ဆင်တို့အကြောင်း စိတ်ဝင်စားစရာ အဖြာဖြာ

9691

ဝတီ (NP News) - ဧပြီ ၁၃
မိုမိုလို့ လူတွေ ချစ်စနိုးခေါ်လေ့ရှိကြတဲ့ ဆင်ကြီးတွေမှာ စိတ်ဝင်စား စရာအချက်တွေ ရှိနေပါတယ်။ တိရစ္ဆာန်တိုင်းမှာ ထူးခြားချက်တွေရှိတာကြောင့် ဆင်တွေမှာလည်း ထူးခြားချက်တွေ ရှိနေတာပေါ့။ဒီတော့ သူတို့အကြောင်း စိတ်ဝင်စားစရာတွေက ဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။
ဆင်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်းနေသတ္တဝါ ဖြစ်ပါတယ်။
အာဖရိကဆင်ကြီးတွေဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်းနေနို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ အာဖရိကဆင်ထီးတွေဟာ အရပ်အမြင့် ပျမ်းမျှအားဖြင့် ၁ဝ ပေနီးပါး အထိရှိပြီး ကိုယ်အလေးချိန်က ၆ တန် အထိရှိကြပါသတဲ့။
အထီးတွေဟာ အသက် ၃၅ နှစ်ကနေ ၄ဝ လောက်ရောက်မှ အပြည့်အဝဖွံ့ဖြိုးကြီးထွားကြတာဖြစ်ပါတယ်။ တောရိုင်းထဲမှာနေတဲ့ ဆင်တွေရဲ့သက်တမ်းဟာ နှစ်ပေါင်း ၆ဝ ကနေ ၇ဝ ကြားဆိုတော့ အထီးတွေဟာသက်တမ်း တစ်ဝက်ကျော်မှပဲ အပြည့်အ၀ ဖွံ့ဖြိုးကြီးထွားတဲ့သဘောဖြစ်နေပါတော့တယ်။ အရွယ်ရောက်ပြီးသား ဆင်တွေမှ မဟုတ်ဘဲဆင်ပေါက်လေးတွေတောင် အတော် ကြီးတယ်လေ။ မွေးကင်းစဆင်ပေါက်လေးဟာ ကိုယ်အလေးချိန် ၂၆၆ ပေါင်နီးပါး ရှိပါသတဲ့။
အာဖရိကဆင်နဲ့ အာရှဆင်ကို ဒီလိုကြည့်ပြီး ခွဲခြားလို့ရပါတယ်။
အာဖရိကဆင်နဲ့ အာရှဆင်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲမှာ အာဖရိကဆင်တွေရဲ့နားရွက်ဟာ အာရှဆင်တွေရဲ့ နားရွက်ထက် အများကြီး ပိုကြီးပြီးအာဖရိကတိုက်ပုံစံမျိုး ဖြစ်နေပါသတဲ့။ အာရှဆင်တွေရဲ့ နားရွက်ကတော့ သေးပြီးအိန္ဒိယမြေပုံ ပုံစံ ခပ်ဆန်ဆန်ဖြစ်နေပါသတဲ့လေ။ ဒါ့အပြင် နှာမောင်းကိုကြည့်ပြီးတော့လည်း အာဖရိကဆင်လား၊ အာရှဆင်လားဆိုတာ ခွဲခြားလို့ရပါသေးတယ်။ အာဖရိကဆင်တွေရဲ့ နှာမောင်းထိပ်ဖျားမှာ အတက်ကလေးနှစ်တက်ပါပေမယ့် အာရှဆင်တွေရဲ့ နှာ မောင်းထိပ်ဖျားမှာတော့ အတက်ကလေးတစ်ခုပဲ ပါတယ်လေ။
