နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားပြေးဆွဲပေးမည်

 838

ဟိန်း (NP News) - ဧပြီ ၇
နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားအား ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သင်္ကြန်အထူးရထားအနေဖြင့် ဧပြီလ ၈ ရက် ည ၇ နာရီတွင် နေပြည် တော်မှထွက်ခွာ၍ ရန်ကုန်သို့ နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီလ ၁၇ ရက် ည ၇ နာရီတွင် ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်၊ အမှတ် (၄) အစုန် အမြန်ရထားအား ဧပြီလ ၄ ရက်မှ ၁ဝ ရက်အထိ၊ အမှတ် (၃) အဆန်၊ အမှတ် (၄) အစုန် အမြန်ရထားများကို ဧပြီလ ၁၇ ရက်မှ ၂၂ ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်-ပြည် အမြန်ရထားအား ရပ်နား၍ ကျန်ရထားများအား ပုံမှန်ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ရန်ကုန်မြို့ပတ်ရထားအချို့အား ရပ်နားထားမည်ဖြစ်ရာ လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထား (၅) စင်းတွင် လက်ဝဲရစ်နှင့်လက်ယာရစ် မြို့ပတ်ရထားနှစ်စင်း ပြေးဆွဲသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ရထားများ ကြံ့ခိုင်ရေးအတွက် ကျန်သည့်မြို့ပတ်ရထားများအား အနားပေးသွားမည်ကာ ရန်ကုန်-ပဲခူး ရထားအား ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-အင်းစိန်-ဥက္ကံ ရထားကိုလည်း သင်္ကြန်ကာလ၌ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ရန်ကုန်-ပြည် အမြန်ရထား ရပ်နားထားသော်လည်း ပြည် စာပို့ရထား ပြေးဆွဲမှုနှင့်အတူ ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၁) အဆန် စာပို့ရထားကိုလည်း ပြေးဆွဲသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

zawgyi version
ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလတြင္ ေနျပည္ေတာ္-ရန္ကုန္ သၾကၤန္အထူးရထားေျပးဆြဲေပးမည္
ဟိန္း (NP News) - ဧၿပီ ၇

ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလတြင္ ေနျပည္ေတာ္-ရန္ကုန္ သၾကၤန္အထူးရထားအား ေျပးဆြဲေပးသြားမည္ျဖစ္ ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

သၾကၤန္အထူးရထားအေနျဖင့္ ဧၿပီလ ၈ ရက္ ည ၇ နာရီတြင္ ေနျပည္ ေတာ္မွထြက္ခြာ၍ ရန္ကုန္သို႔ နံနက္ပိုင္းတြင္ ေရာက္ရွိမည္ျဖစ္ကာ ဧၿပီလ ၁၇ ရက္ ည ၇ နာရီတြင္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ ျပန္လည္ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္-မႏၲေလး အမွတ္ (၃) အဆန္၊ အမွတ္ (၄) အစုန္ အျမန္ရထားအား ဧၿပီလ ၄ ရက္မွ ၁ဝ ရက္အထိ၊ အမွတ္ (၃) အဆန္၊ အမွတ္ (၄) အစုန္ အျမန္ရထားမ်ားကို ဧၿပီလ ၁၇ ရက္မွ ၂၂ ရက္အထိ ေျပးဆြဲသြားမည္ျဖစ္ၿပီး ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္အထိ ရန္ကုန္-ျပည္ အျမန္ရထားအား ရပ္နား၍ က်န္ရထားမ်ားအား ပုံမွန္ေျပးဆြဲ မည္ျဖစ္ေၾကာင္း သိရသည္။

သၾကၤန္ကာလတြင္ ရန္ကုန္ၿမိဳ႕ပတ္ရထားအခ်ိဳ႕အား ရပ္နားထားမည္ျဖစ္ရာ လက္ရွိေျပးဆြဲေနသည့္ ၿမိဳ႕ပတ္ရထား (၅) စင္းတြင္ လက္ဝဲရစ္ႏွင့္လက္ယာရစ္ ၿမိဳ႕ပတ္ရထားႏွစ္စင္း ေျပးဆြဲသြားမည္ျဖစ္ၿပီး ျမန္မာ့ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ကာလတြင္ ရထားမ်ား ႀကံ့ခိုင္ေရးအတြက္ က်န္သည့္ၿမိဳ႕ပတ္ရထားမ်ားအား အနားေပးသြားမည္ကာ ရန္ကုန္-ပဲခူး ရထားအား ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္အထိ ရပ္နားထားမည္ျဖစ္ၿပီး ရန္ကုန္-အင္းစိန္-ဥကၠံ ရထားကိုလည္း သၾကၤန္ကာလ၌ ယာယီရပ္နားထားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလတြင္ ရန္ကုန္-ျပည္ အျမန္ရထား ရပ္နားထားေသာ္လည္း ျပည္ စာပို႔ရထား ေျပးဆြဲမႈႏွင့္အတူ ရန္ကုန္-မႏၲေလးလမ္းပိုင္း၌ အမွတ္(၁) အဆန္ စာပို႔ရထားကိုလည္း ေျပးဆြဲသြား မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

Related news

© 2021. All rights reserved.