မြဝတီလမ်းပိုင်း လုံခြုံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်မည့်အစီအစဉ် ကြန့်ကြာနေ

 919

မျိုးကြီး (NP News) - ဧပြီ ၁၈
မြဝတီလမ်းပိုင်းတစ်လျှောက် လုံခြုံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်မည့်အစီအစဉ်များ ကြန့်ကြာနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို ပြောကြားသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မတ်လကုန်နှင့် ဧပြီလပထမပတ်တို့တွင် မြန်မာအလုပ်သမားများ ပြန်လည်စေလွှတ်ရန်အတွက် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အဓိကက လုံခြုံရေးအခြေအနေအရ ဒါကို တွက်ဆပြီးမှ လွှတ်ရမယ့်အနေအထားရှိပါတယ်။ အလုပ်ခေါ်စာစစ်တဲ့ အပိုင်းတွေလည်းပဲ တစ်ချို့ပြီးတဲ့အပိုင်းတွေ ပြီးနေပြီပေါ့နော်။ ကျွန်တော်တို့ ဝန်ကြီးဌာနရယ်၊ ထိုင်းဘက်က အေဂျင်စီရယ်၊ နောက်မြန်မာဘက်က အေဂျင်စီတွေရယ် ညှိနှိုင်းပြီးတော့ လုပ်တော့မှာပါ။ ဒါပေမယ့် ရက်တော့ အတိအကျပြောလို့မရသေးတာတော့ အဓိက မြဝတီလမ်းကြောင်းဘက်မှာ လုံခြုံရေးအခြေအနေအရ ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲလေ။ သွားတဲ့အခါကျရင် ကိုယ့်အလုပ်သမားတွေ ဟိုဘက်လည်းမသွားရ၊ ဒီဘက်လည်း ပြန်လာလို့မရနဲ့ ပိတ်မိနေမယ့် အနေအထားမျိုးကအစ တွက်ဆနေရတဲ့အတွက် ဒါလေးကို ချင့်ချိန်ပြီးဆောင်ရွက်နေပါတယ်”ဟု အလုပ်သမားဝန် ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြောသည်။

မြန်မာအလုပ်သမားများကို လုံခြုံရေးအရ ထိုင်းနိုင်ငံသို့ စေလွှတ်ရန်အ ခက်အခဲနေသော်လည်း မကြာခင် ဧပြီလကုန်နှင့် မေလတို့တွင် စေ လွှတ်နိုင်ရေး ကြိုးပမ်းနေကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ မြန်မာအလုပ်သမားခေါ်ယူမှုနှင့်ပတ် သက်၍ အလုပ်ခေါ်စာထောင်ချီရောက်ရှိနေပြီး စိစစ်မှုများပြုလုပ်နေကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကားများဖြတ်သန်းသွားလာခြင်းကို ယာယီရပ်ဆိုင်းထားရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြီးခဲ့သော ရက်ပိုင်းများအတွင်းက အသိပေးကြေညာခဲ့သည်။

ထိုသို့ KNU က အသိပေးကြေညာပြီးနောက် မြဝတီ အာရှလမ်းတို့တွင် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ ပစ်ခတ် မီးရှို့ခံခဲ့ရသည့် ဖြစ် စဉ်များရှိခဲ့သည်။

zawgyi version
ျမဝတီလမ္းပိုင္း လုံၿခဳံေရးအေျခအေနေၾကာင့္ ထိုင္းႏိုင္ငံသို႔ ျမန္မာလုပ္သားမ်ား ေစလႊတ္မည့္အစီအစဥ္ ၾကန႔္ၾကာေန
မ်ိဳးႀကီး (NP News) - ဧၿပီ ၁၈

ျမဝတီလမ္းပိုင္းတစ္ေလွ်ာက္ လုံၿခဳံေရးအေျခအေနေၾကာင့္ ထိုင္းႏိုင္ငံသို႔ ျမန္မာလုပ္သားမ်ား ေစလႊတ္မည့္အစီအစဥ္မ်ား ၾကန႔္ၾကာေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို ေျပာၾကားသည္။

ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ မတ္လကုန္ႏွင့္ ဧၿပီလပထမပတ္တို႔တြင္ ျမန္မာအလုပ္သမားမ်ား ျပန္လည္ေစလႊတ္ရန္အတြက္ စီစဥ္ခဲ့ျခင္းျဖစ္သည္။

“အဓိကက လုံၿခဳံေရးအေျခအေနအရ ဒါကို တြက္ဆၿပီးမွ လႊတ္ရမယ့္အေနအထားရွိပါတယ္။ အလုပ္ေခၚစာစစ္တဲ့ အပိုင္းေတြလည္းပဲ တစ္ခ်ိဳ႕ၿပီးတဲ့အပိုင္းေတြ ၿပီးေနၿပီေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနရယ္၊ ထိုင္းဘက္က ေအဂ်င္စီရယ္၊ ေနာက္ျမန္မာဘက္က ေအဂ်င္စီေတြရယ္ ညႇိႏႈိင္းၿပီးေတာ့ လုပ္ေတာ့မွာပါ။ ဒါေပမယ့္ ရက္ေတာ့ အတိအက်ေျပာလို႔မရေသးတာေတာ့ အဓိက ျမဝတီလမ္းေၾကာင္းဘက္မွာ လုံၿခဳံေရးအေျခအေနအရ ခင္ဗ်ားတို႔ ၾကားတဲ့အတိုင္းပဲေလ။ သြားတဲ့အခါက်ရင္ ကိုယ့္အလုပ္သမားေတြ ဟိုဘက္လည္းမသြားရ၊ ဒီဘက္လည္း ျပန္လာလို႔မရနဲ႔ ပိတ္မိေနမယ့္ အေနအထားမ်ိဳးကအစ တြက္ဆေနရတဲ့အတြက္ ဒါေလးကို ခ်င့္ခ်ိန္ၿပီးေဆာင္႐ြက္ေနပါတယ္”ဟု အလုပ္သမားဝန္ ႀကီးဌာန မွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ေျပာသည္။

ျမန္မာအလုပ္သမားမ်ားကို လုံၿခဳံေရးအရ ထိုင္းႏိုင္ငံသို႔ ေစလႊတ္ရန္အ ခက္အခဲေနေသာ္လည္း မၾကာခင္ ဧၿပီလကုန္ႏွင့္ ေမလတို႔တြင္ ေစ လႊတ္ႏိုင္ေရး ႀကိဳးပမ္းေနေၾကာင္းလည္း ၎ကဆိုသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံဘက္မွ ျမန္မာအလုပ္သမားေခၚယူမႈႏွင့္ပတ္ သက္၍ အလုပ္ေခၚစာေထာင္ခ်ီေရာက္ရွိေနၿပီး စိစစ္မႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ကားမ်ားျဖတ္သန္းသြားလာျခင္းကို ယာယီရပ္ဆိုင္းထားရန္အတြက္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)က ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းက အသိေပးေၾကညာခဲ့သည္။

ထိုသို႔ KNU က အသိေပးေၾကညာၿပီးေနာက္ ျမဝတီ အာရွလမ္းတို႔တြင္ ကုန္တင္ကားမ်ား၊ ခရီးသည္တင္ကားမ်ား ပစ္ခတ္ မီးရႈိ႕ခံခဲ့ရသည့္ ျဖစ္ စဥ္မ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.