မကြာသေးခင်ကမှ မင်္ဂလာဆောင်ခဲ့တဲ့ မင်းသား ရန်ဘီးကပူးနဲ့ မင်းသမီး အလီယာဘတ်တို့ကို ဘယ်သူတွေကတန်ဖိုးအကြီးဆုံး လက်ဖွဲ့ပစ္စည်းတွေပေးခဲ့လဲ

 1178

ဝတီ (NP News) - ဧပြီ ၁၇
ဘောလီဝုဒ်ထိပ်တန်းမင်းသားချော ရန်ဘီးကပူး ( Ranbir Kapoor ) နဲ့ ဘောလီဝုဒ်ထိပ်တန်းမင်းသမီးချော အလီယာဘတ် ( Alia Bhatt ) က သူတို့မင်္ဂလာပွဲကြီးကို ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၄ ရက်မှာ ခြိမ့်ခြိမ့်သဲသဲဆင်နွှဲခဲ့ကြပါတယ်။ အလီယာဘတ်က သူ ရန်ဘီးကပူးကို ကြိတ်ခိုက်နေတာလို့ ဟိုးအစောကြီးကတည်းက ရုပ်သံအစီအစဉ်တစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် ၂ဝ၁၇ ခုနှစ်မှာ ရုပ်ရှင်ကားတစ်ကားလည်း အတူတွဲရိုက်ရရော တစ်ယောက်နဲ့တစ်ယောက် ကြိုက်သွားကြပြီး လူသိရှင်ကြားတွဲကြပါတော့တယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို သဘောတူ ကြတာပေါ့။ သူတို့ ဘယ်တော့ ယူကြမှာလဲလို့ ပရိသတ်တွေ မေးနေကြတာလည်း အကြိမ်ကြိမ်ပါပဲ။ အခုတော့ ပရိ သတ်တွေရဲ့ဆန္ဒလည်းပြည့်၊ ရန်ဘီးကပူးကို ငယ်ငယ်ကတည်းက ကြိတ်ခိုက်နေတဲ့ အလီယာဘတ်ရဲ့ ဆန္ဒလည်း ပြည့်သွားပါပြီ။ ဒီတော့ ဘောလီဝုဒ် ထိပ်တန်းနာမည်ကျော်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ အစုံအ လင် တက်ရောက်အားပေးခဲ့ကြတဲ့ သူတို့မင်္ဂလာဆောင်မှာနာမည်ကျော် သတို့သားနဲ့ သတို့သမီး ဘာလက်ဖွဲ့တွေရပြီး ဘယ်လက်ဖွဲ့တွေက တန်ဖိုးအကြီးဆုံးပါလဲ။ ရန်ဘီးကပူးနဲ့ အလီယာဘတ်ဟာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်လို့ ဇာတ်ကားရိုက်ရင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ ရတဲ့ မင်းသား၊ မင်းသမီးတွေလည်း အများကြီးပေါ့။ ဒီတော့ သူတို့ထုံးစံ အတိုင်း တွဲဖက်မင်းသား၊ မင်းသမီးတွေနဲ့ အကြိမ်ကြိမ် ငြိခဲ့ကြပါတယ်။ ရန်ဘီးကပူးကလည်း ချောပေ့လှပေ့ နာမည်ကြီးပေ့ဆိုတဲ့ ဘောလီဝုဒ်မင်းသမီးတွေနဲ့ ထည်လဲတွဲခဲ့သလို အလီယာဘတ်ကလည်း အလားတူပါပဲ။ ဒါပေမဲ့ ဒါတွေက သူတို့နှစ်ယောက် မတွဲခင်တုန်းကအထိပါပဲ။ အခုတော့ သူတို့လည်းမင်္ဂလာဆောင်လိုက်ရော သူတို့နှစ်ယောက်လုံးရဲ့ အ ဆက်ဟောင်းတွေလည်း မင်္ဂလာပွဲကို တက်ရောက်အားပေးကြတာပေါ့။ ဘောလီဝုဒ် အဆက်ဟောင်းတွေက သူတို့ကို တန်ဖိုးကြီးပေ့ ဆိုတာတွေ လက်ဖွဲ့ခဲ့ကြပါတယ်။ ဒါကြောင့် ရန်ဘီးကပူးနဲ့ အလီယာဘတ် ရခဲ့သမျှလက်ဖွဲ့တွေထဲက တန်ဖိုးအကြီးဆုံးလက်ဖွဲ့တွေထဲမှာ အဆက်ဟောင်းတွေပေးတဲ့ လက်ဖွဲ့တွေလည်း ပါတာပေါ့။ ဒီတော့ သူတို့ ရခဲ့တဲ့တန်ဖိုးအကြီးဆုံး လက်ဖွဲ့ပစ္စည်းတွေကို ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
မၾကာေသးခင္ကမွ မဂၤလာေဆာင္ခဲ့တဲ့ မင္းသား ရန္ဘီးကပူးနဲ႔ မင္းသမီး အလီယာဘတ္တို႔ကို ဘယ္သူေတြကတန္ဖိုးအႀကီးဆုံး လက္ဖြဲ႕ပစၥည္းေတြေပးခဲ့လဲ
ဝတီ (NP News) - ဧၿပီ ၁၇