သူတို့နှာမောင်းဟာ သူတို့အတွက် အင်မတန်ကိုမှ အသုံးဝင်ပါတယ်။
ဆင်နှာမောင်းမှာ ကြွက်သားယူနစ်ပေါင်း ၁၅ဝဝဝဝ လောက်ရှိပါတယ်။ နို့တိုက်သတ္တဝါတွေမှာ တွေ့ရသမျှ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာဆင်နှာမောင်းက အထိလွယ်၊ အသိလွယ်ဆုံး အစိတ်အပိုင်း ဖြစ်မှာပါ။အာရှဆင်တွေဟာ မြေပဲတောင့်လေးကို နှာမောင်းနဲ့ ကောက်ယူ၊ အခွံကိုမှုတ်ထုတ်ပစ်ပြီး အထဲမှာ ကျန်တဲ့ အဆံလေးကိုမှ ရွေးပြီး စားတတ်ပါသတဲ့။ ဆင်တွေဟာ နှာမောင်းတံနဲ့ပဲ ရေကို စုပ်ယူပါတယ်။ အဲဒီနှာမောင်းထဲမှာ ရေပေါင်း ၈ လီတာအထိ စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် ဆင်တွေ ရေကူးရင်လည်းနှာမောင်းလေးကို ရေပေါ်ဖော်ထားပြီး အဲဒါလေးနဲ့ အသက်ရှူပါတယ်။
ဆင်စွယ်ဆိုတာ အမှန်တော့ ဆင်သွားပါပဲ။
ဆယ်စွယ်ဆိုတာ အမှန်တော့ အင်မတန်ကိုမှ ကြီးမားလှတဲ့ ရှေ့သွားတွေပါပဲ။ ဆင်တွေ အသက်နှစ်နှစ်လောက် ရောက်ရင် အဲဒီသွားတွေ စထွက်လာပါတယ်။ အဲဒီအစွယ်တွေက သူတို့ဘဝတလျှောက်လုံး ရှည်ပြီးရင်း ဆက်ရှည်လာတာပါ။ သူတို့ အစာရှာထွက်တဲ့အခါမှာ အစွယ်ကြီးတွေက အင်မတန်မှ အသုံးဝင်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် သစ်ပင်က သစ်ခေါက်တွေကို ခွာတဲ့နေရာမှာ၊ သစ်မြစ်တွေကို တူးထုတ်တဲ့နေရာမျိုးတွေမှာပေါ့။ ဒါတင်မက တိုက်ခိုက်တဲ့နေရာမှာလည်း အသုံးဝင်ပါသေးတယ်။ ဒါပေမဲ့ ဆင်တွေခမျာ အဲဒီအစွယ်တွေကြောင့်ပဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတော့တယ်။ ဆင်စွယ်နဲ့လုပ်ထားတဲ့ ပစ္စည်းပစ္စယတွေဟာ သိပ်ကိုလှပတင့်တယ်တာကြောင့် အစွယ်အတွက်အသတ်ခံရတဲ့ ဆင်ပေါင်း မရေမတွက်နိုင်တော့ပါဘူး။
သူတို့အရေပြားဟာ အတော်ထူပါတယ်။
