင့္ျမင့္ခိုင္၊ ရဲေအာင္၊ ျမတ္ေကသီေအာင္၊ ေမသၪၨာဦး၊ စိန္မြတ္တား၊ ခိုင္သင္းၾကည္အပါအဝင္ ၁၁ ဦး ႏွင့္ လူမႈထူးခြၽန္တံဆိပ္ (တတိယဆင့္) တြင္ ခန႔္စည္သူ၊ ဖိုးေသာၾကာ၊ စိုးျမတ္သူဇာ၊ စိုးျမတ္နႏၵာ၊ ယဥ္လတ္၊ ယုန္ေလး အပါအဝင္ (၇) ဦးတို႔ကို ေပးအပ္ခဲ့ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.