ေဘာလီဝုဒ္ထိပ္တန္းမင္းသားေခ်ာ ရန္ဘီးကပူး ( Ranbir Kapoor ) နဲ႔ ေဘာလီဝုဒ္ထိပ္တန္းမင္းသမီးေခ်ာ အလီယာဘတ္ ( Alia Bhatt ) က သူတို႔မဂၤလာပြဲႀကီးကို ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁၄ ရက္မွာ ၿခိမ့္ၿခိမ့္သဲသဲဆင္ႏႊဲခဲ့ၾကပါတယ္။ အလီယာဘတ္က သူ ရန္ဘီးကပူးကို ႀကိတ္ခိုက္ေနတာလို႔ ဟိုးအေစာႀကီးကတည္းက ႐ုပ္သံအစီအစဥ္တစ္ခုမွာ ထုတ္ေျပာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ ၂ဝ၁၇ ခုႏွစ္မွာ ႐ုပ္ရွင္ကားတစ္ကားလည္း အတူတြဲ႐ိုက္ရေရာ တစ္ေယာက္နဲ႔တစ္ေယာက္ ႀကိဳက္သြားၾကၿပီး လူသိရွင္ၾကားတြဲၾကပါေတာ့တယ္။ ပရိသတ္ေတြကလည္း သူတို႔ႏွစ္ေယာက္ကို သေဘာတူ ၾကတာေပါ့။ သူတို႔ ဘယ္ေတာ့ ယူၾကမွာလဲလို႔ ပရိသတ္ေတြ ေမးေနၾကတာလည္း အႀကိမ္ႀကိမ္ပါပဲ။ အခုေတာ့ ပရိ သတ္ေတြရဲ႕ဆႏၵလည္းျပည့္၊ ရန္ဘီးကပူးကို ငယ္ငယ္ကတည္းက ႀကိတ္ခိုက္ေနတဲ့ အလီယာဘတ္ရဲ႕ ဆႏၵလည္း ျပည့္သြားပါၿပီ။ ဒီေတာ့ ေဘာလီဝုဒ္ ထိပ္တန္းနာမည္ေက်ာ္ေတြ၊ ေဆြမ်ိဳးမိတ္ေဆြေတြ အစုံအ လင္ တက္ေရာက္အားေပးခဲ့ၾကတဲ့ သူတို႔မဂၤလာေဆာင္မွာနာမည္ေက်ာ္ သတို႔သားနဲ႔ သတို႔သမီး ဘာလက္ဖြဲ႕ေတြရၿပီး ဘယ္လက္ဖြဲ႕ေတြက တန္ဖိုးအႀကီးဆုံးပါလဲ။ ရန္ဘီးကပူးနဲ႔ အလီယာဘတ္ဟာ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြျဖစ္လို႔ ဇာတ္ကား႐ိုက္ရင္းနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ ရတဲ့ မင္းသား၊ မင္းသမီးေတြလည္း အမ်ားႀကီးေပါ့။ ဒီေတာ့ သူတို႔ထုံးစံ အတိုင္း တြဲဖက္မင္းသား၊ မင္းသမီးေတြနဲ႔ အႀကိမ္ႀကိမ္ ၿငိခဲ့ၾကပါတယ္။ ရန္ဘီးကပူးကလည္း ေခ်ာေပ့လွေပ့ နာမည္ႀကီးေပ့ဆိုတဲ့ ေဘာလီဝုဒ္မင္းသမီးေတြနဲ႔ ထည္လဲတြဲခဲ့သလို အလီယာဘတ္ကလည္း အလားတူပါပဲ။ ဒါေပမဲ့ ဒါေတြက သူတို႔ႏွစ္ေယာက္ မတြဲခင္တုန္းကအထိပါပဲ။ အခုေတာ့ သူတို႔လည္းမဂၤလာေဆာင္လိုက္ေရာ သူတို႔ႏွစ္ေယာက္လုံးရဲ႕ အ ဆက္ေဟာင္းေတြလည္း မဂၤလာပြဲကို တက္ေရာက္အားေပးၾကတာေပါ့။ ေဘာလီဝုဒ္ အဆက္ေဟာင္းေတြက သူတို႔ကို တန္ဖိုးႀကီးေပ့ ဆိုတာေတြ လက္ဖြဲ႕ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ရန္ဘီးကပူးနဲ႔ အလီယာဘတ္ ရခဲ့သမွ်လက္ဖြဲ႕ေတြထဲက တန္ဖိုးအႀကီးဆုံးလက္ဖြဲ႕ေတြထဲမွာ အဆက္ေဟာင္းေတြေပးတဲ့ လက္ဖြဲ႕ေတြလည္း ပါတာေပါ့။ ဒီေတာ့ သူတို႔ ရခဲ့တဲ့တန္ဖိုးအႀကီးဆုံး လက္ဖြဲ႕ပစၥည္းေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