ဆင်အရေပြားဟာ နေရာအများစုမှာ အထူ ဝ ဒသမ ၉၈ လက်မ ရှိပါတယ်။ ဆင်အရေပြားဟာ အခေါက်တွေ၊ အတွန့်တွေနဲ့ ဖြစ်လို့သူတို့အရေပြားဟာ တခြား သတ္တဝါတွေရဲ့ သာမန်အရေပြားတွေထက်ရေကို ဆယ်ဆ ထိန်းထားနိုင်ပါတယ်။ ရေဓာတ်ကို ထိန်းထားနိုင်တော့ဆင်တွေလည်း အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး အေးမြပါတယ်။ ဆင်တွေက သူတို့အရေပြားကို သန့်သန့်ရှင်းရှင်း ထားပါတယ်။ ပြီးတော့ နေလောင်ဒဏ်မခံရအောင်ဆိုပြီး ဖုန်တွေ၊ ရွှံ့တွေထဲ လူးလေ့ရှိပါတယ်။
ဆင်တွေဟာ အဆက်အပြတ် စားနေတတ်ကြပါတယ်။
ဆင်တွေဟာ အကြီးဆုံး ကုန်းနေသတ္တဝါဖြစ်လို့ အများကြီးလည်း စားပေးရပါတယ်။ သူတို့ဟာ တစ်နေ့ကို အစာ ၁၅ဝ ကီလိုဂရမ် စားပေးရတာပေါ့။ အဲဒီပမာဏဟာ ပဲဘူးပေါင်း ၃၇၅ ဘူးနဲ့ ညီမျှပါတယ်။ ဒီလောက်အထိ အများကြီးစားပေးရပေမယ့် စားလိုက်သမျှထဲမှာ ထက်ဝက်က မကြေမညက်နဲ့ပဲ ခန္ဓာကိုယ်ထဲက ပြန်ထွက်သွားလေ့ရှိပါတယ်။ အစာလိုအပ်ချက် ဒီလောက်အထိများတဲ့အတွက် သူတို့ဟာ တစ်နေ့လုံးနီးပါး အစာချည်းပဲ စားနေလို့ရပါတယ်။
သူတို့က တစ်ကောင်နဲ့တစ်ကောင် နည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြောဆို
ကြပါတယ်။
ဆင်တွေဟာ တစ်ကောင်နဲ့တစ်ကောင် နည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြောဆိုကြပါတယ်။ နှဲမှုတ်တဲ့ အသံလိုမျိုးနဲ့ ဆက်သွယ်ပြောဆိုကြသလိုကိုယ်ဟန်အမူအရာ၊ အထိအတွေ့၊ အနံ့နဲ့လည်း ဆက်သွယ်ပြောဆိုကြပါတယ်။ နှဲမှုတ်တဲ့အသံလိုမျိုးနဲ့ ဆက်သွယ်ကြတယ်ဆိုတဲ့နေရာမှာ တချို့အသံတွေကတော့လူသားတွေရဲ့ နားအတွက် တိုးလွန်းလို့ မကြားရပါဘူးတဲ့။ ဒါ့အပြင် သူတို့ဟာမြေပြင်ပေါ်မှာ တုန်ခါမှုတွေ ဖြစ်သွားအောင် လုပ်ပြီးတော့လည်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြပါသေးတယ်။ တစ်ကောင်က လုပ်လိုက်တဲ့ တုန်ခါမှုကိုကျန်တဲ့အကောင်တွေက အရိုးကနေတစ်ဆင့် ခံစားသိရှိနိုင်ပါသတဲ့လေ။
zawgyi version
ဆင္တို႔အေၾကာင္း စိတ္ဝင္စားစရာ အျဖာျဖာ
ဝတီ (NP News) - ဧၿပီ ၁၃
မိုမိုလို႔ လူေတြ ခ်စ္စႏိုးေခၚေလ့ရွိၾကတဲ့ ဆင္ႀကီးေတြမွာ စိတ္ဝင္စား စရာအခ်က္ေတြ ရွိေနပါတယ္။ တိရစာၦန္တိုင္းမွာ ထူးျခားခ်က္ေတြရွိတာေၾကာင့္ ဆင္ေတြမွာလည္း ထူးျခားခ်က္ေတြ ရွိေနတာေပါ့။ဒီေတာ့ သူတို႔အေၾကာင္း စိတ္ဝင္စားစရာေတြက ဘာေတြလဲဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။
