မန္တလေး ဇွဲထက်ရွှေဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်စဉ်တွင် လူ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နစက ထုတ်ပြန်

817

NP News - မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဇွဲထက်ရွှေဆိုင် ဗုံးဖြင့်တိုက်ခိုက်ရမှုသည် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ပြီး လူ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ မတ်လ(၃၁)ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခံရမှုနှင့်ပတ်သက်ပြီး လူ(၁၅)ဦးအထိ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်လျက်ရှိပြီး နစက၏ ထုတ်ပြန်ချက်တွင် လူ(၆)ဦးသာ ဒဏ် ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊(၈၄)လမ်းနှင့်(၃ဝ)လမ်းထောင့်ရှိ ဇွဲထက် ရွှေဆိုင်အား မတ်လ(၃ဝ)ရက်နေ့ နေ့လည်(၁၂)နာရီခွဲအချိန်တွင် (၈၄)လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့်Mark II အဖြူရောင် ယာဉ်ပေါ်မှ လက်ပစ်ဗုံး(၁)လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ယင်းကြောင့် ရွှေဆိုင်အတွင်းရှိ ဝန်ထမ်း ကျား(၅)ဦး၊ မ(၁) စုစုပေါင်း (၆)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သူများအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ၎င်းတို့မှ ထုတ်ပြန်ထားသည်။
အလားတူ အဆိုပါနေ့တွင် မန္တလေး (၆၂) လမ်းရှိ ဇွဲထက်ရွှေဆိုင်အနီးတွင်လည်း ဗုံးပေါက်ကွဲပြီး ကားတစ်စီး မှန်ကွဲသွားကြောင်း သိရှိရသည်။ လက်ရှိတွင် မန္တလေးရှိ ဇွဲထက်ရွှေဆိုင်များအားလုံးပိတ်ထားပြီး အခြားသောရွှေဆိုင်အချို့လည်း ပိတ်ထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသူများအားအမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလး ဇြဲထက္ေ႐ႊဆိုင္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္မႈျဖစ္စဥ္တြင္ လူ (၆)ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း နစက ထုတ္ျပန္
NP News - မတ္ ၃၁
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဇြဲထက္ေ႐ႊဆိုင္ ဗုံးျဖင့္တိုက္ခိုက္ရမႈသည္ လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခံခဲ့ရျခင္းျဖစ္ၿပီး လူ (၆) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ မတ္လ(၃၁)ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခံရမႈႏွင့္ပတ္သက္ၿပီး လူ(၁၅)ဦးအထိ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း လူမႈကြန္ရက္တြင္ သတင္းမ်ားထြက္ေပၚလ်က္ရွိၿပီး နစက၏ ထုတ္ျပန္ခ်က္တြင္ လူ(၆)ဦးသာ ဒဏ္ ရာရရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊(၈၄)လမ္းႏွင့္(၃ဝ)လမ္းေထာင့္ရွိ ဇြဲထက္ ေ႐ႊဆိုင္အား မတ္လ(၃ဝ)ရက္ေန႔ ေန႔လည္(၁၂)နာရီခြဲအခ်ိန္တြင္ (၈၄)လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာသည့္Mark II အျဖဴေရာင္ ယာဥ္ေပၚမွ လက္ပစ္ဗုံး(၁)လုံးျဖင့္ ပစ္ေပါက္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
ယင္းေၾကာင့္ ေ႐ႊဆိုင္အတြင္းရွိ ဝန္ထမ္း က်ား(၅)ဦး၊ မ(၁) စုစုေပါင္း (၆)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း၊ ဒဏ္ရာရရွိခဲ့သူမ်ားအား မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း ၎တို႔မွ ထုတ္ျပန္ထားသည္။
အလားတူ အဆိုပါေန႔တြင္ မႏၲေလး (၆၂) လမ္းရွိ ဇြဲထက္ေ႐ႊဆိုင္အနီးတြင္လည္း ဗုံးေပါက္ကြဲၿပီး ကားတစ္စီး မွန္ကြဲသြားေၾကာင္း သိရွိရသည္။ လက္ရွိတြင္ မႏၲေလးရွိ ဇြဲထက္ေ႐ႊဆိုင္မ်ားအားလုံးပိတ္ထားၿပီး အျခားေသာေ႐ႊဆိုင္အခ်ိဳ႕လည္း ပိတ္ထားေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးသူမ်ားအားအျမန္ဆုံးဖမ္းမိႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။