ဆစ်ဒ်ဟတ် မယ်လ်ဟိုထရာ ( Sidharth Malhotra )
ဘောလီးဝုဒ်ရုပ်ရှင်ပရိသတ်တွေကတော့ ဒီမင်းသားချောနဲ့ အလီယာဘတ်ကို တီဗီဖန်သားပြင်ထက်မှာ ခဏခဏ တွဲမြင်ဖူးကြမှာပါ။ ဟုတ်ပါတယ်။ ရုပ်ရှင်ရိုက်ရင်း ခဏခဏ တွေ့နေရတော့ သူတို့တွေ အနေနီးပြီး သမီးရည်းစား ဖြစ်သွားခဲ့ကြပါသေးတယ်။ အလီယာဘတ်ရဲ့မင်္ဂလာ ဆောင်မှာတော့ ဆစ်ဒ်ဟတ်မယ်လ်ဟိုထရာက ရည်းစားဟောင်း အလီယာဘတ်ကို ဗာဆာချီ ( Versasce ) အမှတ်တံဆိပ် လက်ကိုင်အိတ် အ ကောင်းစားတစ်လုံး လက်ဖွဲ့လိုက်ပါတယ်။ အဲဒီလက်ကိုင်အိတ်က တန်ဖိုးအားဖြင့် ဒေါ်လာ ၄ဝဝဝ နီးပါး ရှိပါတယ်။

zawgyi version
ဆစ္ဒ္ဟတ္ မယ္လ္ဟိုထရာ ( Sidharth Malhotra )
ေဘာလီးဝုဒ္႐ုပ္ရွင္ပရိသတ္ေတြကေတာ့ ဒီမင္းသားေခ်ာနဲ႔ အလီယာဘတ္ကို တီဗီဖန္သားျပင္ထက္မွာ ခဏခဏ တြဲျမင္ဖူးၾကမွာပါ။ ဟုတ္ပါတယ္။ ႐ုပ္ရွင္႐ိုက္ရင္း ခဏခဏ ေတြ႕ေနရေတာ့ သူတို႔ေတြ အေနနီးၿပီး သမီးရည္းစား ျဖစ္သြားခဲ့ၾကပါေသးတယ္။ အလီယာဘတ္ရဲ႕မဂၤလာ ေဆာင္မွာေတာ့ ဆစ္ဒ္ဟတ္မယ္လ္ဟိုထရာက ရည္းစားေဟာင္း အလီယာဘတ္ကို ဗာဆာခ်ီ ( Versasce ) အမွတ္တံဆိပ္ လက္ကိုင္အိတ္ အ ေကာင္းစားတစ္လုံး လက္ဖြဲ႕လိုက္ပါတယ္။ အဲဒီလက္ကိုင္အိတ္က တန္ဖိုးအားျဖင့္ ေဒၚလာ ၄ဝဝဝ နီးပါး ရွိပါတယ္။

