မိဘများ၏ အမွေပြတ်စွန့်လွှတ်ခြင်းခံရသည့်အပေါ် သရုပ်ဆောင်ဟိန်းထက်၏ ရင်ဖွင့်စကား

 1541

အိဖြူ (NP News) – ဧပြီ ၉
ရုပ်ရှင်သရုပ်ဆောင် အာကာဟိန်း (ခ) ဟိန်းထက်အား သားအဖြစ်မှ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ မိဘများမှ နိုင်ငံပိုင်သတင်းစာ၌ ဧပြီလ ၇ ရက်တွင် ထည့်သွင်းကြေညာခဲ့သည်။

ဟိန်းထက်၏ မိဘနှစ်ပါးဖြစ်ကြသော ဖခင် ဦးအောင်နိုင်နှင့် မိခင် ဒေါ်စမ်းစမ်းဝင်းတို့သည် ၎င်းတို့၏သားဖြစ်သူ အာကာဟိန်း (ခ) ဟိန်းထက် သည် မိဘများ၏ ဆိုဆုံးမမှုအား နာခံခြင်းမရှိဘဲ မိဘ ခွင့်မလွှတ်နိုင်သည့်ကိစ္စရပ်များအား ဆောင်ရွက်နေသည့်အတွက် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်းနှင့် နောက် နောင်တွင် အာဏာဟိန်းထက် (ခ) ဟိန်းထက် နှင့်ပတ်သက်သည့် မည်သည့်ကိစ္စအဝဝကိုမျှ ၎င်းတို့မိသားစုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း နှင့် မည်သို့မျှ ပတ်သက်စပ်ဆိုင်ခြင်း မရှိတော့ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အမွေပြတ်စွန့်လွှတ်ခြင်းခံရကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် သရုပ် ဆောင် ဟိန်းထက်မှ “စွန့်လွှတ်ခြင်းနှင့် ပေးဆပ်ခြင်း” ဟု ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်စာမျက်နှာတွင် ဧပြီလ ၇ ရက် နံနက်ပိုင်းက ပြန်လည်တုံ့ပြန်ခဲ့သည်ကို တွေ့ရသည်။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲမင်းသားအဖြစ် လူသိများ အောင်မြင်ကျော်ကြားလာသည့် ရုပ်ရှင်သရုပ် ဆောင် ဟိန်းထက်သည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဆန္ဒထုတ် ဖော်ပွဲများတွင် ပါဝင် လှုပ်ရှားမှုမှတဆင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဘက်ကို ရွေးချယ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွင် စစ်သင်တန်းတက်ရောက်ခြင်းအပြင် လွတ်မြောက်နယ်မြေတွင် နေထိုင်၍ တော်လှန်ရေးတိုက်ပွဲများ၌ ကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းစသည့် လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်နေကြောင်းသတင်းများအရ သိရသည်။

အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် အနုပညာရှင်အများစုသည် ၂ဝ၂၁ ခုနှစ် လလယ်ပိုင်းခန့်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး အချို့သော အနုပညာရှင်များသည် ပြည်ပနိုင်ငံများနှင့် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်းထွက်ပြေးခဲ့ကြသလို အချို့သည် ဖမ်းဆီးထိန်းသိမ်းခံရကာ အချို့လည်း ခံဝန်လက်မှတ်ရေးထိုးကာ ပုံမှန်အတိုင်း နေထိုင်ကြလျက်ရှိသည်။

Zawgyi Version;
မိဘမ်ား၏ အေမြျပတ္စြန႔္လႊတ္ျခင္းခံရသည့္အေပၚ သ႐ုပ္ေဆာင္ဟိန္းထက္၏ ရင္ဖြင့္စကား
အိျဖဴ (NP News) – ဧၿပီ ၉
႐ုပ္ရွင္သ႐ုပ္ေဆာင္ အာကာဟိန္း (ခ) ဟိန္းထက္အား သားအျဖစ္မွ စြန႔္လႊတ္လိုက္ၿပီျဖစ္ေၾကာင္း ၎၏ မိဘမ်ားမွ ႏိုင္ငံပိုင္သတင္းစာ၌ ဧၿပီလ ၇ ရက္တြင္ ထည့္သြင္းေၾကညာခဲ့သည္။