ဆင္ဟာ ကမာၻေပၚမွာ အႀကီးမားဆုံး ကုန္းေနသတၱဝါ ျဖစ္ပါတယ္။
အာဖရိကဆင္ႀကီးေတြဟာ ကမာၻေပၚမွာ အႀကီးမားဆုံး ကုန္းေနႏို႔တိုက္သတၱဝါ ျဖစ္ပါတယ္။ အာဖရိကဆင္ထီးေတြဟာ အရပ္အျမင့္ ပ်မ္းမွ်အားျဖင့္ ၁ဝ ေပနီးပါး အထိရွိၿပီး ကိုယ္အေလးခ်ိန္က ၆ တန္ အထိရွိၾကပါသတဲ့။
အထီးေတြဟာ အသက္ ၃၅ ႏွစ္ကေန ၄ဝ ေလာက္ေရာက္မွ အျပည့္အဝဖြံ႕ၿဖိဳးႀကီးထြားၾကတာျဖစ္ပါတယ္။ ေတာ႐ိုင္းထဲမွာေနတဲ့ ဆင္ေတြရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း ၆ဝ ကေန ၇ဝ ၾကားဆိုေတာ့ အထီးေတြဟာသက္တမ္း တစ္ဝက္ေက်ာ္မွပဲ အျပည့္အ၀ ဖြံ႕ၿဖိဳးႀကီးထြားတဲ့သေဘာျဖစ္ေနပါေတာ့တယ္။ အ႐ြယ္ေရာက္ၿပီးသား ဆင္ေတြမွ မဟုတ္ဘဲဆင္ေပါက္ေလးေတြေတာင္ အေတာ္ ႀကီးတယ္ေလ။ ေမြးကင္းစဆင္ေပါက္ေလးဟာ ကိုယ္အေလးခ်ိန္ ၂၆၆ ေပါင္နီးပါး ရွိပါသတဲ့။
အာဖရိကဆင္နဲ႔ အာရွဆင္ကို ဒီလိုၾကည့္ၿပီး ခြဲျခားလို႔ရပါတယ္။
အာဖရိကဆင္နဲ႔ အာရွဆင္ဆိုၿပီး ႏွစ္မ်ိဳး ရွိတဲ့အထဲမွာ အာဖရိကဆင္ေတြရဲ႕နား႐ြက္ဟာ အာရွဆင္ေတြရဲ႕ နား႐ြက္ထက္ အမ်ားႀကီး ပိုႀကီးၿပီးအာဖရိကတိုက္ပုံစံမ်ိဳး ျဖစ္ေနပါသတဲ့။ အာရွဆင္ေတြရဲ႕ နား႐ြက္ကေတာ့ ေသးၿပီးအိႏၵိယေျမပုံ ပုံစံ ခပ္ဆန္ဆန္ျဖစ္ေနပါသတဲ့ေလ။ ဒါ့အျပင္ ႏွာေမာင္းကိုၾကည့္ၿပီးေတာ့လည္း အာဖရိကဆင္လား၊ အာရွဆင္လားဆိုတာ ခြဲျခားလို႔ရပါေသးတယ္။ အာဖရိကဆင္ေတြရဲ႕ ႏွာေမာင္းထိပ္ဖ်ားမွာ အတက္ကေလးႏွစ္တက္ပါေပမယ့္ အာရွဆင္ေတြရဲ႕ ႏွာ ေမာင္းထိပ္ဖ်ားမွာေတာ့ အတက္ကေလးတစ္ခုပဲ ပါတယ္ေလ။
သူတို႔ႏွာေမာင္းဟာ သူတို႔အတြက္ အင္မတန္ကိုမွ အသုံးဝင္ပါတယ္။
ဆင္ႏွာေမာင္းမွာ ႂကြက္သားယူနစ္ေပါင္း ၁၅ဝဝဝဝ ေလာက္ရွိပါတယ္။ ႏို႔တိုက္သတၱဝါေတြမွာ ေတြ႕ရသမွ် ကိုယ္ခႏၶာအစိတ္အပိုင္းေတြထဲမွာဆင္ႏွာေမာင္းက အထိလြယ္၊ အသိလြယ္ဆုံး အစိတ္အပိုင္း ျဖစ္မွာပါ။အာရွဆင္ေတြဟာ ေျမပဲေတာင့္ေလးကို ႏွာေမာင္းနဲ႔ ေကာက္ယူ၊ အခြံကိုမႈတ္ထုတ္ပစ္ၿပီး အထဲမွာ က်န္တဲ့ အဆံေလးကိုမွ ေ႐ြးၿပီး စားတတ္ပါသတဲ့။ ဆင္ေတြဟာ ႏွာေမာင္းတံနဲ႔ပဲ ေရကို စုပ္ယူပါတယ္။ အဲဒီႏွာေမာင္းထဲမွာ ေရေပါင္း ၈ လီတာအထိ စုပ္ယူႏိုင္ပါတယ္။ ဒါ့အျပင္ ဆင္ေတြ ေရကူးရင္လည္းႏွာေမာင္းေလးကို ေရေပၚေဖာ္ထားၿပီး အဲဒါေလးနဲ႔ အသက္ရႉပါတယ္။
ဆင္စြယ္ဆိုတာ အမွန္ေတာ့ ဆင္သြားပါပဲ။
ဆယ္စြယ္ဆိုတာ အမွန္ေတာ့ အင္မတန္ကိုမွ ႀကီးမားလွတဲ့ ေရွ႕သြားေတြပါပဲ။ ဆင္ေတြ အသက္ႏွစ္ႏွစ္ေလာက္ ေရာက္ရင္ အဲဒီသြားေတြ စထြက္လာပါတယ္။ အဲဒီအစြယ္ေတြက သူတို႔ဘဝတေလွ်ာက္လုံး ရွည္ၿပီးရင္း ဆက္ရွည္လာတာပါ။ သူတို႔ အစာရွာထြက္တဲ့အခါမွာ အစြယ္ႀကီးေတြက အင္မတန္မွ အသုံးဝင္ပါတယ္။ ဥပမာအားျဖင့္ ေျပာရရင္ သစ္ပင္က သစ္ေခါက္ေတြကို ခြာတဲ့ေနရာမွာ၊ သစ္ျမစ္ေတြကို တူးထုတ္တဲ့ေနရာမ်ိဳးေတြမွာေပါ့။ ဒါတင္မက တိုက္ခိုက္တဲ့ေနရာမွာလည္း အသုံးဝင္ပါေသးတယ္။ ဒါေပမဲ့ ဆင္ေတြခမ်ာ အဲဒီအစြယ္ေတြေၾကာင့္ပဲ အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနၾကရပါေတာ့တယ္။ ဆင္စြယ္နဲ႔လုပ္ထားတဲ့ ပစၥည္းပစၥယေတြဟာ သိပ္ကိုလွပတင့္တယ္တာေၾကာင့္ အစြယ္အတြက္အသတ္ခံရတဲ့ ဆင္ေပါင္း မေရမတြက္ႏိုင္ေတာ့ပါဘူး။
သူတို႔အေရျပားဟာ အေတာ္ထူပါတယ္။
ဆင္အေရျပားဟာ ေနရာအမ်ားစုမွာ အထူ ဝ ဒသမ ၉၈ လက္မ ရွိပါတယ္။ ဆင္အေရျပားဟာ အေခါက္ေတြ၊ အတြန႔္ေတြနဲ႔ ျဖစ္လို႔သူတို႔အေရျပားဟာ တျခား သတၱဝါေတြရဲ႕ သာမန္အေရျပားေတြထက္ေရကို ဆယ္ဆ ထိန္းထားႏိုင္ပါတယ္။ ေရဓာတ္ကို ထိန္းထားႏိုင္ေတာ့ဆင္ေတြလည္း အပူဒဏ္ကို ခံႏိုင္ရည္ရွိၿပီး ေအးျမပါတယ္။ ဆင္ေတြက သူတို႔အေရျပားကို သန႔္သန႔္ရွင္းရွင္း ထားပါတယ္။ ၿပီးေတာ့ ေနေလာင္ဒဏ္မခံရေအာင္ဆိုၿပီး ဖုန္ေတြ၊ ႐ႊံ႕ေတြထဲ လူးေလ့ရွိပါတယ္။
ဆင္ေတြဟာ အဆက္အျပတ္ စားေနတတ္ၾကပါတယ္။