ဒီပီကာ ပဒူကွန်း ( Deepika Padukone )
ကဲ.. ဒီတစ်ခါကတော့ ရန်ဘီးကပူးရဲ့ အဆက်ဟောင်း အလှည့်ပါ။ သူ့အ ဆက်ဟောင်း ဘောလီဝုဒ် မင်းသမီးချော ဒီပီကာ ပဒူကွန်းက သူတို့ဇနီး မောင်နှံကို ချိုပတ်ဒ် Chopard အမှတ်တံဆိပ် စုံတွဲနာရီ လက်ဖွဲ့ခဲ့ပြီး အဲဒီစုံတွဲနာရီဟာ တန်ဖိုးအားဖြင့် ဒေါ်လာ နှစ်သောင်းနီးပါး ရှိပါသတဲ့လေ။ ဒါကတော့ အချစ်ဟောင်းရဲ့ စေတနာတွေပေါ့။

zawgyi version
ဒီပီကာ ပဒူကြန္း ( Deepika Padukone )
ကဲ.. ဒီတစ္ခါကေတာ့ ရန္ဘီးကပူးရဲ႕ အဆက္ေဟာင္း အလွည့္ပါ။ သူ႔အ ဆက္ေဟာင္း ေဘာလီဝုဒ္ မင္းသမီးေခ်ာ ဒီပီကာ ပဒူကြန္းက သူတို႔ဇနီး ေမာင္ႏွံကို ခ်ိဳပတ္ဒ္ Chopard အမွတ္တံဆိပ္ စုံတြဲနာရီ လက္ဖြဲ႕ခဲ့ၿပီး အဲဒီစုံတြဲနာရီဟာ တန္ဖိုးအားျဖင့္ ေဒၚလာ ႏွစ္ေသာင္းနီးပါး ရွိပါသတဲ့ေလ။ ဒါကေတာ့ အခ်စ္ေဟာင္းရဲ႕ ေစတနာေတြေပါ့။

ကက်ထရီနာ ကိဖ် ( Katrina Kaif )
ကဲ.. သူ့အလှကို သတိမထားမိသူ မရှိလောက်အောင်ကို ထင်းခနဲ ၊ လင်းခနဲ လှပလွန်းတဲ့ ကက်ထရီနာ ကိဖ်ကလည်း အချစ်ဟောင်း ရန်ဘီးကပူး မင်္ဂလာဆောင်မှာ စပယ်ရှယ်လက်ဖွဲ့ခဲ့ပါတယ်။ သူက ရန်ဘီးကပူးရဲ့ သတို့သမီးလေးအတွက်ဆိုပြီး ပလက်တီနမ် လက်ကောက်လေး လက်ဖွဲ့ခဲ့တာပါ။ အဲဒီလက်ကောက်က တန်ဖိုးအားဖြင့် ဒေါ်လာ ၁၉ဝဝဝ လောက် ရှိပါတယ်။

zawgyi version
ကက္ထရီနာ ကိဖ္ ( Katrina Kaif )
ကဲ.. သူ႔အလွကို သတိမထားမိသူ မရွိေလာက္ေအာင္ကို ထင္းခနဲ ၊ လင္းခနဲ လွပလြန္းတဲ့ ကက္ထရီနာ ကိဖ္ကလည္း အခ်စ္ေဟာင္း ရန္ဘီးကပူး မဂၤလာေဆာင္မွာ စပယ္ရွယ္လက္ဖြဲ႕ခဲ့ပါတယ္။ သူက ရန္ဘီးကပူးရဲ႕ သတို႔သမီးေလးအတြက္ဆိုၿပီး ပလက္တီနမ္ လက္ေကာက္ေလး လက္ဖြဲ႕ခဲ့တာပါ။ အဲဒီလက္ေကာက္က တန္ဖိုးအားျဖင့္ ေဒၚလာ ၁၉ဝဝဝ ေလာက္ ရွိပါတယ္။

