လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုသင်တန်းမှ အရည်အချင်းပြည့်မီသူများ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူးတက်ရောက်နိုင်တော့မည်

1135

ဟိန်း (NP News) - ဧပြီ ၃
လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု အသိအမှတ်ပြု (၁)နှစ် သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မီသူများ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂ဝ၂၂-၂ဝ၂၃ ခုနှစ်တွင် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု အသိအမှတ်ပြု(၁)နှစ်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲအား မိတ္ထီလာမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း အစည်းအဝေး ခန်းမတွင် မတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းပြီးမြောက်သူ (သို့မဟုတ်) စက်မှုအထက်တန်းကျောင်း အောင်မြင်ပြီးသူများအတွက် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု အသိအမှတ်ပြု (၁)နှစ် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံ ဆောင် ရွက်နေပြီး အဆိုပါသင်တန်းမှ အရည်အချင်းပြည့်မီသူများအား အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းများ သို့ ပေါင်းကူးတက်ရောက်နိုင်ကြတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိ နေကြောင်း၊ သင်တန်းများတွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့ လက်တွေ့လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင် ထွန်ယက်သည်မှ ရိတ်သိမ်းသည်အထိ အသုံးပြုရန် လိုအပ်သည့်စက်ကိရိယာများအား ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း၊ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်း ကျောင်းအား လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် ထွန်စက်ကြီး၊ လက်တွန်း ထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက် နှင့် အခြားလယ်ယာသုံးစက်ကိရိယာများ မောင်းနှင် အသုံး ပြုနည်း၊ ထိန်းသိမ်းနည်း၊ ပြုပြင်နည်းများပါဝင်သည့် လယ်ယာသုံးစက်ကိရိယာ သင်တန်းများအား ဖွင့်လှစ်ပေးခဲ့ ရာ ယနေ့ (ဧပြီလ ၃ ရက်) အထိ စုစုပေါင်း သင်တန်း(၄၇၂) ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လယ္ယာသုံးစက္ကိရိယာကြၽမ္းက်င္မႈသင္တန္းမွ အရည္အခ်င္းျပည့္မီသူမ်ား အစိုးရစက္မႈလက္မႈသိပၸံ GTI ေက်ာင္းမ်ားသို႔ ေပါင္းကူးတက္ေရာက္ႏိုင္ေတာ့မည္
ဟိန္း (NP News) - ဧၿပီ ၃
လယ္ယာသုံးစက္ကိရိယာကြၽမ္းက်င္မႈ အသိအမွတ္ျပဳ (၁)ႏွစ္ သင္တန္းၿပီးဆုံး၍ အရည္အခ်င္းျပည့္မီသူမ်ား အစိုးရစက္မႈလက္မႈသိပၸံ GTI ေက်ာင္းမ်ားသို႔ ေပါင္းကူးတက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
၂ဝ၂၂-၂ဝ၂၃ ခုႏွစ္တြင္ လယ္ယာသုံးစက္ကိရိယာကြၽမ္းက်င္မႈ အသိအမွတ္ျပဳ(၁)ႏွစ္သင္တန္း ဖြင့္လွစ္ႏိုင္ေရး အတြက္ ညႇိႏႈိင္းေဆြးေႏြးပြဲအား မိတၳီလာၿမိဳ႕၊ စက္မႈလယ္ယာဦးစီးဌာန၊ ဗဟိုသင္တန္းေက်ာင္း အစည္းအေဝး ခန္းမတြင္ မတ္လ ၂၅ ရက္မွ ၂၆ ရက္အထိ (၂) ရက္ၾကာ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေျခခံပညာ အထက္တန္းၿပီးေျမာက္သူ (သို႔မဟုတ္) စက္မႈအထက္တန္းေက်ာင္း ေအာင္ျမင္ၿပီးသူမ်ားအတြက္ လယ္ယာသုံးစက္ကိရိယာကြၽမ္းက်င္မႈ အသိအမွတ္ျပဳ (၁)ႏွစ္ သင္တန္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရး စီမံ ေဆာင္ ႐ြက္ေနၿပီး အဆိုပါသင္တန္းမွ အရည္အခ်င္းျပည့္မီသူမ်ားအား အစိုးရစက္မႈလက္မႈသိပၸံ GTI ေက်ာင္းမ်ား သို႔ ေပါင္းကူးတက္ေရာက္ႏိုင္ၾကေတာ့မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။
စက္မႈလယ္ယာစနစ္သို႔ ပီျပင္စြာကူးေျပာင္းႏိုင္ရန္ ကြၽမ္းက်င္ေသာ လူသားအရင္းအျမစ္မ်ားစြာ လိုအပ္လ်က္ရွိ ေနေၾကာင္း၊ သင္တန္းမ်ားတြင္ မတူကြဲျပားသည့္ ေဒသအသီးသီးမွ သင္တန္းသားမ်ား လာေရာက္ေလ့လာ ဆည္းပူးလ်က္ရွိၾကရာ သင္တန္းၿပီးေျမာက္ပါက ယင္းတို႔ လက္ေတြ႕လုပ္ကိုင္ၾကမည့္ သီးႏွံမ်ားအလိုက္ ေျမျပင္ ထြန္ယက္သည္မွ ရိတ္သိမ္းသည္အထိ အသုံးျပဳရန္ လိုအပ္သည့္စက္ကိရိယာမ်ားအား ခြဲျခားၿပီး ထိေရာက္သည့္ ပို႔ခ်မႈသင္ၾကားေပးမႈျဖစ္ရန္ လိုအပ္ေၾကာင္း၊ ဧၿပီလ(၂)ရက္ေန႔ နံနက္ပိုင္း၌ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦး က မိတၳီလာၿမိဳ႕ စက္မႈလယ္ယာ ဗဟိုသင္တန္း ေက်ာင္းအား လွည့္လည္ ၾကည့္ရႈစစ္ေဆးစဥ္ တာဝန္ရွိသူမ်ားအား ေဆြးေႏြးေျပာၾကားခဲ့သည္။
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕၊ စက္မႈလယ္ယာဗဟိုသင္တန္းေက်ာင္းတြင္ ထြန္စက္ႀကီး၊ လက္တြန္း ထြန္စက္၊ ေကာက္စိုက္စက္၊ ရိတ္သိမ္းေႁခြေလွ႔စက္ ႏွင့္ အျခားလယ္ယာသုံးစက္ကိရိယာမ်ား ေမာင္းႏွင္ အသုံး ျပဳနည္း၊ ထိန္းသိမ္းနည္း၊ ျပဳျပင္နည္းမ်ားပါဝင္သည့္ လယ္ယာသုံးစက္ကိရိယာ သင္တန္းမ်ားအား ဖြင့္လွစ္ေပးခဲ့ ရာ ယေန႔ (ဧၿပီလ ၃ ရက္) အထိ စုစုေပါင္း သင္တန္း(၄၇၂) ႀကိမ္ ဖြင့္လွစ္ပို႔ခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။