ဆင္ေတြဟာ အႀကီးဆုံး ကုန္းေနသတၱဝါျဖစ္လို႔ အမ်ားႀကီးလည္း စားေပးရပါတယ္။ သူတို႔ဟာ တစ္ေန႔ကို အစာ ၁၅ဝ ကီလိုဂရမ္ စားေပးရတာေပါ့။ အဲဒီပမာဏဟာ ပဲဘူးေပါင္း ၃၇၅ ဘူးနဲ႔ ညီမွ်ပါတယ္။ ဒီေလာက္အထိ အမ်ားႀကီးစားေပးရေပမယ့္ စားလိုက္သမွ်ထဲမွာ ထက္ဝက္က မေၾကမညက္နဲ႔ပဲ ခႏၶာကိုယ္ထဲက ျပန္ထြက္သြားေလ့ရွိပါတယ္။ အစာလိုအပ္ခ်က္ ဒီေလာက္အထိမ်ားတဲ့အတြက္ သူတို႔ဟာ တစ္ေန႔လုံးနီးပါး အစာခ်ည္းပဲ စားေနလို႔ရပါတယ္။
သူတို႔က တစ္ေကာင္နဲ႔တစ္ေကာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆက္သြယ္ေျပာဆို
ၾကပါတယ္။
ဆင္ေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆက္သြယ္ေျပာဆိုၾကပါတယ္။ ႏွဲမႈတ္တဲ့ အသံလိုမ်ိဳးနဲ႔ ဆက္သြယ္ေျပာဆိုၾကသလိုကိုယ္ဟန္အမူအရာ၊ အထိအေတြ႕၊ အနံ႔နဲ႔လည္း ဆက္သြယ္ေျပာဆိုၾကပါတယ္။ ႏွဲမႈတ္တဲ့အသံလိုမ်ိဳးနဲ႔ ဆက္သြယ္ၾကတယ္ဆိုတဲ့ေနရာမွာ တခ်ိဳ႕အသံေတြကေတာ့လူသားေတြရဲ႕ နားအတြက္ တိုးလြန္းလို႔ မၾကားရပါဘူးတဲ့။ ဒါ့အျပင္ သူတို႔ဟာေျမျပင္ေပၚမွာ တုန္ခါမႈေတြ ျဖစ္သြားေအာင္ လုပ္ၿပီးေတာ့လည္း တစ္ေကာင္နဲ႔တစ္ေကာင္ ဆက္သြယ္ၾကပါေသးတယ္။ တစ္ေကာင္က လုပ္လိုက္တဲ့ တုန္ခါမႈကိုက်န္တဲ့အေကာင္ေတြက အ႐ိုးကေနတစ္ဆင့္ ခံစားသိရွိႏိုင္ပါသတဲ့ေလ။

ဆင်ပေါက်လေးတွေဟာ မွေးပြီးပြီးချင်း မိနစ် ၂ဝ အတွင်းမှာပဲ
မတ်တပ် ရပ်နိုင်ပါတယ်။
ဆင်ပေါက်လေးတွေဟာ မွေးပြီးပြီးချင်း မိနစ် ၂ဝ အတွင်းမှာပဲ မတ်တပ်ရပ်နိုင်ပြီး တစ်နာရီအတွင်းမှာပဲ လမ်းလျှောက်နိုင်ပါတယ်။ မွေးပြီးလို့နှစ်ရက်အကြာမှာပဲ သူတို့က ဆင်အုပ်ကြီးနဲ့ အတူလိုက်နိုင်ပါပြီ။မွေးကင်းစ ဆင်ပေါက်လေးက ဆင်အုပ်ကြီးနဲ့ အတူလိုက်နိုင်ပြီဆိုတော့ဆင်အုပ်ကြီးလည်း အစာရေစာ ရှာဖို့အတွက် ခရီးဆက်ထွက်နိုင်ပြီဆိုတဲ့သဘောပဲပေါ့။ မဟုတ်ရင် ဆင်အုပ်ကြီး အစာရေစာ ဘယ်အရှာထွက်နိုင်ပါတော့မလဲ။
ဆင်ဟာ ဘယ်တော့မှ မမေ့တတ်ပါဘူး။
မှတ်ညာဏ်နဲ့ဆက်စပ်တဲ့ ဦးနှောက်အစိတ်အပိုင်းချင်းယှဉ်ရင် ဆင်တွေက အဲဒီအစိတ်အပိုင်းမှာ လူသားတွေထက် ပိုများပြီး ပိုသိပ်သည်းပါသတဲ့။ ဒါကြောင့်လည်း ဆင်တွေက ဘယ်တော့မှ မမေ့တတ်ဘူးဆိုတဲ့စကား ပေါ်လာတာပါ။
ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ အာဖရိကဆင် ၉ဝ ရာခိုင်နှုန်းလောက်
