“ငွေတုရောင်းဝယ်ရေး” Facebook page ပိုင်ရှင်အပါအဝင် ငွေတုအကြောင်းပြ၍ လူမှုကွန်ယက်တွင် လိမ်လည်သူ (၇) ဦးအား ဖမ်းမိ

 3065

NP News - မတ် ၃ဝ
“ငွေတုရောင်းဝယ်ရေး” Facebook page ပိုင်ရှင်အပါအဝင် ငွေတုအကြောင်းပြ၍ လူမှုကွန်ယက်တွင် လိမ်လည် သူ (၇) ဦးအား ဖမ်းမိခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ မတ်လ ၃ဝ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖမ်းဆီးရမိသူ (၇) ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းနေထိုင်သူများဖြစ်ပြီး ‌၎င်းတို့ သည် ငွေစက္ကူအတုများရောင်းဝယ်ရေးဟု ဖော်ပြထားရှိသော်လည်း အမှန်တကယ်ငွေစက္ကူအတုများ ပြုလုပ်၍ အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ဘဲ ငွေစက္ကူအတုဝယ်ယူလိုသူများအား ယုံကြည်အောင်ပြောဆိုပြီး ငွေစက္ကူ အတုမှာယူရန် ကြိုတင်ငွေလွှဲပေးပို့သည့်ငွေများအား လိမ်လည်ရယူခြင်းမျိုးဖြစ်ကြောင်း ၎င်းတို့၏ထွက်ဆိုချက် အရ သိရသည်။

လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူ အတုများ ဝယ်ယူရရှိနိုင်ကြောင်း ငွေကြေးလိမ်လည်ရယူမှုများဖြစ်ပွားနေသည့်အပေါ် ဖမ်းဆီးရမိရေးအတွက် အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ “Shine Money” ငွေတုရောင်းဝယ်ရေး၊ “ပိုင်ကြီး ပိုင်ကြီး”၊ “ကွီးကောင်းမြတ်”၊ “ခြူးခြူး”၊ “ထိုင်းဘာသာဖြင့်ရေးသားထားသည့် Facebook Page”၊ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူး ရောင်းဝယ်ရေး၊ “ငွေတုရောင်းဝယ်ရေး” Facebook Page တို့အား စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ စိစစ်တွေ့ရှိရသည့် Facebook Page ပိုင်ရှင်များအား နည်းပညာအကူအညီများ ဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ “Shine Money” ငွေတုရောင်းဝယ်ရေး Facebook Page အသုံးပြု သည့်အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်း ကျေးရွာအုပ်စု ညောင်ဝင်းကျေးရွာနေ ဇွဲဝေဖြိုး(၂၂)နှစ်၊ (ဘ)ဦးကျော်သူရမိုးနှင့် အေးပပမျိုး(၁၈)နှစ်၊ (ဘ) ဦးမျိုးညီညီ တို့ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော် လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူ ခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ “ပိုင်ကြီးပိုင်ကြီး” Page၊ “ကွီးကောင်းမြတ်” Page၊ “ခြူးခြူး” Page၊ ထိုင်းဘာသာဖြင့် ရေးသားထား သည့် Page တို့ကိုအသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ သက်ပိုင်ဖြိုး (၃ဝ)နှစ်၊ (ဘ)ဦးမျိုးမြင့် ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ၎င်း၏နေအိမ်အား ဝင်‌ရောက်ရှာ ဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်း မှ အထက်ပါအကောင့်များဖြင့် ဆက်သွယ်ရေးကွန်ရက်အားအသုံးပြုပြီး ယုံကြည်အောင်ပြောဆိုကာ ငွေကြေး လိမ်လည်ရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

အလားတူ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူးရောင်းဝယ်ရေး Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ ဟိန်းထက်ဖြိုး(၁၈)နှစ်၊ (ဘ)ဦးကျော်စိုးနိုင်မှ အသုံးပြုလျက်ရှိကြောင်း သိရှိရသည့် အတွက် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့် ပတ်သက်၍ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ငွေအတုများရရှိမည်ဖြစ်ကြောင်းပြောဆိုပြီး အခြားသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