ဟိန္းထက္၏ မိဘႏွစ္ပါးျဖစ္ၾကေသာ ဖခင္ ဦးေအာင္ႏိုင္ႏွင့္ မိခင္ ေဒၚစမ္းစမ္းဝင္းတို႔သည္ ၎တို႔၏သားျဖစ္သူ အာကာဟိန္း (ခ) ဟိန္းထက္ သည္ မိဘမ်ား၏ ဆိုဆုံးမမႈအား နာခံျခင္းမရွိဘဲ မိဘ ခြင့္မလႊတ္ႏိုင္သည့္ကိစၥရပ္မ်ားအား ေဆာင္႐ြက္ေနသည့္အတြက္ သားအျဖစ္မွ အေမြျပတ္စြန႔္လႊတ္ေၾကာင္းႏွင့္ ေနာက္ ေနာင္တြင္ အာဏာဟိန္းထက္ (ခ) ဟိန္းထက္ ႏွင့္ပတ္သက္သည့္ မည္သည့္ကိစၥအဝဝကိုမွ် ၎တို႔မိသားစုမွ တာဝန္ယူေျဖရွင္းေပးမည္မဟုတ္ေၾကာင္း ႏွင့္ မည္သို႔မွ် ပတ္သက္စပ္ဆိုင္ျခင္း မရွိေတာ့ေၾကာင္း အမ်ားသိေစရန္ အသိေပးေၾကညာအပ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာတြင္ ေၾကညာထားသည္။

အေမြျပတ္စြန႔္လႊတ္ျခင္းခံရေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ သ႐ုပ္ ေဆာင္ ဟိန္းထက္မွ “စြန႔္လႊတ္ျခင္းႏွင့္ ေပးဆပ္ျခင္း” ဟု ၎ကိုယ္တိုင္အသုံးျပဳသည့္ ေဖ့ဘြတ္စ္စာမ်က္ႏွာတြင္ ဧၿပီလ ၇ ရက္ နံနက္ပိုင္းက ျပန္လည္တုံ႔ျပန္ခဲ့သည္ကို ေတြ႕ရသည္။

MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲမင္းသားအျဖစ္ လူသိမ်ား ေအာင္ျမင္ေက်ာ္ၾကားလာသည့္ ႐ုပ္ရွင္သ႐ုပ္ ေဆာင္ ဟိန္းထက္သည္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းမႈျဖစ္စဥ္ေနာက္ပိုင္း ဆႏၵထုတ္ ေဖာ္ပြဲမ်ားတြင္ ပါဝင္ လႈပ္ရွားမႈမွတဆင့္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ဘက္ကို ေ႐ြးခ်ယ္ခဲ့သူတစ္ဦးလည္း ျဖစ္သည္။

၎သည္ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႕တြင္ စစ္သင္တန္းတက္ေရာက္ျခင္းအျပင္ လြတ္ေျမာက္နယ္ေျမတြင္ ေနထိုင္၍ ေတာ္လွန္ေရးတိုက္ပြဲမ်ား၌ ကိုယ္တိုင္ပါဝင္လႈပ္ရွားျခင္းစသည့္ လႈပ္ရွားမႈမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္းသတင္းမ်ားအရ သိရသည္။

အာဏာသိမ္းမႈဆန႔္က်င္ေၾကာင္း ဆႏၵျပပြဲမ်ားတြင္ ပါဝင္လႈပ္ရွားခဲ့ၾကသည့္ အႏုပညာရွင္အမ်ားစုသည္ ၂ဝ၂၁ ခုႏွစ္ လလယ္ပိုင္းခန႔္တြင္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅ (က) ျဖင့္ အမႈဖြင့္ခံခဲ့ရၿပီး အခ်ိဳ႕ေသာ အႏုပညာရွင္မ်ားသည္ ျပည္ပႏိုင္ငံမ်ားႏွင့္ လြတ္ေျမာက္နယ္ေျမမ်ားသို႔ တိမ္းေရွာင္းထြက္ေျပးခဲ့ၾကသလို အခ်ိဳ႕သည္ ဖမ္းဆီးထိန္းသိမ္းခံရကာ အခ်ိဳ႕လည္း ခံဝန္လက္မွတ္ေရးထိုးကာ ပုံမွန္အတိုင္း ေနထိုင္ၾကလ်က္ရွိသည္။

Related news

© 2021. All rights reserved.