သန်လျင်မြို့နယ်တွင် အသက် (၄၃)နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

 1138

NP News - ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် နေထိုင်သူ အသက် (၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ယနေ့ (ဧပြီလ ၁၈ ရက်) နံနက် ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်းတွင် နေထိုင်သော အသက်(၄၃)နှစ်အရွယ်ရှိ ဦးဇော်မင်းထွန်းနှင့် ဇနီးဖြစ်သူတို့သည် နေအိမ်ရှေ့တွင် ရပ်ထားသည့် Light Truck ယာဉ်ပေါ်၌ထိုင်နေစဉ် ဓမ္မရောင်ခြည်လမ်းအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးပေါ်မှ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဇော်မင်းထွန်းသည် ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လတ်တလောရရှိသည့် သတင်းများအရ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော ဦးဇော်မင်းထွန်းသည် အဲယားကွန်းပြုပြင်သည့် လုပ်ငန်းများကို လုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ ပစ်ခတ်သူနှစ်ဦးကို ဖမ်းဆီးရ မိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်၏ မန်နေဂျာဖြစ်သူ တစ်ဦးသည်လည်း ၎င်းဘဏ်ရှေ့တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

zawgyi version
သန္လ်င္ၿမိဳ႕နယ္တြင္ အသက္ (၄၃)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ဧၿပီ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္ ေနထိုင္သူ အသက္ (၄၃)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးသည္ ယေန႔ (ဧၿပီလ ၁၈ ရက္) နံနက္ ၉နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

သန္လ်င္ၿမိဳ႕နယ္၊ အမႈထမ္းရပ္ကြက္၊ ဓမၼေရာင္ျခည္လမ္းတြင္ ေနထိုင္ေသာ အသက္(၄၃)ႏွစ္အ႐ြယ္ရွိ ဦးေဇာ္မင္းထြန္းႏွင့္ ဇနီးျဖစ္သူတို႔သည္ ေနအိမ္ေရွ႕တြင္ ရပ္ထားသည့္ Light Truck ယာဥ္ေပၚ၌ထိုင္ေနစဥ္ ဓမၼေရာင္ျခည္လမ္းအတိုင္းေမာင္းႏွင္လာသည့္ ဆိုင္ကယ္ ၁ စီးေပၚမွ လူႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာ သည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးေဇာ္မင္းထြန္းသည္ ဦးေခါင္းႏွင့္ ဝမ္းဗိုက္တို႔တြင္ က်ည္ထိမွန္ခဲ့ၿပီး ေသဆုံးသြားေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

လတ္တေလာရရွိသည့္ သတင္းမ်ားအရ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့ေသာ ဦးေဇာ္မင္းထြန္းသည္ အဲယားကြန္းျပဳျပင္သည့္ လုပ္ငန္းမ်ားကို လုပ္ေဆာင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ကာ ပစ္ခတ္သူႏွစ္ဦးကို ဖမ္းဆီးရ မိေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔အတူ ယေန႔ နံနက္ပိုင္းကလည္း ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ ကမာၻ႔ရတနာဘဏ္၏ မန္ေနဂ်ာျဖစ္သူ တစ္ဦးသည္လည္း ၎ဘဏ္ေရွ႕တြင္ ပစ္ခတ္ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.