အလားတူ “ငွေတုရောင်းဝယ်ရေး” Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ သက်ဝေခိုင်(၁၈) နှစ်၊ (ဘ)ဦးရဲမြင့်၊ အေးပြည့်စုံ(၁၇)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ အောင်ခန့်ပိုင်(၁၇)နှစ်၊ (ဘ)ဦးစိန်သောင်းတို့ ၃ ဦးမှ အသုံးပြု လျက်ရှိကြောင်း သိရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၁ဝ နာရီခွဲတွင် ၎င်းတို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင်ဖုန်း (၇) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိခဲ့သူ ဇွဲဝေဖြိုးပါ ၇ ဦးတို့အား ကနောင်နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် အလားတူ ငွေစက္ကူအတု များ အရောင်းအဝယ်ပြုလုပ်သူများအား ဆက်လက်စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်သူများအား သိရှိပါက နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Zawgyi Version;
“ေငြတုေရာင္းဝယ္ေရး” Facebook page ပိုင္ရွင္အပါအဝင္ ေငြတုအေၾကာင္းျပ၍ လူမႈကြန္ယက္တြင္ လိမ္လည္သူ (၇) ဦးအား ဖမ္းမိ
NP News - မတ္ ၃ဝ
“ေငြတုေရာင္းဝယ္ေရး” Facebook page ပိုင္ရွင္အပါအဝင္ ေငြတုအေၾကာင္းျပ၍ လူမႈကြန္ယက္တြင္ လိမ္လည္ သူ (၇) ဦးအား ဖမ္းမိခဲ့ၿပီျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ မတ္လ ၃ဝ ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါဖမ္းဆီးရမိသူ (၇) ဦးမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္အတြင္းေနထိုင္သူမ်ားျဖစ္ၿပီး ‌၎တို႔ သည္ ေငြစကၠဴအတုမ်ားေရာင္းဝယ္ေရးဟု ေဖာ္ျပထားရွိေသာ္လည္း အမွန္တကယ္ေငြစကၠဴအတုမ်ား ျပဳလုပ္၍ အေရာင္းအဝယ္ျပဳလုပ္ျခင္းမဟုတ္ဘဲ ေငြစကၠဴအတုဝယ္ယူလိုသူမ်ားအား ယုံၾကည္ေအာင္ေျပာဆိုၿပီး ေငြစကၠဴ အတုမွာယူရန္ ႀကိဳတင္ေငြလႊဲေပးပို႔သည့္ေငြမ်ားအား လိမ္လည္ရယူျခင္းမ်ိဳးျဖစ္ေၾကာင္း ၎တို႔၏ထြက္ဆိုခ်က္ အရ သိရသည္။

လူမႈကြန္ယက္ျဖစ္သည့္ Facebook တြင္ အမည္အမ်ိဳးမ်ိဳးျဖင့္ ကိုယ္ပိုင္ Page မ်ား ဖြင့္လွစ္အသုံးျပဳကာ ေငြစကၠဴ အတုမ်ား ဝယ္ယူရရွိႏိုင္ေၾကာင္း ေငြေၾကးလိမ္လည္ရယူမႈမ်ားျဖစ္ပြားေနသည့္အေပၚ ဖမ္းဆီးရမိေရးအတြက္ အထူးအမႈစစ္အဖြဲ႕မ်ား ဖြဲ႕စည္း၍ စုံစမ္းရွာေဖြေဖာ္ထုတ္ခဲ့ရာ “Shine Money” ေငြတုေရာင္းဝယ္ေရး၊ “ပိုင္ႀကီး ပိုင္ႀကီး”၊ “ကြီးေကာင္းျမတ္”၊ “ျခဴးျခဴး”၊ “ထိုင္းဘာသာျဖင့္ေရးသားထားသည့္ Facebook Page”၊ “ေအာင္ေကာင္းမာန္” ေငြတုစကၠဴျဖန႔္ျဖဴး ေရာင္းဝယ္ေရး၊ “ေငြတုေရာင္းဝယ္ေရး” Facebook Page တို႔အား စိစစ္ေတြ႕ရွိခဲ့ရေၾကာင္း၊ ထိုသို႔ စိစစ္ေတြ႕ရွိရသည့္ Facebook Page ပိုင္ရွင္မ်ားအား နည္းပညာအကူအညီမ်ား ျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ “Shine Money” ေငြတုေရာင္းဝယ္ေရး Facebook Page အသုံးျပဳ သည့္အေကာင့္ပိုင္ရွင္အား စုံစမ္းေဖာ္ထုတ္ခဲ့ရာ ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ကြၽဲတဲကုန္း ေက်း႐ြာအုပ္စု ေညာင္ဝင္းေက်း႐ြာေန ဇြဲေဝၿဖိဳး(၂၂)ႏွစ္၊ (ဘ)ဦးေက်ာ္သူရမိုးႏွင့္ ေအးပပမ်ိဳး(၁၈)ႏွစ္၊ (ဘ) ဦးမ်ိဳးညီညီ တို႔ျဖစ္ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိရသည့္အတြက္ မတ္လ ၃ ရက္ေန႔ ည ၉ နာရီခြဲအခ်ိန္တြင္ ၎တို႔၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေငြစကၠဴအတုႏွင့္ ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္ လည္း ေငြစကၠဴအတုမ်ားရရွိမည္ျဖစ္ေၾကာင္း အျခားသူမ်ား ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကးလိမ္လည္ရယူ ခဲ့ရာ၌ အသုံးျပဳခဲ့ေသာ Facebook Page မ်ားဖြင့္လွစ္ထားသည့္ လက္ကိုင္ဖုန္း (၃) လုံးတို႔ကို သိမ္းဆည္းရမိခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

