လက်ရှိအသုံးပြုနေသည့် ဒီဇယ်သုံးမီးရထားများနေရာတွင် လျှပ်စစ်ရထားများဖြင့်ပြောင်းလဲ ပြေးဆွဲမည်ဆိုပါက စက်သုံးဆီများစွာချွေတာနိုင်မည်ဟုဆို

 1039

ဟိန်း (NP News) - မတ် ၃၁
မီးရထားလမ်းများတွင် အသုံးပြုနေသည့် ဒီဇယ်စွမ်းအင်သုံးမီးရထားစက်ခေါင်းများအစား လျှပ်စစ်ရထားများဖြင့် ပြောင်းလဲပြေးဆွဲနိုင်မည်ဆိုပါက စက်သုံးဆီများစွာချွေတာနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားများကို အချိန်ပြည့် ပေးနိုင်ခြင်းမရှိသည့်အတွက် အလှည့်ကျမီးပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးနေရချိန်လည်းဖြစ်သည်။

အချိန်ပိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးမှုကို မေလအထိ လုပ်ဆောင်သွားဖွယ်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် နစကအစည်းအဝေး (၃/၂ဝ၂၂) တွင် စွမ်းအင်မူဝါဒနှင့်ပတ်သက်၍ ပြောကြားရာ၌ ယင်းကဲ့သို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတိုအနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချနိုင်မည်ဆိုပါက ပြည် ပမှစက်သုံးဆီများ တင်သွင်းမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံရှိ Public Transportations ဖြစ်သည့် မီးရထား လမ်းများသည် ဒီဇယ်စွမ်းအင်သုံးမီးရထား စက်ခေါင်းများကို အသုံးပြုလျက်ရှိပြီး အဆိုပါမီးရထားလမ်းများတွင် လျှပ်စစ်ရထားများဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက စက်သုံးဆီများစွာချွေတာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ မိမိတိုနိုင်ငံတွင် မော်တော်ယာဉ် တစ်သန်းကျော်နှင့် မော် တော်ဆိုင်ကယ် (၆) သန်းကျော်ရှိကြောင်း၊ လောင်စာဆီများပြည်ပမှတင်သွင်းရာတွင် ပို့ဆောင်ရေးကဏ္ဍ၌ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၆ ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်ရေးတွင် ၁ ရာခိုင်နှုန်းအသုံးပြုသည်ဟု သိရှိရကြောင်း၊ လျှပ်စစ်မော်တော်ကားများကို အစားထိုး အသုံးပြုနိုင်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားမရရှိသည့်နေရာများ၊ တောတောင်ထူထပ်သည့် နေ ရာများနှင့်ဝန်အားဖြင့်အသုံးပြုရသည့် နေရာများတွင် အခက်အခဲများရှိနိုင်ကြောင်း၊ Public Transportations ကိစ္စရပ်များတွင်လျှပ်စစ်ကို အသုံးပြုနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်းလည်း ယင်းကပြောသည်။

စွမ်းအင်မူဝါဒနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် Power ပိုင်းနှင့် Energy ပိုင်းနှစ်မျိုးရှိပြီး လျှပ်စစ်ပိုင်းတွင် ရေအားလျှပ်စစ်ကို အဓိကအသုံးပြုပြီး ဓာတ်ငွေ့အသုံးပြုမှု၊ ကျောက်မီးသွေးအသုံးပြုမှုနှင့် ဆိုလာစွမ်းအင် အသုံးပြုမှုများလည်း ရှိသည်။

zawgyi version
လက္ရွိအသုံးျပဳေနသည့္ ဒီဇယ္သုံးမီးရထားမ်ားေနရာတြင္ လွ်ပ္စစ္ရထားမ်ားျဖင့္ေျပာင္းလဲ ေျပးဆြဲမည္ဆိုပါက စက္သုံးဆီမ်ားစြာေခြၽတာႏိုင္မည္ဟုဆို
ဟိန္း (NP News) - မတ္ ၃၁

မီးရထားလမ္းမ်ားတြင္ အသုံးျပဳေနသည့္ ဒီဇယ္စြမ္းအင္သုံးမီးရထားစက္ေခါင္းမ်ားအစား လွ်ပ္စစ္ရထားမ်ားျဖင့္ ေျပာင္းလဲေျပးဆြဲႏိုင္မည္ဆိုပါက စက္သုံးဆီမ်ားစြာေခြၽတာႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားသည္။

