နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ပြောဆိုချက်တွေကို ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူ ငြင်းဆန်ပယ်ချ

709

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စတီဖန်ဒူဂျာရစ်က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နျူကလီးယားစစ်ပွဲကိုရောက်ရှိလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းများကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။
ဒူဂျာရစ်က ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကနေ နျူကလီးယား စစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို စဉ်းစားထားခြင်းမရှိကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး ဓါတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်း၊ နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်ခြင်းများအတွက် ကုလသမဂ္ဂအနေနဲ့ ကြို တင်ပြင်ဆင်ထားခြင်းရှိ၊ မရှိဆိုတဲ့မေးခွန်းကိုဖြေဆိုရာမှာ စတီဖန်ဒူဂျာရစ်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
၄င်းက "ကျွန်တော့်အနေနဲ့ ယူကရိန်းစစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီးလုပ် ဆောင်နေတာတွေကို ပြောမှာမဟုတ်ဘူး၊ ဒါပေမယ့် ယူကရိန်းစစ်ရေးပဋိပက္ခက နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်ဆိုတာမျိုးကို မစဉ်းစားသင့်ဘူး၊ ယူကရိန်းစစ်ပွဲမှာ ဓါတုလက်နက်၊ ဒါမှမဟုတ် ဇီဝလက်နက်အ သုံးပြုတိုက်ခိုက်တာမျိုးတွေမဖြစ်သင့်ဘူး၊ ဒီလိုမျိုးအသုံးပြုလာမယ်ဆိုရင် နိုင်ငံတကာ ဥပေဒတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်"လို့ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနဲ့ဖြစ်နေတဲ့ စစ်ပွဲအတွင်းနျူက လီးယားလက်နက်များအသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ မကြာသေးမီက ပြုလုပ်တဲ့ စီအမ်အမ်သတင်းဌာနနဲ့အင်တာဗျူးအစီအစဉ်မှာထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဇီလန်စကီးက ရုရှားဟာ ယူကရိန်းနိုင်ငံကို နျူက လီးယားလက်နက်များအသုံးပြုတိုက်ခိုက်လာဖွယ်ရှိနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် သူ့ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သက်သေပြနိုင်တာမျိုးမရှိခဲ့ပါဘူး။ ရုရှားအစိုးရတာဝန်ရှိသူများကတော့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီး ငြင်းဆန်ပယ်ချ ထားကြောင်းသိရပါတယ်။

zawgyi version
န်ဴကလီးယားစစ္ပြဲျဖစ္လာႏိုင္တယ္ဆိုတဲ့ေျပာဆိုခ်က္ေတြကို ကုလသမဂၢအဖြဲ႕တာဝန္ရွိသူ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ စတီဖန္ဒူဂ်ာရစ္က ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး န်ဴကလီးယားစစ္ပြဲကိုေရာက္ရွိလာႏိုင္ဖြယ္ရွိတယ္ဆိုတဲ့သတင္းမ်ားကို ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။
ဒူဂ်ာရစ္က ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ေနတဲ့ စစ္ေရးပဋိပကၡကေန န်ဴကလီးယား စစ္ပြဲျဖစ္လာႏိုင္တယ္ဆိုတဲ့အခ်က္ကို စဥ္းစားထားျခင္းမရွိေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ယူကရိန္းစစ္ေရးပဋိပကၡနဲ႔ပတ္သက္ၿပီး ဓါတုလက္နက္အသုံးျပဳတိုက္ခိုက္ျခင္း၊ န်ဴကလီးယားလက္နက္အသုံးျပဳတိုက္ခိုက္ျခင္းမ်ားအတြက္ ကုလသမဂၢအေနနဲ႔ ႀကိဳ တင္ျပင္ဆင္ထားျခင္းရွိ၊ မရွိဆိုတဲ့ေမးခြန္းကိုေျဖဆိုရာမွာ စတီဖန္ဒူဂ်ာရစ္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
၄င္းက "ကြၽန္ေတာ့္အေနနဲ႔ ယူကရိန္းစစ္ေရးပဋိပကၡနဲ႔ ပတ္သက္ၿပီးလုပ္ ေဆာင္ေနတာေတြကို ေျပာမွာမဟုတ္ဘူး၊ ဒါေပမယ့္ ယူကရိန္းစစ္ေရးပဋိပကၡက န်ဴကလီးယားစစ္ပြဲျဖစ္လာႏိုင္တယ္ဆိုတာမ်ိဳးကို မစဥ္းစားသင့္ဘူး၊ ယူကရိန္းစစ္ပြဲမွာ ဓါတုလက္နက္၊ ဒါမွမဟုတ္ ဇီဝလက္နက္အ သုံးျပဳတိုက္ခိုက္တာမ်ိဳးေတြမျဖစ္သင့္ဘူး၊ ဒီလိုမ်ိဳးအသုံးျပဳလာမယ္ဆိုရင္ ႏိုင္ငံတကာ ဥေပဒေတြကို ခ်ိဳးေဖာက္လိုက္တာျဖစ္တယ္"လို႔ေျပာပါတယ္။
ယူကရိန္းသမၼတ ဇီလန္စကီးက ႐ုရွားနဲ႔ျဖစ္ေနတဲ့ စစ္ပြဲအတြင္းန်ဴက လီးယားလက္နက္မ်ားအသုံးျပဳလာႏိုင္ဖြယ္ရွိတယ္လို႔ မၾကာေသးမီက ျပဳလုပ္တဲ့ စီအမ္အမ္သတင္းဌာနနဲ႔အင္တာဗ်ဴးအစီအစဥ္မွာထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဇီလန္စကီးက ႐ုရွားဟာ ယူကရိန္းႏိုင္ငံကို န်ဴက လီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္လာဖြယ္ရွိေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ေပမယ့္ သူ႔ရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး သက္ေသျပႏိုင္တာမ်ိဳးမရွိခဲ့ပါဘူး။ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားကေတာ့ ယူကရိန္းသမၼတဇီလန္စကီးရဲ႕ေျပာဆိုခ်က္မ်ားနဲ႔ပတ္သက္ၿပီး ျငင္းဆန္ပယ္ခ် ထားေၾကာင္းသိရပါတယ္။