နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား(ပင်စင်) ယူရမည့် အသက်ကို ၆၂ နှစ်ဟု နစက ပြင်ဆင်သတ်မှတ်

 1026

NP News - မတ် ၃၁
နစကဥက္ကဋ္ဌ၏လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ် လိုက်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

နစကဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ၏ သဘောတူညီချက်ဖြင့် ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ နှင့် ကျွမ်းကျင်းမှုတို့အရ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်း ကျွမ်းကျင်သည့် လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အလိုငှာ ပြည်ထောင်စုရာထူးဝန်အဖွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုအရ နိုင်ငံ့ ဝန်ထမ်းနည်း ဥပဒေများ၏ နည်းဥပဒေ ၂၃ဝ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခင်က နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား(ပင်စင်) ယူရမည့် အသက်ကို ၆ဝ နှစ်ဟု သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ၆၂ နှစ် ဟု ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Zawgyi Version;
ႏိုင္ငံ့ဝန္ထမ္းမ်ား အၿငိမ္းစား(ပင္စင္) ယူရမည့္ အသက္ကို ၆၂ ႏွစ္ဟု နစက ျပင္ဆင္သတ္မွတ္
NP News - မတ္ ၃၁
နစကဥကၠ႒၏လမ္းၫႊန္မႈအရ ႏိုင္ငံ့ဝန္ထမ္းမ်ား အၿငိမ္းစားယူရမည့္အသက္ကို ၆၂ ႏွစ္ဟု ျပင္ဆင္သတ္မွတ္ လိုက္ေၾကာင္း ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က မတ္လ ၃၁ ရက္ေန႔တြင္ ထုတ္ျပန္သည္။

နစကဥကၠ႒၏ လမ္းၫႊန္မႈအရ ႏိုင္ငံ့ဝန္ထမ္းဥပေဒ ပုဒ္မ ၇၆၊ ပုဒ္မခြဲ (က) တြင္ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ျပည္ေထာင္စုအစိုးရအဖြဲ၏ သေဘာတူညီခ်က္ျဖင့္ ျပင္ဆင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ လူ႔စြမ္းအားအရင္းအျမစ္ကို ထိမ္းသိမ္းရန္၊ လုပ္သက္ရင့္ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လုပ္ငန္းအေတြ႕အႀကဳံ ႏွင့္ ကြၽမ္းက်င္းမႈတို႔အရ ႏိုင္ငံေတာ္ ဖြံၿဖိဳးတိုးတက္ေရးတြင္ ဆက္လက္အေထာက္အကူျပဳေစရန္၊ လုပ္ငန္း ကြၽမ္းက်င္သည့္ လုပ္သက္ရင့္ႏိုင္ငံ့ဝန္ထမ္းမ်ားကို ႏိုင္ငံေတာ္က ဆက္လက္ခ်ီးေျမႇာက္ရန္အလိုငွာ ျပည္ေထာင္စုရာထူးဝန္အဖြဲသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၏လမ္းၫႊန္မႈအရ ႏိုင္ငံ့ ဝန္ထမ္းနည္း ဥပေဒမ်ား၏ နည္းဥပေဒ ၂၃ဝ ပါ ဝန္ထမ္းတစ္ဦး အၿငိမ္းစားယူရမည့္ ေန႔ရက္အား ယင္းဝန္ထမ္း ၆၂ ႏွစ္ျပည့္သည့္ေန႔ဟု ႏိုင္ငံ့ဝန္ထမ္းနည္းဥပေဒမ်ားကို စတုတၳအႀကိမ္ျပင္ဆင္သည့္နည္းဥပေဒမ်ားျဖင့္ ျပင္ဆင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ယခင္က ႏိုင္ငံ့ဝန္ထမ္းမ်ား အၿငိမ္းစား(ပင္စင္) ယူရမည့္ အသက္ကို ၆ဝ ႏွစ္ဟု သတ္မွတ္ထားျခင္းျဖစ္ၿပီး လက္ရွိတြင္ ၆၂ ႏွစ္ ဟု ျပင္ဆင္သတ္မွတ္လိုက္ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.