ပျောက်ကွယ်သွားပါတယ်။
ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ အာဖရိကဆင် ၉ဝ ရာခိုင်နှုန်းလောက်ပျောက်ကွယ်သွားပြီး အများစုက အစွယ်ကြောင့် သတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာဆိုရင် အာဖရိက တောရိုင်းထဲမှာ ဆင်ပေါင်း ၄၁၅ဝဝဝ လောက်ပဲ ကျန်ပါတော့တယ်။ အာရှဆင်တွေဟာလည်း အလားတူ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရတာပါပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်လောက်အတွင်းမှာ အာရှဆင် အနည်းဆုံး ၅ဝ ရာခိုင်နှုန်း ပြုတ် ပြုတ်ပြုန်းသွားရပါတယ်။ ဒါကြောင့် အာရှတောရိုင်းသဘာဝထဲမှာ အာရှဆင်ပေါင်း ၄၅ဝဝဝ လောက်ပဲ ရှိပါတော့တယ်။ လူသားတွေ နယ်မြေချဲ့ ကျူးကျော်ဝင်ရောက်နေထိုင်လာတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ကျူးကျော်လုပ်ကိုင်လာတာတို့ကြောင့်ဆင်တွေ အစဉ်အဆက် နေထိုင်ကျက်စားလှည့်လည်သွားလာခဲ့တဲ့နေရာတွေ ပျောက်ဆုံးကုန်ပါတယ်။ ဒါကြောင့် ဆင်တွေဟာ ဟိုးအရင်ဘိုးဘွားဘီဘင်ခေတ်တုန်းကလို လှည့် လည်သွားလာပြီး အစာရေစာရှာဖွေလို့ မရသလောက် ဖြစ်လာပါတယ်။ ဒီလိုနဲ့ စားကျက်မြေ၊ နေထိုင်လှည့်လည်သွားလာစရာ မြေနေရာတွေ ပျောက်ကုန်ပြီး ဆင်တွေဟာရှင်သန်နေထိုင်ရေးအတွက် ပိုပိုပြီး အခက်တွေ့လာရပါတော့တယ်။ လူသားတွေက သူတို့နေရာတွေကို ကျူးကျော်ဝင်ရောက်လာတော့သူတို့ဟာ လူသားတွေနဲ့လည်း ခဏခဏ ထိပ်တိုက်တွေ့ပြီး ရန်မူခံနေရပါတော့တယ်။
zawgyi version
ဆင္ေပါက္ေလးေတြဟာ ေမြးၿပီးၿပီးခ်င္း မိနစ္ ၂ဝ အတြင္းမွာပဲ
မတ္တပ္ ရပ္ႏိုင္ပါတယ္။
ဆင္ေပါက္ေလးေတြဟာ ေမြးၿပီးၿပီးခ်င္း မိနစ္ ၂ဝ အတြင္းမွာပဲ မတ္တပ္ရပ္ႏိုင္ၿပီး တစ္နာရီအတြင္းမွာပဲ လမ္းေလွ်ာက္ႏိုင္ပါတယ္။ ေမြးၿပီးလို႔ႏွစ္ရက္အၾကာမွာပဲ သူတို႔က ဆင္အုပ္ႀကီးနဲ႔ အတူလိုက္ႏိုင္ပါၿပီ။ေမြးကင္းစ ဆင္ေပါက္ေလးက ဆင္အုပ္ႀကီးနဲ႔ အတူလိုက္ႏိုင္ၿပီဆိုေတာ့ဆင္အုပ္ႀကီးလည္း အစာေရစာ ရွာဖို႔အတြက္ ခရီးဆက္ထြက္ႏိုင္ၿပီဆိုတဲ့သေဘာပဲေပါ့။ မဟုတ္ရင္ ဆင္အုပ္ႀကီး အစာေရစာ ဘယ္အရွာထြက္ႏိုင္ပါေတာ့မလဲ။