ပရီယန်ကာချို့ပရာ ( Priyanka Chopra )
သူဟာလည်း ရန်ဘီးကပူးနဲ့ ခဏတွဲလိုက်သေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သူကတော့ သတို့သမီးလေး အလီယာအတွက် စိန်ဆွဲကြိုး လက်ဖွဲ့ခဲ့ပါသတဲ့။ အဲဒီစိန်ဆွဲကြိုးက တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂ဝဝဝ လောက်ရှိပါတယ်။

zawgyi version
ပရီယန္ကာခ်ိဳ႕ပရာ ( Priyanka Chopra )
သူဟာလည္း ရန္ဘီးကပူးနဲ႔ ခဏတြဲလိုက္ေသးတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ သူကေတာ့ သတို႔သမီးေလး အလီယာအတြက္ စိန္ဆြဲႀကိဳး လက္ဖြဲ႕ခဲ့ပါသတဲ့။ အဲဒီစိန္ဆြဲႀကိဳးက တန္ဖိုးအားျဖင့္ ေဒၚလာ ၁၂ဝဝဝ ေလာက္ရွိပါတယ္။

ဗာရွန်ဒါဝန် ( Varun Dhawan )
သူဟာလည်း အလီယာဘတ်နဲ့ နာမည်ထွက်ခဲ့ဖူးပါတယ်။ ဒီမင်းသားက အလီယာဘတ်ကို ဂူချီ ( Gucci ) အမှတ်တံဆိပ် ဒေါက်မြင့်ဖိနပ်လှလှလေး လက်ဖွဲ့ခဲ့ပါသတဲ့လေ။ အဲဒီလက်ဖွဲ့ဟာ တန်ဖိုးအားဖြင့် ဒေါ်လာ
၅၃ဝဝ လောက် ရှိပါတယ်။

zawgyi version
ဗာ႐ြန္ဒါဝန္ ( Varun Dhawan )
သူဟာလည္း အလီယာဘတ္နဲ႔ နာမည္ထြက္ခဲ့ဖူးပါတယ္။ ဒီမင္းသားက အလီယာဘတ္ကို ဂူခ်ီ ( Gucci ) အမွတ္တံဆိပ္ ေဒါက္ျမင့္ဖိနပ္လွလွေလး လက္ဖြဲ႕ခဲ့ပါသတဲ့ေလ။ အဲဒီလက္ဖြဲ႕ဟာ တန္ဖိုးအားျဖင့္ ေဒၚလာ
၅၃ဝဝ ေလာက္ ရွိပါတယ္။

ရန်ဗီယာဆင်းဂ် Ranveer Singh
ဒီတစ်ခါတော့ ဘောလီဝုဒ်လောကသား မိတ်ဆွေအပေါင်းအသင်းတွေ ပေးတဲ့ လက်ဖွဲ့တွေအလှည့်ပါ။ မင်းသား ရန်ဗီယာဆင်းဂ်က ကာဝါစကီနင်ဂျာ အိတ်တူးအာ ( Kawasaki Ninja H2 R ) ဆိုတဲ့ အကောင်းတကာ့ အကောင်းစား မော်တော်ဆိုင်ကယ်ကို လက်ဖွဲ့ခဲ့ပါတယ်။ ဆိုင်ကယ် တန်ဖိုးကတော့ ဒေါ်လာတစ်သိန်းနှစ်သောင်းကျော် တန်ပါတယ်။

zawgyi version
ရန္ဗီယာဆင္းဂ္ Ranveer Singh
ဒီတစ္ခါေတာ့ ေဘာလီဝုဒ္ေလာကသား မိတ္ေဆြအေပါင္းအသင္းေတြ ေပးတဲ့ လက္ဖြဲ႕ေတြအလွည့္ပါ။ မင္းသား ရန္ဗီယာဆင္းဂ္က ကာဝါစကီနင္ဂ်ာ အိတ္တူးအာ ( Kawasaki Ninja H2 R ) ဆိုတဲ့ အေကာင္းတကာ့ အေကာင္းစား ေမာ္ေတာ္ဆိုင္ကယ္ကို လက္ဖြဲ႕ခဲ့ပါတယ္။ ဆိုင္ကယ္ တန္ဖိုးကေတာ့ ေဒၚလာတစ္သိန္းႏွစ္ေသာင္းေက်ာ္ တန္ပါတယ္။