အလားတူ “ပိုင္ႀကီးပိုင္ႀကီး” Page၊ “ကြီးေကာင္းျမတ္” Page၊ “ျခဴးျခဴး” Page၊ ထိုင္းဘာသာျဖင့္ ေရးသားထား သည့္ Page တို႔ကိုအသုံးျပဳသည့္ အေကာင့္ပိုင္ရွင္အား စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ကြၽဲတဲကုန္းေက်း႐ြာအုပ္စု၊ ေညာင္ဝင္းေက်း႐ြာေန သက္ပိုင္ၿဖိဳး (၃ဝ)ႏွစ္၊ (ဘ)ဦးမ်ိဳးျမင့္ ျဖစ္ေၾကာင္း ေဖာ္ထုတ္ ေတြ႕ရွိရသည့္အတြက္ မတ္လ ၃ ရက္ေန႔ ည ၉ နာရီ ၄၅ မိနစ္ခန႔္အခ်ိန္တြင္ ၎၏ေနအိမ္အား ဝင္‌ေရာက္ရွာ ေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ၎၏လက္ကိုင္ဖုန္း မွ အထက္ပါအေကာင့္မ်ားျဖင့္ ဆက္သြယ္ေရးကြန္ရက္အားအသုံးျပဳၿပီး ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကး လိမ္လည္ရယူခဲ့သည္ကို စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

အလားတူ “ေအာင္ေကာင္းမာန္” ေငြတုစကၠဴျဖန႔္ျဖဴးေရာင္းဝယ္ေရး Facebook Page ကို အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္အား စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ကြၽဲတဲကုန္းေက်း႐ြာအုပ္စု၊ ေညာင္ဝင္းေက်း႐ြာေန ဟိန္းထက္ၿဖိဳး(၁၈)ႏွစ္၊ (ဘ)ဦးေက်ာ္စိုးႏိုင္မွ အသုံးျပဳလ်က္ရွိေၾကာင္း သိရွိရသည့္ အတြက္ မတ္လ ၃ ရက္ေန႔ ည ၁၁ နာရီခြဲအခ်ိန္တြင္ ၎၏ေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ ပတ္သက္၍ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ၎၏လက္ကိုင္ဖုန္းမွ ဆက္သြယ္ေရး ကြန္ရက္ကိုအသုံးျပဳ၍ ေငြအတုမ်ားရရွိမည္ျဖစ္ေၾကာင္းေျပာဆိုၿပီး အျခားသူမ်ားထံမွ ေငြေၾကးလိမ္လည္ရယူခဲ့ သည္ကို စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္းလည္း ထုတ္ျပန္ခ်က္အရသိရသည္။

အလားတူ “ေငြတုေရာင္းဝယ္ေရး” Facebook Page ကို အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္အား စုံစမ္းေဖာ္ထုတ္ခဲ့ ရာ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ကြၽဲတဲကုန္းေက်း႐ြာအုပ္စု၊ ေညာင္ဝင္းေက်း႐ြာေန သက္ေဝခိုင္(၁၈) ႏွစ္၊ (ဘ)ဦးရဲျမင့္၊ ေအးျပည့္စုံ(၁၇)ႏွစ္၊ (ဘ)ဦးျမင့္ေဌး၊ ေအာင္ခန႔္ပိုင္(၁၇)ႏွစ္၊ (ဘ)ဦးစိန္ေသာင္းတို႔ ၃ ဦးမွ အသုံးျပဳ လ်က္ရွိေၾကာင္း သိရွိရသည့္အတြက္ မတ္လ ၃ ရက္ေန႔ ည ၁ဝ နာရီခြဲတြင္ ၎တို႔၏ ေနအိမ္မ်ားသို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္း မရွိေသာ္လည္း ေငြစကၠဴအတုမ်ားရရွိမည္ျဖစ္ေၾကာင္း အျခားသူမ်ား ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကးလိမ္လည္ရယူခဲ့ရာ၌ အသုံးျပဳခဲ့ေသာ Facebook Page မ်ားဖြင့္လွစ္ထားသည့္ လက္ကိုင္ဖုန္း (၇) လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိခဲ့သူ ဇြဲေဝၿဖိဳးပါ ၇ ဦးတို႔အား ကေနာင္နယ္ေျမရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ)ျဖင့္ အသီးသီး အမႈဖြင့္အေရးယူထားရွိေၾကာင္းႏွင့္ အလားတူ ေငြစကၠဴအတု မ်ား အေရာင္းအဝယ္ျပဳလုပ္သူမ်ားအား ဆက္လက္စုံစမ္းေဖာ္ထုတ္ သြားမည္ျဖစ္ေၾကာင္းႏွင့္ မိဘျပည္သူမ်ား အေနျဖင့္လည္း ထိုကဲ့သို႔ အေရာင္းအဝယ္ျပဳလုပ္သူမ်ားအား သိရွိပါက နီးစပ္ရာရဲစခန္းမ်ားသို႔ သတင္းေပးပို႔ တိုင္ၾကားႏိုင္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.