ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂) နှစ်ကျော်ရပ်ဆိုင်းခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

 941

ဖူးပြည့် (NP News) - ဧပြီ ၁၈
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂ဝ၂ဝ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ စတင်၍ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ဆိုင်းငံ့ထားခဲ့ရာ (၂) နှစ်ကျော်အချိန်ကာလသို့ ရောက်ရှိပြီဖြစ်သည်။

ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂) နှစ်ကျော်ကြာ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂ဝ၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal (1) တွင် ပြန်လည်ပြေးဆွဲပျံသန်းခဲ့ပြီ ဖြစ် ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထုတ်ပြန်ချက်အရသိရသည်။

လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲချိန်တွင် Singapore Airlines - SQ761 က ပထမဆုံးဆိုက်ရောက်လေကြောင်းခရီးစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုက်ရောက်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်ရာတွင် (၇၂) နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်၊ ကျန်းမာရေးဆိုင်ရာ ကြေငြာချက်အထောက်အထား စာရွက်စာတမ်း၊ Covid-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံ လက်မှတ်၊ ဆိုက်ရောက်ကဒ်၊ ကျန်းမာရေးအာမခံကတ်ပြား (နိုင်ငံခြားသားများအတွက်)တို့ကိုပါ တစ်ပါတည်း ယူဆောင်လာ ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရွက်စာတမ်း/ အထောက်အထားများကို မတင်ပြနိုင်သည့် ခရီးသွားများအနေဖြင့် ကယ်ဆယ်ရေး လေယာဉ် ခရီးစဉ်များဖြင့်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ချမှတ်ထားသော အသွားအလာ ကန့်သတ်ခြင်း ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့်လေယာဉ်ခရီးသည်များ သို့မဟုတ် သီးသန့်လေယာဉ်ခရီးစဉ်များဖြင့် လာရောက်သော နိုင်ငံ တော်အဆင့် ဧည့်သည်တော်များ သို့မဟုတ် နိုင်ငံခြားကိုယ်စား လှယ်တော်များအနေဖြင့် ဆိုက်ရောက်မည့် နေ့ရက်မတိုင်မီ အလုပ်လုပ်ရက်အနည်းဆုံး (၅) ရက်ကြိုတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ထံသို့ တင်ပြ၍ အထက်ပါ သတ်မှတ်ချက်များမှ ကင်း လွတ်ခွင့်တောင်းခံနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေး ၁ဝ မျိုးကို လက်ခံထားပြီး ခရီးသွားများ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက် ဆိုင်ရာလေဆိပ်ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူ ချိန်တိုင်းတာခြင်းနှင့်လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်သည်။ နိုင်ငံတကာခရီးသွားများအား မြန်မာနိုင်ငံတွင် ခရီးတစ်ထောက်နားခြင်းကို ခွင့်မပြုကြောင်း သိရသည်။

zawgyi version
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ (၂) ႏွစ္ေက်ာ္ရပ္ဆိုင္းခဲ့သည့္ ႏိုင္ငံတကာခရီးသည္တင္ ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲ
ဖူးျပည့္ (NP News) - ဧၿပီ ၁၈

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ၂ဝ၂ဝ ခုႏွစ္၊ မတ္လ (၂၉) ရက္ေန႔မွ စတင္၍ ႏိုင္ငံတကာခရီးသည္တင္ ေလေၾကာင္းခရီးစဥ္မ်ား ေျပးဆြဲမႈကို ဆိုင္းငံ့ထားခဲ့ရာ (၂) ႏွစ္ေက်ာ္အခ်ိန္ကာလသို႔ ေရာက္ရွိၿပီျဖစ္သည္။

ထို႔ေၾကာင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ (၂) ႏွစ္ေက်ာ္ၾကာ ဆိုင္းငံ့ထားခဲ့ေသာ ႏိုင္ငံတကာ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္မ်ားကို ၂ဝ၂၂ ခုႏွစ္၊ ဧၿပီလ(၁၇)ရက္ေန႔မွ စတင္၍ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ Terminal (1) တြင္ ျပန္လည္ေျပးဆြဲပ်ံသန္းခဲ့ၿပီ ျဖစ္ ေၾကာင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၏ ထုတ္ျပန္ခ်က္အရသိရသည္။

