ဧဝရတ်တောင်ထိပ်ကို မကြာခဏတက်ရောက်နေတဲ့ တောင်တက်သမားတောင်ထိပ်မှာသေဆုံး

1511

ဂျန်ဇက် (NP News) - ဧပြီ ၁၆
ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ထိပ်ကို မကြာခဏ တက်ရောက်ခဲ့တဲ့ နီပေါတောင်တက်သမားဟာ ဧဝရက်တောင်ထိပ်မှာ သေ ဆုံးသွားခဲ့ကြောင်းသိရပါတယ်။
နီပေါတောင်တက်သမားသေဆုံးမှုဟာ ဒီတောင်တက်ရာသီမှာကမ္ဘာ့အ မြင့်ဆုံးတောင်ပေါ်မှာ ပထမဆုံသေဆုံးခဲ့တဲ့ လူသေဆုံးမှုလည်းဖြစ်ခဲ့ကြောင်း ဧဝရတ်တောင် လေ့လာရေး ခရီးစီစဉ်သူများကပြောပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိ Ngimi Tenji Sherpa ဟာ ဧဝရက်တောင်ရှိ "football field"အဖြစ်လူသိများတဲ့နေရာနားမှာသေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဧဝရတ်တောင် လေ့လာရေးခရီးစဉ်မှာပါဝင်တဲ့အမေရိကန်အခြေစိုက်လေ့လာရေးအဖွဲ့တစ်ဖွဲ့မှာပါဝင်သူ Pasang Tsering Sherpa က " နီပေါတောင်တက်သမားရဲ့ရုပ်အလောင်းကိုတောင်ပေါ်ကနေ တောင်အောက်ကို ပြန်လည်သယ်ဆောင်ခဲ့တယ်။ မတော်တဆဒဏ်ရာရမှုမျိုးနဲ့ သေဆုံးတာမျိုးမဟုတ်ပါဘူး၊မြင့်မားလွန်းတဲ့နေရာကို တက်ရောက်ရတဲ့အတွက် ပင်ပန်းလွန်းပြီးကျန်းမာရေးမကောင်းဖြစ်ကာ သေဆုံးခဲ့တာမျိုးဖြစ်တယ်။ သူ့ကိုကနဦးကျန်းမာရေး စစ်ဆေးကုသတာမျိုးတွေလုပ်ခဲ့ပါတယ်။" လို့ပြောပါတယ်။
ဧဝရတ်တောင်ဟာ ကမ္ဘာပေါ်ရှိတောင်များထဲမှာ လူသေဆုံးမှုတတိယအများဆုံးတောင်ဖြစ်ပြီးတောင်တက်သမားအများစုဟာ ကမ္ဘာမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ထိပ်ကို ရောက်ရှိအောင် ကြိုးပမ်းတက်ရောက်ခဲ့ပေမယ့်အချို့တောင်တက်သမားဟာတက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ တောင်တက်သမားအများစုဟာ အမြင့် ၈၈၄၈ မီတာရှိ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ လမ်းညွှန်တစ်ဦးအကူညီနဲ့တက်ရောက်လေ့ရှိကြောင်းသိရပါတယ်။

zawgyi version
ဧဝရတ္ေတာင္ထိပ္ကို မၾကာခဏတက္ေရာက္ေနတဲ့ ေတာင္တက္သမားေတာင္ထိပ္မွာေသဆုံး
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၆
ကမာၻ႔အျမင့္ဆုံးေတာင္ျဖစ္တဲ့ ဧဝရတ္ေတာင္ထိပ္ကို မၾကာခဏ တက္ေရာက္ခဲ့တဲ့ နီေပါေတာင္တက္သမားဟာ ဧဝရက္ေတာင္ထိပ္မွာ ေသ ဆုံးသြားခဲ့ေၾကာင္းသိရပါတယ္။
နီေပါေတာင္တက္သမားေသဆုံးမႈဟာ ဒီေတာင္တက္ရာသီမွာကမာၻ႔အ ျမင့္ဆုံးေတာင္ေပၚမွာ ပထမဆုံေသဆုံးခဲ့တဲ့ လူေသဆုံးမႈလည္းျဖစ္ခဲ့ေၾကာင္း ဧဝရတ္ေတာင္ ေလ့လာေရး ခရီးစီစဥ္သူမ်ားကေျပာပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္ရွိ Ngimi Tenji Sherpa ဟာ ဧဝရက္ေတာင္ရွိ "football field"အျဖစ္လူသိမ်ားတဲ့ေနရာနားမွာေသဆုံးသြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ဧဝရတ္ေတာင္ ေလ့လာေရးခရီးစဥ္မွာပါဝင္တဲ့အေမရိကန္အေျခစိုက္ေလ့လာေရးအဖြဲ႕တစ္ဖြဲ႕မွာပါဝင္သူ Pasang Tsering Sherpa က " နီေပါေတာင္တက္သမားရဲ႕႐ုပ္အေလာင္းကိုေတာင္ေပၚကေန ေတာင္ေအာက္ကို ျပန္လည္သယ္ေဆာင္ခဲ့တယ္။ မေတာ္တဆဒဏ္ရာရမႈမ်ိဳးနဲ႔ ေသဆုံးတာမ်ိဳးမဟုတ္ပါဘူး၊ျမင့္မားလြန္းတဲ့ေနရာကို တက္ေရာက္ရတဲ့အတြက္ ပင္ပန္းလြန္းၿပီးက်န္းမာေရးမေကာင္းျဖစ္ကာ ေသဆုံးခဲ့တာမ်ိဳးျဖစ္တယ္။ သူ႔ကိုကနဦးက်န္းမာေရး စစ္ေဆးကုသတာမ်ိဳးေတြလုပ္ခဲ့ပါတယ္။" လို႔ေျပာပါတယ္။
ဧဝရတ္ေတာင္ဟာ ကမာၻေပၚရွိေတာင္မ်ားထဲမွာ လူေသဆုံးမႈတတိယအမ်ားဆုံးေတာင္ျဖစ္ၿပီးေတာင္တက္သမားအမ်ားစုဟာ ကမာၻျမင့္ဆုံးေတာင္ျဖစ္တဲ့ ဧဝရတ္ေတာင္ထိပ္ကို ေရာက္ရွိေအာင္ ႀကိဳးပမ္းတက္ေရာက္ခဲ့ေပမယ့္အခ်ိဳ႕ေတာင္တက္သမားဟာတက္ေရာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ ေတာင္တက္သမားအမ်ားစုဟာ အျမင့္ ၈၈၄၈ မီတာရွိ ဧဝရတ္ေတာင္ထိပ္ကို တက္ေရာက္ႏိုင္ဖို႔ လမ္းၫႊန္တစ္ဦးအကူညီနဲ႔တက္ေရာက္ေလ့ရွိေၾကာင္းသိရပါတယ္။