ထိုင်းမှာ ဆိုရှယ်မီဒီယာပေါ်မှ တရားမဝင် သေနတ်ရောင်းတဲ့ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့ရာ လူ ၃၄ ဦး ဖမ်းဆီးခံရ

1200

ရောင်နီ (NP News) - ဧပြီ ၁၆
ထိုင်းနိုင်ငံမှာ အွန်လိုင်းမှ တရားမဝင် လက်နက်ရောင်းချနေတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့မှ စီးနင်းနှိမ်နင်းမှုအတွင်း သေနတ် ၅၈ လက်နဲ့ ကျည် ၆ဝဝဝ ကျော် သိမ်းဆည်းနိုင်ခဲ့ပြီး လူ ၃၄ ဦး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ထောက်ရဲချုပ်နဲ့ ရဲ ဆိုက်ဘာ Task Force အကြီးအကဲ Pol Gen Damrongsak Kittprapat က လက်နက်များ၊ သေနတ်အစိတ်အပိုင်းများနဲ့ ခဲယမ်းများ ရောင်းဝယ်ဖောက်ကားတဲ့ chat group "Guns for Love" အဖွဲ့ဝင်များကို ပစ်မှတ်ထား စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြောကြားပါတယ်။
စုံစမ်းစစ်ဆေးသူများဟာ အဖွဲ့အား စီမံခန့်ခွဲပြီး "Noom" ဟု လူသိများတဲ့ပုဂ္ဂိုလ်မှ လွှဲပြောင်းပေးမှုများ လုပ်ဆောင်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
Noom ဟာ ဝယ်သူများထံသို့ ပစ္စည်းပေးပို့ဖို့ ၎င်းရဲ့ဈေးသည်တွေကို ညွှန်ကြားပြီးနောက် ဝယ်ယူသူတွေဟာ သတ်မှတ်ထားတဲ့ ငွေပေးချေအကောင့်သို့ ငွေလွှဲရတာဖြစ်ပါတယ်။ ရှာဖွေဝရမ်းနဲ့ ဖမ်းဝရမ်းနှစ်ခုနဲ့ ရဲတပ်ဖွဲ့ဟာ ပြည်နယ် ၅၁ ခုရှိ ပစ်မှတ် ၇၇ ခုမှာ တရားမဝင် လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်သူများကို ပစ်မှတ် ထား စီးနင်းခဲ့ကြရာ ရောင်းချသူများအဖွဲ့ ဦးစီးမှူးဖြစ်တဲ့ Sathitkhun "Noom" Petchking အပါအဝင် လူ ၃၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုမှ ၉ မီလီမီတာ ပစ္စတို သေနတ်တစ်လက်၊ ကျည်ဆန်အမြောက်အမြား၊ မက်သာဖက်တမင်း ဆေးပြား ၂ဝ ပြား၊ crystal meth ပမာဏ အနည်းငယ်နှင့် ဆေးခြောက် ၃၆၂၇ ဂရမ်နဲ့ ဘဏ်စာအုပ် ၇ အုပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Mr Sathitkhun ဟာ "Guns for Love" အဖွဲ့ကို ထူထောင်ပြီး သေနတ်များ ရောင်းဝယ်ဖောက်ကားဖို့ အရောင်းအဝယ်တစ်ခုလျှင် ဘတ် ၁ဝဝဝ မှ ၂ဝဝဝ ကြား ပြုလုပ်ခဲ့ပါတယ်။ ငွေလွှဲလုပ်ငန်းအတွက် ဘဏ်စာရင်း ဖွင့်ထားတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ဆိုဖာဝါဒီကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူအားလုံးကို တရားမဝင် လက်နက်များ လက်ဝယ် ဖြန့်ဖြူးမှုဖြင့် ကနဦး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းမွာ ဆိုရွယ္မီဒီယာေပၚမွ တရားမဝင္ ေသနတ္ေရာင္းတဲ့ဂိုဏ္းကို ဝင္ေရာက္စီးနင္းခဲ့ရာ လူ ၃၄ ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဧၿပီ ၁၆