လက္ရွိအခ်ိန္၌ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားမ်ားကို အခ်ိန္ျပည့္ ေပးႏိုင္ျခင္းမရွိသည့္အတြက္ အလွည့္က်မီးေပးသည့္ စနစ္ကို ေျပာင္းလဲက်င့္သုံးေနရခ်ိန္လည္းျဖစ္သည္။

အခ်ိန္ပိုင္းျဖင့္ ဓာတ္အားျဖန႔္ျဖဴးမႈကို ေမလအထိ လုပ္ေဆာင္သြားဖြယ္ရွိေၾကာင္းလည္း နစကသတင္းထုတ္ျပန္ေရးအဖြဲေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မတ္လ ၂၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မတ္လ ၂၉ ရက္တြင္ ျပဳလုပ္သည့္ နစကအစည္းအေဝး (၃/၂ဝ၂၂) တြင္ စြမ္းအင္မူဝါဒႏွင့္ပတ္သက္၍ ေျပာၾကားရာ၌ ယင္းကဲ့သို ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

မိမိတိုအေနျဖင့္ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားကို အသုံးခ်ႏိုင္မည္ဆိုပါက ျပည္ ပမွစက္သုံးဆီမ်ား တင္သြင္းမႈကိုလည္း ေလွ်ာ့ခ်သြားႏိုင္မည္ျဖစ္ ေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ Public Transportations ျဖစ္သည့္ မီးရထား လမ္းမ်ားသည္ ဒီဇယ္စြမ္းအင္သုံးမီးရထား စက္ေခါင္းမ်ားကို အသုံးျပဳလ်က္ရွိၿပီး အဆိုပါမီးရထားလမ္းမ်ားတြင္ လွ်ပ္စစ္ရထားမ်ားျဖင့္ ေျပးဆြဲႏိုင္မည္ဆိုပါက စက္သုံးဆီမ်ားစြာေခြၽတာႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အလားတူ မိမိတိုႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္ တစ္သန္းေက်ာ္ႏွင့္ ေမာ္ ေတာ္ဆိုင္ကယ္ (၆) သန္းေက်ာ္ရွိေၾကာင္း၊ ေလာင္စာဆီမ်ားျပည္ပမွတင္သြင္းရာတြင္ ပို႔ေဆာင္ေရးက႑၌ ၇၂ ရာခိုင္ႏႈန္း၊ စက္မႈက႑တြင္ ၂၆ ရာခိုင္ႏႈန္း၊ လွ်ပ္စစ္ထုတ္လုပ္ေရးတြင္ ၁ ရာခိုင္ႏႈန္းအသုံးျပဳသည္ဟု သိရွိရေၾကာင္း၊ လွ်ပ္စစ္ေမာ္ေတာ္ကားမ်ားကို အစားထိုး အသုံးျပဳႏိုင္မည္ဆိုပါက စက္သုံးဆီသုံးစြဲမႈကို မ်ားစြာေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမရရွိသည့္ေနရာမ်ား၊ ေတာေတာင္ထူထပ္သည့္ ေန ရာမ်ားႏွင့္ဝန္အားျဖင့္အသုံးျပဳရသည့္ ေနရာမ်ားတြင္ အခက္အခဲမ်ားရွိႏိုင္ေၾကာင္း၊ Public Transportations ကိစၥရပ္မ်ားတြင္လွ်ပ္စစ္ကို အသုံးျပဳႏိုင္မည္ဆိုပါက ႏိုင္ငံအတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္းလည္း ယင္းကေျပာသည္။

စြမ္းအင္မူဝါဒႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ Power ပိုင္းႏွင့္ Energy ပိုင္းႏွစ္မ်ိဳးရွိၿပီး လွ်ပ္စစ္ပိုင္းတြင္ ေရအားလွ်ပ္စစ္ကို အဓိကအသုံးျပဳၿပီး ဓာတ္ေငြ႕အသုံးျပဳမႈ၊ ေက်ာက္မီးေသြးအသုံးျပဳမႈႏွင့္ ဆိုလာစြမ္းအင္ အသုံးျပဳမႈမ်ားလည္း ရွိသည္။

Related news

© 2021. All rights reserved.