အာယန်မူကာဂျီ ( Ayan Mukerji )
အာယန်မူကာဂျီက အသစ်စက်စက် ဇနီးမောင်နှံကို အော်ဒီကျူအိတ် ( Audi Q8 ) ဆိုတဲ့ ကားအကောင်းစား လက်ဖွဲ့ခဲ့ပါတယ်။ အဲဒီကားတန်ဖိုးကတော့ ဒေါ်လာ တစ်သိန်း ခုနစ်သောင်းနီးပါး ရှိပါသတဲ့။

zawgyi version
အာယန္မူကာဂ်ီ ( Ayan Mukerji )
အာယန္မူကာဂ်ီက အသစ္စက္စက္ ဇနီးေမာင္ႏွံကို ေအာ္ဒီက်ဴအိတ္ ( Audi Q8 ) ဆိုတဲ့ ကားအေကာင္းစား လက္ဖြဲ႕ခဲ့ပါတယ္။ အဲဒီကားတန္ဖိုးကေတာ့ ေဒၚလာ တစ္သိန္း ခုနစ္ေသာင္းနီးပါး ရွိပါသတဲ့။

ဆိုနီရက်ဇ်ဒန် ( Soni Razdan )
ကဲ.. ဒီတစ်ခါတော့ ဆွေတွေမျိုးတွေရဲ့ လက်ဖွဲ့အလှည့် လာပါမယ်။ ဆိုနီရက်ဇ်ဒန်ကတော့ သတို့သမီးလေး အလီယာဘတ်ရဲ့ မွေးသမိခင် ဖြစ်ပြီး သူက သားမက်ကလေးကို ဈေးကြီးပေ့ဆိုတဲ့ နာရီအကောင်းစား လက်ဖွဲ့ခဲ့ပါသတဲ့လေ။ အဲဒီနာရီက တန်ဖိုးအားဖြင့် ဒေါ်လာ သုံးသိန်းသုံးသောင်းနီးပါး ရှိပါသတဲ့။

zawgyi version
ဆိုနီရက္ဇ္ဒန္ ( Soni Razdan )
ကဲ.. ဒီတစ္ခါေတာ့ ေဆြေတြမ်ိဳးေတြရဲ႕ လက္ဖြဲ႕အလွည့္ လာပါမယ္။ ဆိုနီရက္ဇ္ဒန္ကေတာ့ သတို႔သမီးေလး အလီယာဘတ္ရဲ႕ ေမြးသမိခင္ ျဖစ္ၿပီး သူက သားမက္ကေလးကို ေဈးႀကီးေပ့ဆိုတဲ့ နာရီအေကာင္းစား လက္ဖြဲ႕ခဲ့ပါသတဲ့ေလ။ အဲဒီနာရီက တန္ဖိုးအားျဖင့္ ေဒၚလာ သုံးသိန္းသုံးေသာင္းနီးပါး ရွိပါသတဲ့။

နီတူကပူး ( Neetu Kapoor )
သတို့သား ရန်ဘီးကပူးရဲ့ အမေ၊ သတို့သမီး အလီယာဘတ်ရဲ့ ယောက္ခမကြီး နီတူကပူးက သားနဲ့ချွေးမအတွက် ကောင်းပေ့ဆိုတဲ့ စပယ်ရှယ် ကွန်ဒိုတစ်ခန်း လက်ဖွဲ့လိုက်ပါတယ်။ မွန်ဘိုင်းမှာရှိတဲ့ အဲဒီ ဇိမ်ခံကွန်ဒိုကြီးဟာ တန်ဖိုးအားဖြင့် ဒေါ်လာ သုံးဆယ့်လေးသိန်း ရှိပါသတဲ့လေ။

zawgyi version
နီတူကပူး ( Neetu Kapoor )
သတို႔သား ရန္ဘီးကပူးရဲ႕ အေမ၊ သတို႔သမီး အလီယာဘတ္ရဲ႕ ေယာကၡမႀကီး နီတူကပူးက သားနဲ႔ေခြၽးမအတြက္ ေကာင္းေပ့ဆိုတဲ့ စပယ္ရွယ္ ကြန္ဒိုတစ္ခန္း လက္ဖြဲ႕လိုက္ပါတယ္။ မြန္ဘိုင္းမွာရွိတဲ့ အဲဒီ ဇိမ္ခံကြန္ဒိုႀကီးဟာ တန္ဖိုးအားျဖင့္ ေဒၚလာ သုံးဆယ့္ေလးသိန္း ရွိပါသတဲ့ေလ။

Related news

© 2021. All rights reserved.