ဆင္ဟာ ဘယ္ေတာ့မွ မေမ့တတ္ပါဘူး။
မွတ္ညာဏ္နဲ႔ဆက္စပ္တဲ့ ဦးေႏွာက္အစိတ္အပိုင္းခ်င္းယွဥ္ရင္ ဆင္ေတြက အဲဒီအစိတ္အပိုင္းမွာ လူသားေတြထက္ ပိုမ်ားၿပီး ပိုသိပ္သည္းပါသတဲ့။ ဒါေၾကာင့္လည္း ဆင္ေတြက ဘယ္ေတာ့မွ မေမ့တတ္ဘူးဆိုတဲ့စကား ေပၚလာတာပါ။
ၿပီးခဲ့တဲ့ ရာစုႏွစ္အတြင္းမွာ အာဖရိကဆင္ ၉ဝ ရာခိုင္ႏႈန္းေလာက္
ေပ်ာက္ကြယ္သြားပါတယ္။
ၿပီးခဲ့တဲ့ ရာစုႏွစ္အတြင္းမွာ အာဖရိကဆင္ ၉ဝ ရာခိုင္ႏႈန္းေလာက္ေပ်ာက္ကြယ္သြားၿပီး အမ်ားစုက အစြယ္ေၾကာင့္ သတ္ျဖတ္ခံခဲ့ၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ေခတ္မွာဆိုရင္ အာဖရိက ေတာ႐ိုင္းထဲမွာ ဆင္ေပါင္း ၄၁၅ဝဝဝ ေလာက္ပဲ က်န္ပါေတာ့တယ္။ အာရွဆင္ေတြဟာလည္း အလားတူ အႏၲရာယ္မ်ိဳးနဲ႔ ရင္ဆိုင္ေနရတာပါပဲ။ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၇၅ ႏွစ္ေလာက္အတြင္းမွာ အာရွဆင္ အနည္းဆုံး ၅ဝ ရာခိုင္ႏႈန္း ျပဳတ္ ျပဳတ္ျပဳန္းသြားရပါတယ္။ ဒါေၾကာင့္ အာရွေတာ႐ိုင္းသဘာဝထဲမွာ အာရွဆင္ေပါင္း ၄၅ဝဝဝ ေလာက္ပဲ ရွိပါေတာ့တယ္။ လူသားေတြ နယ္ေျမခ်ဲ႕ က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္လာတာ၊ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ တိုးခ်ဲ႕က်ဴးေက်ာ္လုပ္ကိုင္လာတာတို႔ေၾကာင့္ဆင္ေတြ အစဥ္အဆက္ ေနထိုင္က်က္စားလွည့္လည္သြားလာခဲ့တဲ့ေနရာေတြ ေပ်ာက္ဆုံးကုန္ပါတယ္။ ဒါေၾကာင့္ ဆင္ေတြဟာ ဟိုးအရင္ဘိုးဘြားဘီဘင္ေခတ္တုန္းကလို လွည့္ လည္သြားလာၿပီး အစာေရစာရွာေဖြလို႔ မရသေလာက္ ျဖစ္လာပါတယ္။ ဒီလိုနဲ႔ စားက်က္ေျမ၊ ေနထိုင္လွည့္လည္သြားလာစရာ ေျမေနရာေတြ ေပ်ာက္ကုန္ၿပီး ဆင္ေတြဟာရွင္သန္ေနထိုင္ေရးအတြက္ ပိုပိုၿပီး အခက္ေတြ႕လာရပါေတာ့တယ္။ လူသားေတြက သူတို႔ေနရာေတြကို က်ဴးေက်ာ္ဝင္ေရာက္လာေတာ့သူတို႔ဟာ လူသားေတြနဲ႔လည္း ခဏခဏ ထိပ္တိုက္ေတြ႕ၿပီး ရန္မူခံေနရပါေတာ့တယ္။