ထိုင္းႏိုင္ငံမွာ အြန္လိုင္းမွ တရားမဝင္ လက္နက္ေရာင္းခ်ေနတဲ့ဂိုဏ္းကို ရဲတပ္ဖြဲ႕မွ စီးနင္းႏွိမ္နင္းမႈအတြင္း ေသနတ္ ၅၈ လက္နဲ႔ က်ည္ ၆ဝဝဝ ေက်ာ္ သိမ္းဆည္းႏိုင္ခဲ့ၿပီး လူ ၃၄ ဦး ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
လက္ေထာက္ရဲခ်ဳပ္နဲ႔ ရဲ ဆိုက္ဘာ Task Force အႀကီးအကဲ Pol Gen Damrongsak Kittprapat က လက္နက္မ်ား၊ ေသနတ္အစိတ္အပိုင္းမ်ားနဲ႔ ခဲယမ္းမ်ား ေရာင္းဝယ္ေဖာက္ကားတဲ့ chat group "Guns for Love" အဖြဲ႕ဝင္မ်ားကို ပစ္မွတ္ထား စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္း ေျပာၾကားပါတယ္။
စုံစမ္းစစ္ေဆးသူမ်ားဟာ အဖြဲ႕အား စီမံခန႔္ခြဲၿပီး "Noom" ဟု လူသိမ်ားတဲ့ပုဂၢိဳလ္မွ လႊဲေျပာင္းေပးမႈမ်ား လုပ္ေဆာင္ခဲ့တာကို ေတြ႕ရွိခဲ့ပါတယ္။
Noom ဟာ ဝယ္သူမ်ားထံသို႔ ပစၥည္းေပးပို႔ဖို႔ ၎ရဲ႕ေဈးသည္ေတြကို ၫႊန္ၾကားၿပီးေနာက္ ဝယ္ယူသူေတြဟာ သတ္မွတ္ထားတဲ့ ေငြေပးေခ်အေကာင့္သို႔ ေငြလႊဲရတာျဖစ္ပါတယ္။ ရွာေဖြဝရမ္းနဲ႔ ဖမ္းဝရမ္းႏွစ္ခုနဲ႔ ရဲတပ္ဖြဲ႕ဟာ ျပည္နယ္ ၅၁ ခုရွိ ပစ္မွတ္ ၇၇ ခုမွာ တရားမဝင္ လက္နက္ ေရာင္းဝယ္မႈမွာ ပါဝင္ပတ္သက္သူမ်ားကို ပစ္မွတ္ ထား စီးနင္းခဲ့ၾကရာ ေရာင္းခ်သူမ်ားအဖြဲ႕ ဦးစီးမႉးျဖစ္တဲ့ Sathitkhun "Noom" Petchking အပါအဝင္ လူ ၃၄ ဦးကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
ထိုမွ ၉ မီလီမီတာ ပစၥတို ေသနတ္တစ္လက္၊ က်ည္ဆန္အေျမာက္အျမား၊ မက္သာဖက္တမင္း ေဆးျပား ၂ဝ ျပား၊ crystal meth ပမာဏ အနည္းငယ္ႏွင့္ ေဆးေျခာက္ ၃၆၂၇ ဂရမ္နဲ႔ ဘဏ္စာအုပ္ ၇ အုပ္တို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။
Mr Sathitkhun ဟာ "Guns for Love" အဖြဲ႕ကို ထူေထာင္ၿပီး ေသနတ္မ်ား ေရာင္းဝယ္ေဖာက္ကားဖို႔ အေရာင္းအဝယ္တစ္ခုလွ်င္ ဘတ္ ၁ဝဝဝ မွ ၂ဝဝဝ ၾကား ျပဳလုပ္ခဲ့ပါတယ္။ ေငြလႊဲလုပ္ငန္းအတြက္ ဘဏ္စာရင္း ဖြင့္ထားတဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ဆိုဖာဝါဒီကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
သံသယရွိသူအားလုံးကို တရားမဝင္ လက္နက္မ်ား လက္ဝယ္ ျဖန႔္ျဖဴးမႈျဖင့္ ကနဦး တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။