ဖားကန့် နှင့် မော်ဟန်ရတနာနယ်မြေရှိ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုတော့ဟုဆို

1681

ဖူးပြည့် (NP News) - ဧပြီ ၁
လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုတော့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ယနေ့ (ဧပြီလ ၁ ရက်) ကထုတ်ပြန်လိုက်သည်။
ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက်လည်းကောင်း၊ ကျောက်မျက် သယံဇာတများကို ရေရှည် သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ COVID-19 ရောဂါ ဖြစ်ပွားမှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့တွင် ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်းများကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် မတ်လကုန်အထိ ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
သို့သော် နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေ ရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ဘေးအ န္တရာယ်ကင်းရှင်းစေရေးတို့အတွက် အဆိုပါ ရတနာနယ်မြေတို့တွင် ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရတနာနယ်မြေများအတွင်း ကျောက်မျက်ရတနာလက်လုပ်လက် စားခွင့်ပြုမိန့်များကို စိစစ်ခွင့်ပြုနိုင်ရေးအတွက် မြန်မာ့ကျောက် မျက်ရတနာဥပဒေပုဒ်မ ၁၃-က နှင့် ပုဒ်မ ၅၄၊ ပုဒ်မခွဲ(ခ)တို့အရ ကချင် ပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ကို ၂ဝ၁၈ ခုနှစ် စက်တင် ဘာလအတွင်းက ဖွဲ့စည်းခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနသည်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က)အရ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂ဝဝ၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် “မော်လူး၊ မော်ဟန်ရတနာနယ်မြေ” အား ကျောက်မျက်ရတနာများစီးပွားဖြစ်ထုတ်လုပ်နိုင်သည့် နယ်နိမိတ်အဖြစ်သတ်မှတ်ခဲ့သည်။
မြန်မာတို့၏ ကျောက်စိမ်းသိုက်တည်ရှိရာ ဖားကန့်ရတနာမြေသည် ၁၃ ရာစုကတည်းက စတင်ထင်ရှားနေခဲ့ပြီး ဖားကန့်မြို့ကို ဗဟိုပြု၍ ဥရုချောင်း ဝဲယာဘက်ကမ်းတို့၌ တည်ရှိကြောင်း သိရသည်။

zawgyi version
ဖားကန႔္ ႏွင့္ ေမာ္ဟန္ရတနာနယ္ေျမရွိ ေက်ာက္စိမ္း႐ိုင္းတူးေဖာ္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ဆက္လက္တူးေဖာ္ထုတ္လုပ္ခြင့္မျပဳေတာ့ဟုဆို
ဖူးျပည့္ (NP News) - ဧၿပီ ၁
လုံးခင္း၊ ဖားကန႔္ရတနာနယ္ေျမႏွင့္ ေမာ္လူး၊ ေမာ္ဟန္ရတနာနယ္ေျမတို႔ရွိ ေက်ာက္စိမ္း႐ိုင္းတူးေဖာ္၊ ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ဆက္လက္တူးေဖာ္ထုတ္လုပ္ခြင့္မျပဳေတာ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ၊ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းက ယေန႔ (ဧၿပီလ ၁ ရက္) ကထုတ္ျပန္လိုက္သည္။
ေက်ာက္စိမ္း႐ိုင္း တူးေဖာ္၊ ထုတ္လုပ္ျခင္းလုပ္ငန္းကို ေဘးအႏၲရာယ္ ကင္းရွင္းစြာျဖင့္ ေဆာင္႐ြက္ႏိုင္ေစရန္အတြက္လည္းေကာင္း၊ ေက်ာက္မ်က္ သယံဇာတမ်ားကို ေရရွည္ သုံးစြဲႏိုင္ရန္အတြက္ လည္းေကာင္း၊ COVID-19 ေရာဂါ ျဖစ္ပြားမႈကို ကာကြယ္ ထိန္းသိမ္းႏိုင္ရန္အတြက္ လည္းေကာင္း၊ လုံးခင္း၊ ဖားကန႔္ရတနာနယ္ေျမႏွင့္ ေမာ္လူး၊ ေမာ္ဟန္ရတနာနယ္ေျမတို႔တြင္ ေက်ာက္စိမ္း႐ိုင္း တူးေဖာ္ျခင္း လုပ္ငန္းမ်ားကို ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ မတ္လကုန္အထိ ယာယီရပ္ဆိုင္းထားခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ႏိုင္ငံပိုင္ ေက်ာက္မ်က္ရတနာမ်ားကို သားစဥ္ေျမးဆက္ ေရ ရွည္သုံးစြဲႏိုင္ေရး၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမရွိေစေရးႏွင့္ ေဘးအ ႏၲရာယ္ကင္းရွင္းေစေရးတို႔အတြက္ အဆိုပါ ရတနာနယ္ေျမတို႔တြင္ ေက်ာက္စိမ္း႐ိုင္း တူးေဖာ္၊ ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ဆက္လက္တူးေဖာ္ထုတ္လုပ္ခြင့္မျပဳေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရတနာနယ္ေျမမ်ားအတြင္း ေက်ာက္မ်က္ရတနာလက္လုပ္လက္ စားခြင့္ျပဳမိန႔္မ်ားကို စိစစ္ခြင့္ျပဳႏိုင္ေရးအတြက္ ျမန္မာ့ေက်ာက္ မ်က္ရတနာဥပေဒပုဒ္မ ၁၃-က ႏွင့္ ပုဒ္မ ၅၄၊ ပုဒ္မခြဲ(ခ)တို႔အရ ကခ်င္ ျပည္နယ္ လုပ္ကြက္စိစစ္ခ်ထားေပးေရးအဖြဲ႕ကို ၂ဝ၁၈ ခုႏွစ္ စက္တင္ ဘာလအတြင္းက ဖြဲ႕စည္းခဲ့သည္။
သတၱဳတြင္းဝန္ႀကီးဌာနသည္၊ ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒပုဒ္မ ၄၊ ပုဒ္မခြဲ (က)အရ အစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ၂ဝဝ၁ ခုႏွစ္ ေအာက္တိုဘာလ ၁၈ ရက္တြင္ “ေမာ္လူး၊ ေမာ္ဟန္ရတနာနယ္ေျမ” အား ေက်ာက္မ်က္ရတနာမ်ားစီးပြားျဖစ္ထုတ္လုပ္ႏိုင္သည့္ နယ္နိမိတ္အျဖစ္သတ္မွတ္ခဲ့သည္။
ျမန္မာတို႔၏ ေက်ာက္စိမ္းသိုက္တည္ရွိရာ ဖားကန႔္ရတနာေျမသည္ ၁၃ ရာစုကတည္းက စတင္ထင္ရွားေနခဲ့ၿပီး ဖားကန႔္ၿမိဳ႕ကို ဗဟိုျပဳ၍ ဥ႐ုေခ်ာင္း ဝဲယာဘက္ကမ္းတို႔၌ တည္ရွိေၾကာင္း သိရသည္။