ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိ

 1363

NP News - ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကာ ၄ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီလ ၁၈ ရက်၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁ဝ၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်း နှင့် ဝဇီရာလမ်း ထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်တစ်စီးဖြင့် လာသည့် လူ(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးတွင်နေထိုင်သူတစ်ဦးက NP News ကိုပြောကြားသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ရှေ့တွင် ဧည့် စာရင်းကိစ္စရပ်များဆောင်ရွက်နေသည့် ရာအိမ်မှူး ဖြစ်သူ အသက်(၆၁) နှစ်အရွယ်ရှိ ဦးစန်းလွင်သည် ဦးခေါင်းယာဖက်မှ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး၊ ရာအိမ်မှူး နှစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးတို့သည်လည်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

“သူတို့က အထဲမှာ အစည်းအဝေးပုံစံမျိုးထိုင်နေကြတာ။ အဲဒီလူက (သေဆုံးခဲ့သူ)ဗျာ စားပွဲပေါ်မှာ ထိုင်နေတာ။ ခုံပေါ်မှာ ထိုင်နေတာမဟုတ်ဘူး။ တစ်ယောက်တည်းချွန်ပြီး ထိုင်နေတာ။ လူ(၅)ယောက်ကို ပစ်သွားတာ။ သေသွားတဲ့လူက ပါးကနေပြီးတော့ နောက်စေ့ကို ပေါက် သွားတာ။ ကျွန်တော်တို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ မနည်းသယ်ရတယ်”ဟု ဒဂုံ မြို့သစ်တောင်ပိုင်းမြို့နယ်တွင် နေထိုင်သူ ကိုသီဟက NP News ကို ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေကြောင်း သိရသည်။

ထို့အတူ အဆိုပါ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်တွင် ဘဏ်မန်နေဂျာဖြစ်သူတစ်ဦးသည်လည်း ၎င်း ဘဏ်ရှေ့တွင်ပင် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး တစ္ဦးေသဆုံးခဲ့ကာ ၄ ဦးဒဏ္ရာရရွိ
NP News - ဧၿပီ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉး႐ုံး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး တစ္ဦးေသဆုံးခဲ့ကာ ၄ ဦးအထိ ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ ဧၿပီလ ၁၈ ရက္၊ ေန႔လည္ ၂ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ (၁ဝ၇)ရပ္ကြက္၊ ငုဝါၿမိဳင္လမ္း ႏွင့္ ဝဇီရာလမ္း ေထာင့္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဆိုင္ကယ္တစ္စီးျဖင့္ လာသည့္ လူ(၃)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အနီးတြင္ေနထိုင္သူတစ္ဦးက NP News ကိုေျပာၾကားသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၏ ေရွ႕တြင္ ဧည့္ စာရင္းကိစၥရပ္မ်ားေဆာင္႐ြက္ေနသည့္ ရာအိမ္မႉး ျဖစ္သူ အသက္(၆၁) ႏွစ္အ႐ြယ္ရွိ ဦးစန္းလြင္သည္ ဦးေခါင္းယာဖက္မွ ေဖာက္ဝင္ဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ထို႔ျပင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး တစ္ဦး၊ ရာအိမ္မႉး ႏွစ္ဦးႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးတို႔သည္လည္း ပစ္ခတ္ခံရမႈေၾကာင့္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။

“သူတို႔က အထဲမွာ အစည္းအေဝးပုံစံမ်ိဳးထိုင္ေနၾကတာ။ အဲဒီလူက (ေသဆုံးခဲ့သူ)ဗ်ာ စားပြဲေပၚမွာ ထိုင္ေနတာ။ ခုံေပၚမွာ ထိုင္ေနတာမဟုတ္ဘူး။ တစ္ေယာက္တည္းခြၽန္ၿပီး ထိုင္ေနတာ။ လူ(၅)ေယာက္ကို ပစ္သြားတာ။ ေသသြားတဲ့လူက ပါးကေနၿပီးေတာ့ ေနာက္ေစ့ကို ေပါက္ သြားတာ။ ကြၽန္ေတာ္တို႔လည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ မနည္းသယ္ရတယ္”ဟု ဒဂုံ ၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုသီဟက NP News ကို ေျပာၾကားသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေဆာင္႐ြက္မႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

ထို႔အတူ အဆိုပါ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ ကမာၻ႔ရတနာဘဏ္တြင္ ဘဏ္မန္ေနဂ်ာျဖစ္သူတစ္ဦးသည္လည္း ၎ ဘဏ္ေရွ႕တြင္ပင္ ယေန႔ နံနက္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသည္။

Related news

© 2021. All rights reserved.