ေလေၾကာင္းခရီးစဥ္မ်ား စတင္ေျပးဆြဲခ်ိန္တြင္ Singapore Airlines - SQ761 က ပထမဆုံးဆိုက္ေရာက္ေလေၾကာင္းခရီးစဥ္ျဖစ္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္ ဆိုက္ေရာက္ခရီးသည္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္ရာတြင္ (၇၂) နာရီအတြင္း စစ္ေဆးထားေသာ COVID-19 ကင္းရွင္းေၾကာင္း PCR Test ေဆးစစ္ခ်က္၊ က်န္းမာေရးဆိုင္ရာ ေၾကျငာခ်က္အေထာက္အထား စာ႐ြက္စာတမ္း၊ Covid-19 ကာကြယ္ေဆးထိုးႏွံၿပီးေၾကာင္း သက္ေသခံ လက္မွတ္၊ ဆိုက္ေရာက္ကဒ္၊ က်န္းမာေရးအာမခံကတ္ျပား (ႏိုင္ငံျခားသားမ်ားအတြက္)တို႔ကိုပါ တစ္ပါတည္း ယူေဆာင္လာ ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စာ႐ြက္စာတမ္း/ အေထာက္အထားမ်ားကို မတင္ျပႏိုင္သည့္ ခရီးသြားမ်ားအေနျဖင့္ ကယ္ဆယ္ေရး ေလယာဥ္ ခရီးစဥ္မ်ားျဖင့္သာ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ႏိုင္မည္ျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ အျပည္ျပည္ဆိုင္ရာ ဝင္/ထြက္ဂိတ္မ်ားႏွင့္ နယ္စပ္ဝင္ထြက္ဂိတ္မ်ားမွ ဝင္ေရာက္လာမည့္ ခရီးသြားမ်ားအတြက္ ခ်မွတ္ထားေသာ အသြားအလာ ကန႔္သတ္ျခင္း ၫႊန္ၾကားခ်က္မ်ားအတိုင္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံေတာ္အဆင့္ေလယာဥ္ခရီးသည္မ်ား သို႔မဟုတ္ သီးသန႔္ေလယာဥ္ခရီးစဥ္မ်ားျဖင့္ လာေရာက္ေသာ ႏိုင္ငံ ေတာ္အဆင့္ ဧည့္သည္ေတာ္မ်ား သို႔မဟုတ္ ႏိုင္ငံျခားကိုယ္စား လွယ္ေတာ္မ်ားအေနျဖင့္ ဆိုက္ေရာက္မည့္ ေန႔ရက္မတိုင္မီ အလုပ္လုပ္ရက္အနည္းဆုံး (၅) ရက္ႀကိဳတင္၍ ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဗဟိုေကာ္မတီ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးဝန္ႀကီးဌာနတို႔ထံသို႔ တင္ျပ၍ အထက္ပါ သတ္မွတ္ခ်က္မ်ားမွ ကင္း လြတ္ခြင့္ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ COVID-19 ကာကြယ္ေဆး ၁ဝ မ်ိဳးကို လက္ခံထားၿပီး ခရီးသြားမ်ား ျမန္မာႏိုင္ငံသို႔ ဆိုက္ေရာက္ခ်ိန္တြင္ သက္ ဆိုင္ရာေလဆိပ္က်န္းမာေရးအရာရွိမ်ားက ေဆာင္႐ြက္ေသာ ကိုယ္အပူ ခ်ိန္တိုင္းတာျခင္းႏွင့္လိုအပ္ေသာ က်န္းမာေရးစစ္ေဆးျခင္းတို႔ကို ခံယူရမည္ျဖစ္သည္။ ႏိုင္ငံတကာခရီးသြားမ်ားအား ျမန္မာႏိုင္ငံတြင္ ခရီးတစ္ေထာက္နားျခင္းကို ခြင့္မျပဳေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.